
အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်းဆောင် ပြည်ပကို ထွက်ပြေးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ မကြာသေးခင်က ဖြန့်ဝေထားပြီး ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
“ဖမ်းဝရမ်း အထုတ်ခံရ အပြီး
၂၄ နာရီ မကြာဘူး ပြေးပြီ
မင်းအောင်လှိုင် ရုရှား ပြေးပါပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက် စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်အရာရှိ ၂၀ ကျော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနား တရားရုံးက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ သတင်းတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။
ဒါပေမဲ့ ဒီဖမ်းဝရမ်းကြောင့် စစ်ခေါင်းဆောင်တယောက် ရုရှားကို ထွက်ပြေးသွားပြီဆိုတာကတော့ ချဲ့ကားရေးသားနေခြင်းဖြစ်ပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြဝတီ၊ ပြန်ကြားရေးဝန်ကြီးဌာနတွေမှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်ခေါင်းဆောင် ရွှေတိဂုံဘုရား ရွှေသင်္ကန်းကပ်တာကို လာကြည့်တယ်လို့ ဖော်ပြပါတယ်။
သုံးသပ်ချက်
အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်းဆောင် ပြည်ပကို ထွက်ပြေးသွားတယ်ဆိုတာ မဟုတ်ပါ ဘူး။ “Local Celegram”ဟာ အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြဝတီသတင်း၊ ပြန်ကြားရေးဌာနကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွှေတိဂုံဘုရားမှာ ဖေဖော်ဝါရီ ၁၅ ရက်က ရွှေသင်္ကန်းကပ်တယ်လို့ ဖော်ပြပါတယ်။
ပြောဆိုချက်- အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်းဆောင် ပြည်ပကို ထွက်ပြေး

Title:Fact Check: အာဂျင်တီးနားက ဖမ်းဝရမ်းထုတ်ပြီးနောက် စစ်ခေါင်းဆောင် ရုရှားကို ထွက်ပြေးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False