
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာနေပါတယ်။
ဒီအထဲမှာ ၂၀၂၀ မှာ NLD ကရွေးချယ်လိုက်တဲ့ ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်နဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။
“မေပန်းချီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်က အရွေးခံလိုက်ရတဲ့ စည်သူမောင်ဆိုတာ တစ်ချိန်တုန်းက အစိုးရကို မြေအောက် တော်လှန်ရေးလုပ်ခဲ့တဲ့ ဖောက်ခွဲဖျက်ဆီးရေးသမားတစ်ဦးဖြစ်ပါတယ်…အခု NLD အစိုးရက သူ့လိုလူမျိုးကို နိုင်ငံ တော်ရဲ့ အာဏာကြီး(၃)ရပ်ထဲမှာ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့ ရွေးချယ်လိုက်ပြီးဆိုတော့ နောင်တစ်ချိန်မှာ မြန်မာ နိုင်ငံ ဟာ တူရကီနိုင်ငံလိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်လဲ”စသည်ဖြင့်ရေးသား မျှဝေထားတာ တွေ့ရပြီး အခြားသူတစ်ဉီးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။ ဒီဓာတ်ပုံမှာ မဲဆောက်မှာ ဖောက်ခွဲရေး သင်တန်းတက်ခဲ့စဉ်ကလို့လည်း ရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်
ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင်ကို Fact Crescendo Myanmar က တယ်လီဖုန်းက တစ်ဆင့်ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောပါ တယ်။
“အဲဒီကိုပါကြီးနဲ့ပုံက ကျွန်တော်တို့ ၈ လေးလုံး ငွေရတုအခမ်းအနားမတိုင်ခင်လောက်က ၈ လေးလုံးငွေရတု ကော်မတီမှာ ဒီမိုကရေစီအရေးတော်ပုံငွေရတုအခမ်းအနားကျင်းပရေးကော်မတီမှာ ကျွန်တော်ကပါတယ်။ ပါတော့ ငွေရတုကော်မတီရဲ့ အခမ်းအနားရဲ့ ရည်မှန်းချက်ဖော်ဆောင်ရေးကော်မတီမှာ ကျွန်တော်ပါတော့ နယ်စပ်ဒေသတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ တရားဝင် ခရီးစဉ်ပါ။ တွေ့တဲ့အခါမှာ ၈၈ မျိုးဆက်တွေလည်းပါတော့ ကျွန်တော်က အဲဒီကော်မတီဝင်အနေနဲ့ လိုက်သွားတာပေါ့။ လိုက်သွားတော့ ထိုင်းနိုင်ငံ မဲဆောက်မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့အခါမှာ ကိုပါကြီးက ကျွန်တော်တို့ အဖွဲ့မှာပါလာတဲ့ ကော်မတီဝင်တွေနဲ့ ၈၈မျိုးဆက်တွေဖြစ်တဲ့အတွက် လာနှုတ်ဆက်ကြရင်းနဲ့ အမှတ်ရရိုက် ထားတာ။ ကိုပါကြီးဆိုတာက သုံးရောင်ချယ်ကျောင်းသား မျိုးဆက်လည်းဖြစ်တယ်။ ၈၈ အရေးတော်ပုံမှာလည်း ပါခဲ့တဲ့သူတစ်ယောက်ဆိုတော့ ရင်းရင်းနှီးနှီးနဲ့လာပြီးတော့ နှုတ်ဆက်စကား ပြောကြာတာ။ အဲဒီအချိန်တုန်း ကလည်း ကိုပါပြီးက အလွတ်တန်းသတင်းထောက်ပဲ။ သူတို့ပြောဆိုထားတာက ဖောက်ခွဲရေးတို့ သူပုန်တို့ အဲလိုမျိုးပြောထားတာ မဟုတ်ပါဘူး”လို့ ကိုစည်သူမောင် ပြောကြားခဲ့တာတွေ့ရပါတယ်။
ဓာတ်ပုံမှာပါတဲ့ အခြားတစ်ယောက်ဖြစ်တဲ့ အလွတ်တန်းသတင်းထောက် ဉီးအောင်ကျော်နိုင်(ခေါ်)ကိုပါကြီးဟာ ၂၀၁၄ ခုနှစ်အတွင်း တပ်မတော်ကဖမ်းဆီးခံထားစဉ်အတွင်းမှာ သေဆုံးခဲ့တယ်ရပြီးနောက် တပ်မတော်က လက်နက်ကိုင်အဖြစ်ဖော်ပြခဲ့အတွက် ဇနီးဖြစ်သူ စာနယ်ဇင်းကောင်စီကို အထောက်အထားပေးပို့ ကန့်ကွက်ခဲ့ တာလည်း တွေ့ရပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်အရ NLD ကရွေးချယ်လိုက်တဲ့ ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုစည်သူမောင် ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်စဉ်က ဓာတ်ပုံဆိုတဲ့အချက်အလက်ကို အချက်အလက် အမှားအဖြစ် သတ်မှတ်ပါတယ်။

Title:ပန်းဘဲတန်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဖောက်ခွဲရေးသင်တန်းတက်ခဲ့စဉ်က ဓာတ်ပုံလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: False