ာင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဖေ့စ်ဘွတ်မှာ ပြန်လည်မျှဝေထားတဲ့ ယူကျူ့ဗွီဒီယို ဖြန့်ဝေတဲ့နေရာကို ရယူထားခြင်းဖြစ်တယ်။ ယူကျူ့မှာ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၉ သောင်းနီးပါး ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“တောင်ငူ လေတပ် ကျသွားပြီ
လေတပ်တခုလုံး အလံဖြူထောင် လက်နက်ချ တောင်ငူလေတပ် ဝင်စီးခံရ၊ လေတပ်တခုလုံး ပြာကျ၊ အကျဆုံးများလို့ လေတပ်တခုလုံး လက်နက်ချ၊ အညံခံ”လို့ ဗွီဒီယို အစမှာပြသတဲ့ ရုပ်ကတ်မှာ ဖော်ပြထားသလို “(၂၃.၁.၂၀၂၆) တောင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေက အပြီးသိမ်းပြီ”လို့လည်း သတင်းခေါင်းစဉ်မှာ ရေးသားထားတယ်။

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။
တောင်ငူလေတပ်ကို AA၊KIAနဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ၂၀၂၅ ခုနှစ် ဇူလိုင်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ၏ တောင်ငူ ကေတုမတီ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်”၊ “ဥသျှစ်ပင်မြို့ ကပစ ၆ အနီးရှိ ကာကင်းစခန်းများကို AA နှင့် ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်”စတဲ့ သတင်းတွေနဲ့ လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ် တုတပ် ဗွီဒီယိုတွေ ပြန်လည် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ တောင်ငူလေတပ်ကို AA၊ KIAနဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်အရင်းအမြစ်တွေမှာ ဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။
ပြောဆိုချက်- တောင်ငူလေတပ်ကို AA၊ KIAနဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်ပြီ
Title:Fact Check: တောင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေ သိမ်းပိုက်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

