
ထိုင်းမှာ ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အခြားဘာသာတွေကို နေရာပေးမိတဲ့အတွက် ထိုင်းနိုင်ငံမှာ ဘုန်းကြီးတွေ အသတ်ခံလိုက်ရ တဲ့ အဖြစ်အပျက်ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။
သို့သော်လည်း မျှဝေထားတဲ့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဘုန်းကြီးတွေ အသတ်ခံရတဲ့ပုံ မဟုတ်ဘဲ တရုတ် တိဘက်ဒေသက ဘုန်းကြီးတွေ တရုတ်ရဲ့ အုပ်ချုပ်မှုကို ဆန္ဒဖော်ထုတ်နေပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအမြောက်အများကို အခြားဘာသာဝင်တွေက သတ်ဖြတ်မှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့ အချက်အလက် တစ်စုံတစ်ရာလည်း မတွေ့ရှိရပါဘူး။
“ဘာလုပ်သင့်လဲ စဉ်းစားကြပေါ့ နှလုံးသားမှာ ဘုရားတည်နေရင် ဘယ်ဘာသာဝင်ကမှ လာဖျက်ဆီးလို့မရဘူး။ ကျန်တဲ့ဘာသာတွေကိုလည်း နေရာပေးရမယ်လို့ NLD ပါတီဝန်းရံသူတွေက ပြောကြတယ်။ နှလုံးသားမှာ ဘုရား တည်နေပါလျှက်နဲ့ ဘာသာခြားတွေကို နေရာပေးမိလို့ အင်အားကြီးလာတဲ့ ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ ထိုင်းတောင်ပိုင်းက သံဃာတော်တွေကို ကြည့်လိုက်ပါ။ ထိုကိစ္စမှာ ထိုင်းအစိုးရက ဘာလုပ်ပေးနိုင်လဲ ဆိုတော့ ဘာမှလုပ်မပေးနိုင်ခဲ့ပါ။ ထိုင်းတောင်ပိုင်းက ပြည်နယ်နှစ်ခုကို ဘာသာခြားတွေရဲ့ ပြည်နယ်အဖြစ် သတ်မှတ်ပေးလိုက်ရတာပဲ အဖတ်တင်ပါတယ်။ ထိုင်းတောင်ပိုင်းကိုရောက်ရင် လေ့လာကြည့်လိုက်ပါ။ နွားခြံ ဆိတ်ခြံတွေအဖြစ် ပြောင်းလဲခံလိုက်ရတဲ့ ဗုဒ္ဓဘာသာ တရားရိပ်သာတွေ ဘုန်းကြီးကျောင်းတွေကို တွေ့ရပါ လိမ့်မယ်။”လို့ရေးသားပြီး “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Nay Thurain အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူရဲ့အကောင့်ကို လေ့လာကြည့်ရာမှာ သတင်းတုသတင်းမှားတွေ မကြာခဏတင်လေ့ရှိပြီး အာဏာ ရပါတီ NLD နဲ့ ဘာသာရေးတိုက်ခိုက်ရေးသားတဲ့ ပို့စ်တွေ မကြာခဏ တင်လေ့ရှိတာတွေ့ရပါတယ်။
Google မှာ ပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီပို့စ်ပါဓာတ်ပုံကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်က “တရုတ် အုပ်ချုပ်မှုအောက်က တိဘက်- အခက်ခဲဆုံးအချိန်တွေမှာ နိုင်ငံတကာရဲ့ နှုတ်၏ဆောင်မမှုလိုအပ်နေ”လို့ ဘာသာပြန်ဆိုနိုင်တဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။
ဆောင်းပါးဟာ တရုတ်အာဏာပိုင်တွေဟာ တိဘက်က ဆန္ဒပြသူတွေကို ဖိနှိပ်ဖမ်းဆီးနေပုံနဲ့ ဒီလိုလုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြမှုတွေရှိလာတဲ့အကြောင်းကို ခြယ်မှုန်းရေးသားထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
“တိဘက်မှာ တရုတ်အုပ်ချုပ်မှုကို ၂၀၁၁ ခုနှစ်က သံဃာ ၉ ပါး ဆန့်ကျင်ဆန္ဒပြနေပုံ”လို့ ဓာတ်ပုံစာသားမှာဖော်ပြထားပါတယ်။

မူရင်းလင့်ခ် – Choosethebetterstory | Archive link
ဝေါလ်စထရိသတင်းဌာနကလည်း ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။ အလားတူ အဓိက ကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ထိုင်းနိုင်ငံ သတင်းတွေကို ရှာဖွေကြည့် ရာမှာ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအမြောက်အများကို အခြားဘာသာဝင်တွေက သတ်ဖြတ်မှု သတင်းအချက်အလက် တစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။ သို့သော်လည်း ၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံတောင်ဘက်အစွန်ဆုံးပြည်နယ်တစ်ခုမှာ ဘုန်းကြီး နှစ်ပါးကို မလေးအစွန်းရောက်လို့ယူဆရတဲ့ အဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ သတင်းတစ်ခု တွေ့ရ ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ “Nay Thurain”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ အချက်အလက်ဟာ မှားယွင်းနေပြီး ထိုင်းနိုင်ငံက ဘုန်းကြီးတွေ အသတ်ခံရတဲ့ပုံအဖြစ်မျှဝေထားတဲ့ပုံဟာ တရုတ်နိုင်ငံ တိဘက် ဒေသမှ ဘုန်းကြီး ၉ ပါးက တရုတ်အစိုးရကို ဆန္ဒပြပုံဖြစ်ပါတယ်။

Title:ထိုင်းတောင်ပိုင်းက ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား
Fact Check By: Nayar MaungResult: False