
သွားတိုက်ဆေးဗူးရဲ့ အောက်ဘက်အနားသတ်မှာ လေးထောင့်ကွက်ကလေးက ဒီပစ္စည်းကို သဘာဝအတိုင်း ထုတ်လုပ်သလား၊ ဓာတုပစ္စည်းနဲ့ထုတ်လုပ်သလားဆိုတာပြောပြနိုင်တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
သွားတိုင်ဆေးဗူးရဲ့ အောက်ဖက်နားမှာ လေးထောင့်ကွက်ကလေးရဲ့ အရောင်က အစိမ်းရောင်ဆိုရင် သဘာ၀ ပစ္စည်းနဲ့ ထုတ်လုပ်တာဖြစ်ပြီး အပြာရောင်ဆိုရင် သဘာ၀နဲ့ ဆေးပါးရောရာ၊ အနီရောင်ဆိုရင် သဘာ၀နဲ့ ဓာတုဆေးရော၊ အနက်ရောင်ဆိုရင် ဓာတုဆေးဝါးသီးသန့်ပဲပါဝင်တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။
ဒီလိုရေးသားမျှဝေချက်ဟာ မှားယွင်းပြီး ဗူးခွံတွေရဲ့ အနားသတ်က လေထောင့်ကွက်ကလေးဟာ ပစ္စည်းထုတ်ပိုးမှုနဲ့ ပတ်သက်တဲ့ အမှတ်အသားဖြစ်ပြီး အတွင်းထဲက ပစ္စည်းက သဘာဝအတိုင်းထုတ်လုပ်သလား၊ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်သလားဆိုတာကို ဖော်ပြခြင်းမဟုတ် Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနာလည်းမှုလွဲမှာစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ မကြာခဏဆိုသလို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ အလားတူ ပို့စ်ပျံ့နှံ့နေတာတွေ့ရပြီး ဒီနေရာ၊ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့ စကားလုံးအသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ သွားတိုက်ဆေးဗူးအပါအဝင်အလှ ကုန်ပစ္စည်းအချို့မှာ အခုလို ဗူးခွံရဲ့ အနားသတ်မှာ အမှတ်ကလေးတွေရှိနေတာတွေ့ရပြီး ဒီအမှတ်အသားတွေဟာ အတွင်းမှာပါတဲ့ ပစ္စည်းတစ်ခုက ဓာတုဆေးလား၊ သဘာဝလားဆိုခွဲခြားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးမတွေ့ရှိတာ တွေ့ရပါတယ်။
ဗူးခွံတွေရဲ အောက်ခြေအနားသတ်အလည်လောက်မှာပါတတ်တဲ့ အမှတ်အသားလေးကို အင်္ဂလိပ်လို eye mark လို့ခေါ်တာတွေ့ရပြီး ပစ္စည်းထုတ်လုပ်ရာမှာ အရွယ်အစားတူဖြတ်တောက်ရန် စက်မှာပါတဲ့ အာရုံခံကိရိယာဖတ်ဖို့အတွက် အမှတ်အသားတစ်ခုသာဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Consolidatedlabel.com | Archive link
ဒီလို အမှတ်အသားကလေးရဲ့အရောင်ဟာ ဗူးခွံကအရောင်နဲ့ ကွဲကွဲပြားပြား သိသာထင်ရှားတဲ့ မည်သည့်အရောင်းမျိုးမဆိုဖြစ်နိုင်ပါတယ်။ ဒီလင့်ခ်မှာလည်းလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဗူးခွံတွေရဲ့ အနားသတ်က လေထောင့်ကွက်ကလေးဟာ ဗူးအတွင်းထဲက ပစ္စည်းက သဘာဝအတိုင်းထုတ်လုပ်သလား၊ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်သလားဆိုတာကို ဖော်ပြတယ်ဆိုတဲ့ အချက်ဟာ မှားယွင်းတာတွေ့ရပါတယ်။

Title:သွားတိုက်ဆေးဗူးရဲ့ အနားသတ်လေးထောင့်ကွက် အရောင်ဟာ သဘာဝလား၊ ဓာတုဆေးဝါးလားဖော်ပြတယ်ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: False