
ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ “ဂျပန်နိုင်ငံမှာ tsunami ၊ သူတို့အိမ်ကို ဆုတောင်းပေးကြပါ ။ ဘုရားရေ!! “လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “Tsunami in Japan, pray Them Home. OMG!!”ဆိုပြီး မူရင်းအင်္ဂလိပ်လိုရေးသားပြီး မျှဝေထားတဲ့ ဂျပန်နိုင်ငံက ဆူနာမီ Facebook live ဗွီဒီယိုကို ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။
“Debimlivinglifemoore”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက Facebook live ဗွီဒီယိုကို ထုတ်လွှင့်ခဲ့ရာမှာ “Moe Htet”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင္းစုံ(NEWS)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေ ထားပါတယ်။အလားတူပဲ “Aungsan Aungsan”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မျမန္မာ့ သတင္းစံု” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

“Debimlivinglifemoore” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၇ နာရီခွဲကျော်ကြာမြင့်တဲ့ Facebook live ဗွီဒီယိုအပြီးမှာ အောက်ပါ ဗွီဒီယိုကိုလေးကိုလည်းမျှဝေခဲ့တာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံး Google မှာ ဆူနာမီသတင်းနဲ့ပတ်သက်ပြီးရှာဖွေဖို့ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “japan tsunami warning”လို့ရိုက်ရှာရင် အောက်ပါအတိုင်းတွေ့ရပါတယ်။

ဂျပန်သတင်းဌာနတွေဖြစ်တဲ့ NHK၊ Japanese Times၊ အိန္ဒိယသတင်းဌာနဖြစ်တဲ့ Indian TV နဲ့ မလေးရှား သတင်းဌာနဖြစ်တဲ့ The Star Online တို့မှာ ဂျပန်မှာ ငလျင်ကြီးထပ်လှုပ်ပြီး အမြင့်ပေ ၃၀ ရှိတဲ့ ဆူနာမီ ရေလှိုင်းကြီးတွေ နောက်ထပ်ဖြစ်ပေါ်နိုင်တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေ ဆွေးနွေးကြတဲ့ အကြောင်းဖော်ပြထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သို့ပေမဲ့ ဂျပန်နိုင်ငံ အစိုးရ မိုးလေဝသဌာနက လောလောဆယ် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားတာ မျိုးမရှိပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဗွီဒီယိုက InVID ဆော့ဖ်ဝဲလ်အသုံးပြုပြီး ဗွီဒီယိုကို ပုံတွေအဖြစ်ပြောင်းလိုက်တဲ့အခါမှာ အောက်ပါပုံအတိုင်း ဗွီဒီယိုထဲက ပုံတစ်ချို့ရရှိပါတယ်။

ဒီပုံတွေကို Yandex မှာ ပုံတွေကို ရှာဖွေကြည့်ရမှာတော့ အောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၁၁ ခုနှစ်က တင်ထားတဲ့ ဒီဗွီဒီယိုကိုပဲ InVID မှာ ဗွီဒီယိုကနေ ဓာတ်ပုံကိုပြောင်းကြည့်ရာမှာ အောက်ပါ တိုင်းတွေ့ရပါတယ်။

ဒီဗွီဒီယိုနှစ်ခုကို ဓာတ်ပုံအဖြစ်ပြောင်းလဲခဲ့ရာမှာ အောက်ပါအတိုင်းတူညီတဲ့ ဓာတ်ပုံတွေကို တွေ့ရပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဂျပန်စံတော်ချိန် ၁၄ နာရီ ၄၆ မိနစ်မှာ ဂျပန်ကမ်းလွန် ပင်လယ်ပြင်မှာ ပြင်းအား ရစ်ချ်တာစကေး ၉.၀ ရှိတဲ့ ငလျင်ကြီးဖြစ်ပေါ်ပြီး ငလျင်ဖြစ်ပွားပြီးနောက် ဆူနာမီရေလှိုင်းကြီးတွေကြောင့် သေကျေပျက်ဆီးမှုဖြစ်ပေါ်ခဲ့တဲ့အကြောင်းရေးသားထားတဲ့ ဝီကီပက်ဒီယားက ရေးသားချက်ကို အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။
ဒီငလျင်ဖြစ်ပွားပြီး ဆူနာမီလိုခေါ်တဲ့ရေလှိုင်းကြီးတွေ ဂျပန်ကမ်းရိုးတမ်းကို ဝင်ရောက်ရိုက်ခတ်ခဲ့ပုံဖော်ပြထားတဲ့ CNN နဲ့ National Geographic သတင်းဌာနတွေက ၂၀၁၁ ခုနှစ်မှာ ထုတ်လွှင်ခဲ့တဲ့ ဗွီဒီယိုကို အောက်ပါလင့်ခ် တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ “Debimlivinglifemoore”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ထုတ်လွှင့်ခဲ့တဲ့ Facebook live ဗွီဒီယိုဟာ ၂၀၁၁ ခုနှစ်က ဂျပန်ကမ်းလွန်မှာ ငလျင်ကြီးဖြစ်ပွားပြီး ဆူနာမီရေလှိုင်းကြီးတွေ ဂျပန်ကမ်းခြေကို ဝင်ရောက်ရိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်က ဗွီဒီယိုဖြစ်ပြီး လက်ရှိ အဖြစ်အပျက်တစ်ခုမဟုတ်တာတွေ့ရပါတယ်။

Title:၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆူနာမီကို သူတို့အိမ်တွေအတွက် ဆုတောင်ပေးပါဉီးဆိုပြီး ထုတ်လွှင့်နေတဲ့ Facebook Live အကြောင်း
Fact Check By: Nayar MaungResult: Misleading