Fact Check: လက်အောက်ခံတပ်တွေ လက်နက်ချဖို့ စစ်ခေါင်းဆောင် ကြေညာပြီး NUG ကို အာဏာလွှဲပြောင်းဖို့စီစဉ်တဲ့ သတင်းတု

နိုင်ငံတဝန်းလုံးက တပ်တွေကို လက်နက်ချဖို့ စစ်ခေါင်းဆောင်က ကြေညာလိုက်ပြီး အာဏာလွှဲ ပြောင်းရေး အတွက် NUG တာဝန်ရှိသူတွေလည်း နေပြည်တော်ရောက်နေပြီလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “17.7.2024 ပြည်သူ့တော်လှန်ရေးကြီး အောင်ပြီဟေ့ အောင်ပြီ နိုင်ငံတဝန်းလုံးက စစ်ကောင်တပ်များကို  လက်နက်ချလိုက်ကြဖို့ မအလ ကြေငြာလိုက်ပြီ အာဏာလွှဲဖို့ NUG  တာဝန်ရှိသူတွေ နပတရောက်နေ”(မူလ အရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက်လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက် စစ်ခေါင်းဆောင်က လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုပို့စ်တခုဖြစ်တာတွေ့ရတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် ပါတယ်။  “ဦးသိန်းစိန် တစ်မိသားစုလုံး သေဆုံးလျက် တွေ့ရှိ တရုတ်နဲ့ပိုမိုနီးကပ်လာလို့ အာဏာလုမှာ ကြောက်ပြီး မအလက လုပ်ကြံတာဟု တပ်ထဲ တီးတိုးပြောဆိုနေကြ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပြီး လုပ်ကြံသတင်းမှားတွေလည်း ဖြန့်ချိပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်းကြီးနဲ့ ဝစီပိတ်ဘုန်းကြီး သေဆုံးမှု သတင်းတု

စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်ကြီးနဲ့ ဝစီပိတ်ဘုန်းကြီး တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခွေး ၁၈၀နဲ့ လုံခြုံရေး ပေးထားတဲ့ သီတဂူ  ဘုန်းကြီးကျောင်းကို ဗုံး ၁၆ လုံးကြဲ ဘုန်းကြီး ခြေတဖက် ပြန်သွားလို့ စစ်ရဟတ်ယာဉ်နဲ့ လာခေါ်သွား”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူစွာပဲ ဒီယူကျူ့ချန်နယ်က စစ်ခေါင်းဆောင်ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော်ကားကို လက်အောက်ခံ စစ်သားတွေက ပစ်ခတ်လို့ ဝစီပတ်ဘုန်ကြီးသေဆုံးခဲ့တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့ပါသေးတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက်  သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ […]

Continue Reading

Fact Check: မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ သတင်းတု

မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်တွေနဲ့  မအလရဲ့ စစ်ခွေးတွေကို  KIA က ရှယ်တီးလိုက်လို့  အလောင်းတွေ ဧရာဝတီမြစ်ထဲ ရာချီမျောကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို မျှဝေ ထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေ သို့မဟုတ် သတင်းတု ရေးသားဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတု

ကုလသမဂ္ဂရဲ့ကြားဝင်မှု၊ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အခြားသော ယူကျူ့ ဗွိဒီယိုတခုမှာတော့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က လွှတ်ပေးလိုက်ပြီလို့ဆိုထားတယ်။ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။   “မနက်ဖြန်မနက် UN တာဝန်ရှိသူတွေ လာမှာမို့  အမေစုကို ညတွင်းချင်း  လွှတ်ပေးလိုက်လို့ ကြိုနေကြပြီ အောင်ပွဲခံဖို့ မစောင့်နိုင်တော့ဘူးကွာ ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးဆိုတဲ့ သတင်းတု

အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ — အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  “အင်းစိန်ထောင်ကို မီးရှို့ပြီး  ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး တစ်မြို့လုံး အန္တရာယ်ဥဩဆွဲသံတွေ ကြားနေရ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုတဲ့သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။  အခြားသော ဗွီဒီယိုပါအကြောင်းအရာတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “BGF က […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရာထူးကနုတ်ထွက်ပြီး ရုရှားကို ပြေးသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လုံးဝထင်မထားတဲ့ သတင်းကြီးဟေ့  မအလ နှုတ်ထွက်ပြီတဲ့ကွ စစ်ဗိုလ်ချုပ် ၁၅၀ နီးပါး  ရုရှားနဲ့ တရုတ် ကို အသီးသီးပြေးကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်ရာမှာ […]

Continue Reading

Fact Check: နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးတဲ့ သတင်းတု

မတ် ၄ ရက်က နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးလို့ ရာနဲ့ချီသေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၄ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်အထိရှိထား တယ်။ “ခုည နေပြည်တော် ကောင်စီရုံးကို KNU နဲ့ AA ဝင်စီးနေပြီး အသေအပျောက် ရာနဲ့ချီ ရှိ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ တကယ်တော့ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ […]

Continue Reading

Fact Check: နေပြည်‌တော် ၆ လုံးတန်း အိမ်ရာ ဒုံးကျည်တွေနဲ့ အပစ်ခံရဆိုတဲ့ သတင်းတု

နေပြည်တော် စစ်ဗိုလ်ချုပ်တွေနေတဲ့ ၆ လုံးတန်း အိမ်ယာ ဒုံးကျည် ဆယ်ချီပစ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း၄ သိန်းကျော်ရရှိ ထားတယ်။ “နေပြည်တော် စစ်ဗိုလ်ချုပ်တွေနေတဲ့ ၆ လုံးတန်း အိမ်ယာ ဒုံးကျည် ဆယ်ချီပစ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ တကယ်တော့ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ နေပြည်တော်မှာ အရင် စစ်အာဏာရှင်ဟောင်းထိပ်တန်း ဗိုလ်ချုပ် ၆ […]

Continue Reading

Fact Check: ရန်ကုန် ကျောက်တန်းက အပန်းဖြေစခန်းကို မုံရွာနဲ့ ရွှေဘိုမှာရှိတဲ့ အပန်းဖြေစခန်းအဖြစ် မျှဝေနေ

“သူကြီးအိမ်”လို့ရေးသားထားတဲ့ ဆိုင်ဘုတ်တစ်ခုနှင့်အတူ ကျေးလက်ဒေသအလှဖော်မြင်ကွင်းဘန်ဂလိုများနဲ့ ဓာတ်ပုံတစ်ချို့ကို  မုံရွာမှာ မကြာခင်ဖွင့်လှစ်တော့မယ် သွားရောက်လည်ပတ်သင့်တဲ့ နေရာသစ် တစ်ခုဖြစ် ရေးသား မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထား တာတွေ့ရပါတယ်။ နေရာလေးကတော့ မုံရွာမြို့ကနေ မြစ်နောက်ဘက် ကနီ မြို့နယ် တွင်းမရွာနားမှာရှိပြီး မုံရွာကနေ တစ်နာရီခွဲ လောက်ပဲမောင်းရတယ်လို့လည်း ရေးသားထားပါတယ်။  သို့သော်လည်း ဒီပုံတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် စင်မကောရွာမှာ တည်ဆောက်ထားတဲ့ သူကြီးအိမ် အပန်းဖြေစခန်းက ပုံတွေဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မျှဝေထား တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာလည်း အများစုက ဒီဓာတ်ပုံတွေဟာ အမှန်တကယ် မုံရွာနားက နေရာတစ်ခုအဖြစ် ယုံကြည်နေကြတာတွေ့ရပါတယ်။   ဒီဓာတ်ပုံတွေကိုပဲ ဒီဇင်ဘာ […]

Continue Reading