Fact Check: ဗဟိုဘဏ်ပေါက်ကွဲမီးလောင်တဲ့ သတင်းတု

စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံ‌ဗဟိုဘဏ် ပေါက်ကွဲမီးလောင်မှုဆိုပြီး ဗွီဒီယိုတခု “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇွန် ၂၉ ရက်က ဖြန့်‌ဝေထားတဲ့ လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၄၀၀၀၀ ကျော်ရှိထားတယ်။ “ယနေ့ည ဗဟိုဘဏ် ပေါက်ကွဲမှုကြီး ကြည့်ကြပါအုံးဟာ။ မဖြစ်ပါစေနဲ့ဟာ ၂၄နာရီအတွင်း အပြင်လုံးဝ မထွက်ကြပါနဲ့” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာ တွေ့နိုင်တယ်။ Fact Crescendo Myanmar […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ဒရုန်းထိမှန်ပြီး  အသက်ရှင်ဖို့ ရာနှုန်းနည်းကြောင်း MRTV ကြေညာတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဒရုန်းထိမှန်ပြီး  အသက်ရှင်ဖို့ ရာနှုန်းနည်းကြောင်း MRTV ကြေညာသွားတယ်ဆိုပြီး ဗွီဒီယိုတခု “Local Celegram ”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်းအောင်လှိုင် ဒရုန်း နဲ့ ထိပြီ အသက်ရှင်ဖို့%နည်းဟု MRTV ကြေငြာပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာ တွေ့နိုင်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။    အခုလည်း […]

Continue Reading

Fact Check: စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတု

စစ်တပ်က ဖမ်းဆီးထားတဲ့ စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ဆိုတဲ့ ဗွီဒီယို ယူကျူချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အဖမ်း ခံထားရတဲ့ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံး သွားလို့ တစ်နိုင်ငံလုံး ဘောမတွေ ဆန္ဒပြနေကြပြီ”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌‌ဖော်ပြတာ၊ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေ ဖြန့်ဝေတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ အဖမ်းခံထားရတဲ့ စစ်တပ်လော်ဘီတဦးဖြစ်တဲ့ ဇော်ဘုန်းဟိန်းဟာ […]

Continue Reading

Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးတဲ့ သတင်းတု 

ယခုရက်ပိုင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီလို့ ဆိုထား ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု လက်ရှိစစ်ခေါင်းဆောင်က ကြေညာ လိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ နောက်ထပ်ဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု မင်းအောင်လှိုင် ကြေငြာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းတွေကို ခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် သားနဲ့သမီး အသတ်ခံရဆိုတဲ့ သတင်းတု

စစ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးဟာ ပစ်သတ်ခံရတယ်လို့ MRTVက အတည်ပြု ကြေငြာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က မေ ၂၀ ရက်မှာဖြန့်ဝေထားပြီး ပျံ့နှံ့မှုအား‌ကောင်းနေတဲ့  ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “မင်းအောင်လှိုင် သား နဲ့ သမီး ကို ပစ်သတ်  MRTV ကတောင် အတည်ပြု ကြေငြာပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ  လုပ်ကြံရေးသားပြောဆိုချက်တွေကို ဖြန့်ဝေတာ တွေ့ရပါတယ်။ ဒီလိုဖြန့်ဝေမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ဒီပဲယင်းလေကြောင်းတိုက်ခိုက်ခဲ့တဲ့ လေယာဉ်မှူးကို ဖမ်းဆီးပြီး ပစ်သတ် လိုက်တဲ့ သတင်းတု 

ဒီပဲယင်းမှာ အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုမှာ ကလေးအများ အပြား ထိခိုက်သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ လေယာဉ်မှူးကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးရမိပြီး ‌သေဒဏ်ပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ မေ ၁၅ ရက်ကစတင်ဖြန့်ဝေလာပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။  “ပြည်သူကို ဗုံးကြဲသတ်တဲ့ တရားခံကြီး ဇော်မင်းထင်‌ကျော် ကို အရှင်ဖမ်းပြီး ပြည်သူအားလုံးရှေ့မှာ ပစ်သတ်(ရုပ်/သံ)” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ရုရှား ရင်ပြင်နီကို ယူကရိန်းတိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူ သေဆုံးတဲ့ သတင်းတု 

ရုရှား ရင်ပြင်နီကို ယူကရိန်းတိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ရုရှားတို့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီကို အောင်မြင်မှု အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကို ဒီနှစ် မြန်မာစစ်ခေါင်းဆောင်လည်း တက်ရောက်ဖို့ ဖိတ်ကြားခံရပါတယ်။ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကတော့ အခမ်းအနားတက်ရောက်လာမယ့်သူတွေရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလို့ ကြေညာထားပြီး ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ရုရှားနိုင်ငံအပေါ် ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီလိုအခြေအနေမှာ မေ ၈ ရက်က “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီလို တိုက်ခိုက်ခံရလို့ စစ်ခေါင်းဆောင်သေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတွေ ဆက်တိုက်ဖြန့်‌လာတာဖြစ်တယ်။ ပို့စ်စခရင်ရှော့ ဓာတ်ပုံနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ […]

Continue Reading

Fact Check: ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်သေဆုံးဆိုတဲ့ သတင်းတု 

ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်ခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ ခေါင်း‌ဆောင်နှစ်ဦးရဲ့ အခြေအနေကိုလည်း လူထုက စိုးရိမ်နေချိန်ဖြစ်တယ်.  ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “၆ ရက်နေ့ တနိုင်ငံလုံးကပြည်သူတွေ ငိုရတဲ့နေ့ဗျို့ ငလျင်ကြောင့် အမေစုနဲ့သမ္မတ အသက်ပေးရပြီ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local […]

Continue Reading

Fact Check: လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ထံ အလင်းဝင်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး သတင်းဟောင်းတပုဒ်ကို ချဲ့ကားရေးသားထားခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပါယူပြီး လေတပ်အရာရှိ(၅)ဦး ထွက်ပြေးပြီး NUGထံ အလင်းဝင် မင်းအောင်လှိုင် ကို ပြန်သတ်မည်ဟုပြော” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒီရက်ပိုင်းထဲမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံလေတပ်က အရာရှိတွေ NUG ဆီကို ထွက်ပြေးခိုလှုံလာ တယ်ဆိုတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို […]

Continue Reading

Fact Check: ရန်ကုန်မြို့ ဝင်စီးခံရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ဝင်စီးခံလိုက်ရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီလို့ဆိုလိုထားတဲ့ ဗွီဒီယို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နှုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီမှာလည်း တွေ့ရတယ်။ ဆူးလေဘုရားလမ်းမှာ မီးလောင်‌ပေါက်ကွဲမှုကြီးတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားထားပါတယ်။ “ရန်ကုန် မြို့လယ်မှာ သေကုန်ပြီ လုံးဝ အပြင်မထွက်ကြပါနဲ့ ရန်ကုန်မြို့ ဝင်စီး ခံလိုက်ရပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီအကြောင်းကို  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖြစ်စေ၊ တခြားယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading