Fact Check: ခရစ္စမတ်ကျင်းပနေတုန်း NUG သမ္မတ အဖမ်းခံရတဲ့ သတင်းတု

ခရစ္စမတ်ပွဲကျင်းပနေတုန်း NUG သမ္မတ ဒူးဝါးလရှီလ အဖမ်းခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုယူကျူ့ချန်နယ် တခုက ဖြန့်ဝေနေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၅ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ “25/12/2024 Christmas ပွဲကျင်းပနေတုန်း NUGယာယီသမ္မတကြီးအဖမ်းခံရ အရေးပေါ်ဖဖြန့်ပေးကြပါဗျို့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။(ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။) အခုလည်း ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ရုရှားကို ထွက်‌ပြေးပြီဆိုတဲ့ သတင်းတု

ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “၁၃ရက်နေ့ စစ်အရာရှိတွေပြေးကုန်ပြီ (၇၂)နာရီအတွင်း တပ်ချုပ်ကိုဖမ်းရန် ကုလထုတ်တဲ့အမိန့်ကြောင့် မအလ ရရှားတန်းပြေးပြီး/မဲလုံးအတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုထားပေမဲ့ ဒီအကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: ကျောက်ဖြူတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က စစ်ကူပေးလာတဲ့ တရုတ်စစ်တပ်မှ စစ်သား ၆၀ နီးပါးကျဆုံးတဲ့ သတင်းတု

ကျောက်ဖြူတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က စစ်ကူပေးလာတဲ့ တရုတ်စစ်တပ်မှ စစ်သား ၆၀ နီးပါးကျဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၆၀၀၀၀ကျော်ရှိထားတယ်။  “ကျောက်ဖြူတိုက်ပွဲတွင် တရုတ်စစ်တပ်(၆၀)နီးပါး ကျဆုံး အကြမ်းဖက်စစ်တပ်ကို စစ်ကူလာတဲ့ တရုတ်စစ်တပ် ကျောက်ဖြူတိုက်ပွဲတွင်း (၆၀) နီးပါး ကျဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ နိုဝင်ဘာ ၂၄ ရက်မှာ ‌ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့ […]

Continue Reading

Fact Check: MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလို့ လားရှိုးက တရုတ်ရာနဲ့ချီကို MNDAA ကဖမ်းဆီးဆိုတဲ့ သတင်းမှား

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပြီး နောက် လားရှိုးမြို့က တရုတ်နိုင်ငံသား ရာနဲ့ချီကိုလည်း MNDAA က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်အထိ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “MNDAA ချက်ချင်းကလဲ့စား‌ ချေလိုက်ပြီ ကိုးကန့်ခေါင်းဆောင် အဖမ်းခံရပြီးနောက် လာရှို့မြို့ပေါ်ရှိ တရုတ်နိုင်ငံသား ရာနဲ့ချီ MNDAA ဖမ်းဆီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ […]

Continue Reading

Fact Check: စစ်တိုက်လေယာဉ် ၂ စီးတိုက်မိလို့ ၃၆ ဦးသေဆုံးဆိုတဲ့ သတင်းတု

စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု  ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပျက်ကျ(၃၆)ဦးသေဆုံး စစ်တိုက်လေယာဉ်(၂)စီး အချင်းချင်း တိုက်မိလို့ ၂ စီးလုံး ပျက်ကျပြီး ၃၆ ဦးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုအကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ […]

Continue Reading

Fact Check: QUAD က မြန်မာကို စစ်ရေးအရ အရေးယူမယ့် သတင်းတု

မြန်မာအရေးမှာ စစ်ရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အတွက် QUAD အဖွဲ့က ပြောဆိုတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျု့ချန်နယ်တွေမှာ ယခုရက်ပိုင်း ဖြန့်ဝေနေတာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သို့မဟုတ် ချဲ့ကားရေးသားပြောဆိုချက်တွေသာဖြစ်တယ်။ Also read – Fact Check: Quad နဲ့ မြန်မာကမ်းစောင့်တပ် ပင်လယ်ပြင်တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်ပါ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ပြောဆိုမှုတွေကို အခြားသော ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Khit Thit Media”နဲ့ “ Share Local Media”တို့ကလည်း ဖြန့်ဝေထားပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ “မြန်မာအရေး စစ်မိန့်ပေးပြီ မြန်မာစစ်ကောင်စီပြုတ်ကျရေး စစ်ရေးနဲ့ဖြေရှင်းမည်ဟု  QUAD-၄ […]

Continue Reading

Fact Check: မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီ သေဆုံးဆိုတဲ့ သတင်းတု

မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မန္တလေးမြို့ မီးတောက်ပြီ နာရီဝက်အတွင်း စကစတပ်တွေ ရာနဲ့ချီ ကျဆုံး မန္တလေးမြို့တွင်း KIA,PDFတပ်မှ ဝင်စီး၊စစ်ခွေး ရာနဲ့ချီ ကျဆုံး၊ ပြည်သူတွေ အကုန်ထွက်ပြေးတိမ်းရှောင်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Share Local Media”ဟာ အခုလိုပဲ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုပစ်သတ်ခံရမှုသတင်းတု

အဏာသိမ်းစစ်‌ခေါင်းဆောင် မိသားစုဝင် ၃ ဦးပစ်သတ်ခံရတယ်လို့ဆိုပြီး ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင် မိသားစု(၃)ဦးပစ်သတ်ခံရ အခုပဲ ရန်ကုန်ခေတ်သစ်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက်  “Share Local Media” ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ဒီလို ဖြန့်ချိရာမှာ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက် တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာ တွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ […]

Continue Reading

Fact Check: နေပြည်တော်က တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်မှု သတင်းခေါင်းစဉ်တု

နေပြည်တော်က တပ်ရင်းလိုက်ညတွင်းချင်းထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွားခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီသတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက အတည်ပြုကြေညာတယ်လို့လည်း ဆိုထားပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေပြည်တော် အထိုင်တပ်မ၊တပ်ရင်းတစ်ခုလုံး ညက မိသားစုလိုက်တပြိုင်နက်ထွက်ပြေးကုန်ပြီဟေ့ အခုပဲ ရန်ကုန်ခေတ်သစ် အတည်ပြုကြေညာလိုက်ပြီ” အလားတူစွာ နေပြည်တော်က အရာရှိဒါဇင်များစွာ မိသားစုလိုက်ထွက်ပြေးမှုဆိုပြီး ဒီယူကျု့ချန်နယ်ကပဲ ဖြန့်ဝေထားတာကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ […]

Continue Reading

Fact Check: ပဲခူးက စစ်တပ်ထောက်ခံပွဲ ဗုံး ၅လုံးပေါက်ပြီး အများအပြား သေဆုံးမှု သတင်းခေါင်းစဉ်တု

ပဲခူးက စစ်တပ်ထောက်ခံပွဲ ဗုံး ၅ လုံးပေါက်လို့ အများပြားသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုဟာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပဲခူးမှာ တပ်ထောက်ခံပွဲပြုလုပ်နေတုန်း ရုတ်တရက် ဗုံး(၅)လုံးပေါက်ကွဲပြီး ငါးထောင်စားတွေ အစုလိုက်အပြုံလိုက်မသာပေါ်ကုန်ပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါသတင်းဟာ နိုဝင်ဘာ ၁၆ ရက်က မြေလတ်အသံသတင်းဌာနမှာ ဖော်ပြခဲ့တဲ့  ပဲခူးမှာ တပ်ထောက်ခံပွဲလုပ်အပြီး အထက ၁ ကျောင်းအနီးမှာ ဗုံးတွေ့တယ်ဆိုကာ လူစုလူဝေးဖြစ်ခဲ့တဲ့အကြောင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ သတင်းတခုလုံးမှာ ဗုံးပေါက်ကွဲမှုအကြောင်း၊ သေဆုံမှအကြောင်းလည်း မပါဝင်ပါဘူး။ ထို့အပြင် ဗုံလန့်မှုဖြစ်ပွားတာဟာ စစ်တပ်ထောက်ခံပွဲအပြီးမှာဖြစ်ပြီး စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ်မဟုတ်သလို လူထိခိုက်မှုရှိတယ်ဆိုတဲ့ အကြောင်းလည်း သတင်းမှာဖော်ပြချက်မပါရှိပါဘူး။ ဒီလို‌ဗုံးလန့်မှုသတင်းကြောင့် […]

Continue Reading