Fact Check: လှည်းကူးမှာ မိသားစုလိုက်သတ်ဖြတ်ခံရမှု အကြွေးမပေးချင်လို့ သရုပ်ဆောင်မြနှင်းရီလွင်စေခိုင်းတဲ့ သတင်းတု

False နိုင်ငံရေး | Politics

လှည်းကူးမှာ ၃ နှစ်အရွယ်ကလေးအပါအဝင် မိသားစုလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ သရုပ်ဆောင်မြနှင်းရီလွင်က အကြွေးမဆပ်ချင်လို့ အသတ်ခိုင်းတာလို့ဆိုတဲ့ ပို့စ်တစ်ခုကို  စစ်တပ်ထောက်ခံရေး ဝါဒဖြန့်ချိမှု တယ်လီဂရမ်အကောင့်တွေမှာ မျှဝေနေတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ သရုပ်ဆောင်တစ်ယောက်ကို တိုက်ခိုက်ထားတဲ့ သတင်းတုသာဖြစ်ပါတယ်။ 

အောက်ပါ screenshot ကတော့ “မှိင်း ဝေ”အမည်နဲ့ စစ်တပ်ဝါဒဖြန့်ချိရေးတယ်လီဂရမ်အကောင့်မှာ ဖော်ပြချက်ဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Telegram linkArchive link  

အခြားသော တယ်လီဂရမ်တွေမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုးရဲ့ မိသားစုဝင်တွေဖြစ်ပြီး စစ်မှုထမ်းဟောင်းနဲ့ ပျူစောထီးတွေက ပစ်သတ်သွားတာလို့ ခေတ်သစ်သတင်းဌာနကရေးသားပါတယ်။

ခေတ်သစ်သတင်းဌာနက အခုလို သတင်းဖော်ပြလာပြီးနောက်မှာတော့ ဒီလှည်းကူးက မိသားစုဝင် ၅ ဦးအသက်ခံရတဲ့ ကိစ္စဟာ သရုပ်ဆောင်မြနှင်းရီလွင်က အကြွေးမဆပ်ချင်လို့ အသတ်ခိုင်းတာလို့ဆိုတဲ့ တယ်လီဂရမ် အကောင့်ကနေပဲ ဒီ သူတို့ဟာ PDF ကနေ ထွက်ပြေးလာသူရဲ့ မိသားစုတွေဖြစ်ပြီး အခုလို ထွက်ပြေးလာလို့ PDF က လုပ်ကြံတာလို့ထပ်မံရေးသားလာပါတယ်။

ထို့အပြင် သရုပ်ဆောင်မြနှင်းရည်လွင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ screenshot ရယူထားတယ်လို့ ယူဆရတဲ့ “ဒီလောကကြီးကနေအပြီးအပိုင် အားလုံးကိုနုတ်ဆက်ထွက်ခွာသွားချင်ပြီ”ဆိုတဲ့ ပို့စ်စာသားကို သူမရဲ့ ဖေ့စ်ဘွတ်မှာမတွေ့ရပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

 သရုပ်ဆောင်မြနှင်းရည်လွင်က အကြွေးမဆပ်နိုင်လို့ အကြွေးရှင်ကို လုပ်ကြံ သတ်ဖြတ်ခိုင်းသလိုမျိုးရေး သားဖြန့်ဝေခဲ့တဲ့ တယ်လီဂရမ်အကောင့်တွေမှာ ခေတ်သစ်သတင်း ဌာနက PDF မိသားစုကို ပျူစောထီးက လုပ်ကြံသတ်ဖြတ်မှုအဖြစ်ဖော်ပြလာချိန်မှာတော့ PDF တပ်ဖွဲ့ဝင် ဟောင်းကို PDF က လုပ်ကြံမှုအဖြစ် ထပ်မံပြောင်းလဲ ဖော်ပြလာတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ သရုပ်ဆောင်မြနှင်းရည်လွင်ကို တိုက်ခိုက်နေတဲ့ သတင်းတုသာဖြစ်ပါတယ်။

Avatar

Title:Fact Check: လှည်းကူးမှာ မိသားစုလိုက်သတ်ဖြတ်ခံရမှု အကြွေးမပေးချင်လို့ သရုပ်ဆောင်မြနှင်းရီလွင်စေခိုင်းတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *