Fact Check:  ရန်ကုန်မြို့တော်မဏ္ဍပ်စာသားကိုပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

Altered နိုင်ငံရေး | Politics

ရန်ကုန်မြို့တော်မဏ္ဍပ်မှာ “မဟာသင်္ကြန်”အစား”မသာသင်္ကြန်”လို့ “ဟ”နဲ့ “သ”နဲ့ စာလုံးမှားရေးထားတယ် ဆိုပြီး ဓာတ်ပုံတစ်ပုံဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ အများအပြားက ဒီဓာတ်ပုံဟာ သရော်ထားတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတစ်ပုံအဖြစ် နားလည်ကြပေမဲ့ အချို့အတွက်နားလည်မှုလွဲစေ နိုင်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

မူလဓာတ်ပုံကို ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သင်္ကြန်အကြိုနေ့တင်ကထားတာတွေ့ရပါတယ်။ စာသားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ နဲ့ ပြည်သူ့ရင်ပြင်က မြင်ကွင်းတွေကိုတွေ့ရတာပါ။

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ လိုမြို့ကြီးတွေမှာ ရေကစားသူ နည်းပါးခဲ့တဲ့ သင်္ကြန်အကြိုနေ့မှာ အများစုကတော့ လုံခြုံရေးစိုးရိမ်လို့ ရေမကစားကြတာလည်းရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာက လူရာချီသေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထုအများစု ဝမ်းနည်းကြောင်းပြတဲ့အနေနဲ့ ရေမကစားကြတာြဖစ်သလို၊ စစ်ကောင်စီကို အခုအချိန်အထိဆန့်ကျင်တော်လှန်ကြောင်းပြတဲ့အနေနဲ့ အခုလို ပါဝင်ဆင်နွှဲတာမလုပ်ကြတာဆို တဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီအနေနဲ့ လုံခြုံရေးအာမခံချက်မရှိဘဲ သင်္ကြန်ပွဲတွေကျင်းပတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိနေပါတယ်။

ဓာတ်ပုံ-CJ”

ဒီမြင်ကွင်းဓာတ်ပုံကို မတူညီတဲ့ရူ့ထောင်ကရိုက်ကူးထားတဲ့ ဓာတ်ပုံကို Eleven Media Group ရဲ့ ဒီလင့်ခ်မှာ လည်းတွေ့နိုင်ပါတယ်။

ဘီဘီစီမြန်မာပိုင်းက ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။ 

စစ်အာဏာသိမ်းအပြီးမှာ လူမှုစီးပွားအခြေအနေဟာ ပုံမှန်ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးကို ပြသဖို့အတွက် သင်္ကြန်အပါအဝင် ပွဲတော်တွေကို စည်ကားအောင်ဆောင်ရွက်နေပေမဲ့  လူထုပါဝင်မှုက မရှိသလောက်ဖြစ် တာတွေ့ရပါတယ်။ စစ်တပ်ဦးဆောင်တဲ့ ပွဲတော်တွေကို သပိတ်မှောက်ကြဖို့‌ တော်လှန်ရေးအင်းအာစုတွေက ဆော်သြနေချိန် သင်္ကြန်မတိုင်ခင်လေးမှာပဲ ကန့်ဘလူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာက လူရာချီသေဆုံးခဲ့တဲ့အထိ ဖြစ်ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ဒီနှစ်သင်္ကြန်ဟာ အကျဉ်း တန်ခဲ့ပါတယ်။ 

သုံးသပ်ချက်

မူလက ဘီဘီစီမြန်မာပိုင်းမှာဖော်ပြခဲ့တဲ့ ဓာတ်ပုံကို အသုံးပြုပြီး စကားလုံးကို သရော်တဲ့အနေနဲ့  ပြုပြင်ပြောင်းလဲ ထားတာတွေ့ရပါတယ်။ မူလဆိုင်းဘုတ်မှာ မှားယွင်းခြင်းမရှိပါဘူး။ပြောဆိုချက်- ရန်ကုန်မြို့တော်မဏ္ဍပ်မှာ “မဟာသင်္ကြန်”အစား”မသာသင်္ကြန်”အဖြစ်မှားယွင်းဖော်ပြခဲ့

Avatar

Title:Fact Check:  ရန်ကုန်မြို့တော်မဏ္ဍပ်စာသားကိုပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

Fact Check By: နေရာမောင် 

Result: Altered


Leave a Reply

Your email address will not be published. Required fields are marked *