
သီတင်းကျွတ်လပြည့်နေ့က ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြတယ်လို့ရေးသားလျှက် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ဂဏန်းက မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဓာတ်ပုံဟာ ဖေဖော်ဝါရီလအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြစဉ်ဓာတ်ပုံဖြစ်ပါတယ်။
“ရွှေတိဂုံစေတီတော်ပေါ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း သီတင်းကျွတ်လပြည့်နေ့၌ အင်အားအလုံးအရင်းဖြင့် ဆန္ဒပြ
အောက်တိုဘာ(၂၀)၊ ရန်ကုန်။”လို့ ရေးသားပြီး “Simulation”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေ ထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်ဟာ ၁ထောင် ၈ရာ ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေကြည့်မှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်း တွေ့ရပါတယ်။ ဖေဖော်ဝါရီ လထဲမှာ မီးရထားဝန်ထမ်းတွေ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။
South China Morning Post သတင်းဌာနက ဧပြီ၁၇ရက်က ရေးသားတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပြီး“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ အဖမ်းဆီးခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး မီးရထားဝန်ထမ်းများ ဆန္ဒပြတောင်းဆို။ဓာတ်ပုံ AFP”လို့ ဓာတ်ပုံစာသားကိုလည်း ဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – South China Morning Post | Archive link
AFPforum.comမှာ တူညီတဲ့ဓာတ်ပုံ တင်ထားတာကို ဒီလင့်ခ်မှာ တွေ့ရပါတယ်။
ဘုရားပေါ်ဆန္ဒပြဖို့အဖြစ် မျှဝေထားတဲ့ဓာတ်ပုံနဲ့ မူရင်းဓာတ်ပုံကိုအောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ ဖေဖော်ဝါရီလထဲမှာ မီးရထားဝန်ထမ်းတွေ စစ်အာဏာသိမ်းမှုကို ဆန္ဒပြတောင်းဆိုနေပုံ ဖြစ်ပါတယ်။

Title:ဖေဖော်ဝါရီအတွင်းက မီးရထားဝန်ထမ်းများ ဆန္ဒပြပုံကို သီတင်းကျွတ် ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပုံအဖြစ် မျှဝေ
Fact Check By: Zun ZeeResult: Altered