Archives

Fact Check: ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ကို ပြည်သူကို တောင်းပန်ပြီး အမှားဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား -မဟုတ်ပါ

လာရောက်တွေ့ဆုံ ဆွေးနွေးတဲ့ ဗိုလ်ချုပ်ရာပြည့်နဲ့အဖွဲ့ကို ပြည်သူကိုပဲ တောင်းပန်ပြီး အမှားကို ဝန်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလွှတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၄ သိန်းကျော်ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။   “ပြတ်သားလိုက်တဲ့ ပြည်သူ့မိခင် ငါနဲ့လာမညှိနဲ့ ပြည်သူကိုတောင်းပန် ဒေါအောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးတဲ့ ရာပြည့်တို့အဖွဲ့ ပြည်သူကို ပဲ တောင်းပန်ပြီး အမှားကို ဝန်ခံဟု ပြောလွှတ်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive […]

Continue Reading

Fact Check: Pan American လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီ ပြန်ပေါ်လာခဲ့တယ်ဆိုတာ တကယ်လား-မဟုတ်ပါ

Pan American လေကြောင်းလိုင်းက လေယာဉ်အမှတ် ၉၁၄ ဟာ ၃၇ နှစ်ကြာပျောက်ဆုံးပြီနောက် ပြန်ပေါ် လာခဲ့တယ်ဆိုပြီး ဖြန့်ချိနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ တကယ်တော့ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၇၀၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရရှိ ထားပြီးဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဒီဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။   “နှစ်ပေါင်း(၃၇)နှစ်ကြာမှ ပြန်လည် ဆင်းသက်လာခဲ့တဲ့ အမေရိကန်လေယာဉ်” မူရင်းလင်ခ့် – Facebook link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် ပုံနှိပ်အခြေစိုက် အဝါရောင်သတင်းစာ ဖြစ်တဲ့ Weekly World News […]

Continue Reading

မြို့သိမ်းတိုက်ပွဲ၊ ဆီးချိုပျောက်တဲ့ နှို့မှုန့်ကြော်ငြာ၊ လက်ဆောင်ပေးတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေနဲ့ ကမ္ဘာကျော် လူ ၂ ဦးနေရာယူခဲ့တဲ့ ၂၀၂၄ ခုနှစ်

၂၀၂၄ ခုနှစ် ကုန်ဆုံးခဲ့ချိန်မှာ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း လူမှုကွန်ယက်အသုံးပြုသူတွေအကြား ရေပန်းစားခဲ့တဲ့ ပုံမှားရိုက်ခံရမှုတွေကို Fact Crescendo Myanmar က စောင့်ကြည့်လေ့လာ အချက်အလက်စိစစ်ခဲ့တာတွေကို ပြန်ပြောင်းကြည့်ရရင် မကြာခဏအမှားဖြန့်ခံခဲ့ရတဲ့ ခေါင်းစဉ်တွေကို တွေ့ရပါတယ်။ ပုံစံမျိုးစုံနဲ့ ငွေကြေးအမြတ်အစွန်းအတွက် လိမ်လည်လှည့်ဖြား ပုံမှားရိုက် ဖြန့်ဝေမှုတွေဟာ ဖေ့စ်ဘွတ်ပေါ်မှာ ဆက်လက်အားကောင်းနေပေမဲ့ အချက်အလက်စိစစ်မှုရဲ့ အလွန်မှာရှိတဲ့ ပြောဆိုချက် လိမ်လည်မှုတွေ အဖြစ်ပြောင်းလဲလာပြီး အချက်အလက်စိစစ်တာတွေတော့ မလုပ်ခဲ့ရပါဘူး။ ယူကျူ့မှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုံမှားရိုက်သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းပုံစံလုပ်ကြံရေးသားဖြန့်ဝေမှုတွေဟာ ပြီးခဲ့တဲ့နှစ် အချက်အလက်စိစစ်မှုတွေမှာ ထိပ်ဆုံးက ဆက်လက်နေရာ ယူခဲ့ပါတယ်။ နိုင်ငံတကာမှာတော့ အစ္စရေး-အရှေ့အလယ်ပိုင်းစစ်၊ ယူကရိန်း-ရုရှားစစ်ပွဲတွေထက် အီလွန်မက်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‌‌ရေပန်းစားခဲ့ပါတယ်။  ၂၀၂၄ ခုနှစ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NUG ၊PDF […]

Continue Reading

Fact Check: နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးတဲ့ သတင်းတု

နေပြည်တော်ကို PDF တွေ အလုံးအရင်းနဲ့ ဝင်တိုက်လို့ စစ်ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီလို့ ဆိုထားတဲ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဇန်နဝါရီ ၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့ဓာတ်ပုံနဲ့  စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နေပြည်တော် တိုက်ခိုက်ခံရ(အရေးပေါ်) စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကို PDF အလုံးရင်းနဲ့ ထိုးဖောက်နေပြီ ၊ ဗိုလ်ချုပ်တွေ ထွက်ပြေးနေကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒီအပြင် ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်မီဒီယာ”ရဲ့ အမည်နာမနဲ့ အမှတ်တံဆိပ်ကိုလည်း တုပထားတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုများ ဆက်တိုက်ဖြန့်ဝေနေ

ယခုရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုတွေ ဆက်တိုက်ဖြန့်ဝေနေပြီး ပျံ့နှံ့မှုလည်း အားကောင်းနေတာတွေ့ရပါတယ်။  ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အနေနဲ့ လူထုခေါင်းဆောင် ဒေါ်စုကို လွတ်ပေးပြီဟု အမိန့်စာနဲ့အတူ မအလ ထုတ်ပြန်ကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလို ဗွီဒီယိုတွေကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေက သတင်းတွေကို ကူးယူ‌‌ဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာတဲ့ သတင်းတု 

တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၃၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “ထိုးစစ်အားလုံးရပ်ပြီး တပ်ဆုတ်ပြီ တစ်နိုင်ငံလုံး ထိုးစစ်ရပ်မည်ဟု မင်းအောင်လှိုင်ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။  Also […]

Continue Reading

Fact Check: အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်သလား- အထောက်အထားမရှိပါ

ခါးတဲ့အရသာ ၂ မျိုးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တာတွေ့ရပါတယ်။ အစားအသောက် ၂ ခုကို အတူတွဲ စားသောက်မိလို့ သေဆုံးနိုင်တယ်ဆိုတာဟာလည်း ယုံတမ်းစကားတခုသာဖြစ်ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဇင်ဘာ ၂၉ ရက်မှာစတင်ဖြန့်ဝေခဲ့တဲ့ ဒီပို့စ်ဟာ တရက်အတွင်း ပြန်လည်မျှဝေမှုပေါင်း တထောင်ကျော်နဲ့  ကြည့်ရှု့မှုအကြိမ်အရေအတွက် တ သိန်းနီးပါးအထိ ရရှိထားတယ်။  ဒီပို့စ်မှာပဲ ဓာတ်ပုံစာသားထဲမှာတော့ အမျိုးမတူသည့် အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိပါက သွေးတိုးပြီး လေဖြတ်သေဆုံးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။  “ခွေးတောက် + တမာ ကြောင်လျှာ + ကြက်ဟင်းခါး […]

Continue Reading

Fact Check: ရန်ကုန်မြို့သိမ်းတိုက်ပွဲစပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့သိမ်းတိုက်ပွဲစတင်လိုက်ပြီး အစိုးရ ရုံးတွေနဲ့ ဌာနဆိုင်ရာတွေ ပစ်ခတ်တိုက်ခိုက်ခံရဆိုတဲ့  သတင်းတု ဗွီဒီယို ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မျာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ် ကို အောက်မှာ ကြည့်ပါ။  “ရန်ကုန် မြို့သိမ်းတိုက်ပွဲ စပြီ ရန်ကုန်ကို စစ်ကောင်စီ ပစ်မိန့်ကြေညာ ရန်ကုန်အစိုးရ ရုံးနဲ့ ဌါန ဆိုင်ရာ များ ပစ်ခတ်ခံရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ တရားဝင်ရုတ်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ကြောင်း ကြေညာပြီလို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းတု ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၅ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသား ကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၂ ဒသမ ၂ သိန်းရရှိထားတယ်။  “လူငယ်တွေပြေးစရာမလိုတော့ဘူး စစ်မှုထမ်းဥပဒေကို တရားဝင်ရုတ်သိမ်းလိုက်ပြီ စစ်ရုံးပြီလို့ဝန်ခံ/ အမြန်နား‌ထောင်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံပြောဆိုချက်တွေနဲ့ ရောနှောဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သူ့သား ကြေညာဆိုတဲ့ သတင်းတု

ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီလို့ သားဖြစ်သူ ကင်အဲရစ်ကြေညာဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဒီဇင်ဘာ ၂၄ ရက်က စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုအကြိမ်အရေအတွက် ၁ သိန်းရရှိထားတယ်။  “အကျဉ်းထောင်ထဲမှာ အမေစု အသက်မရှိတော့ဘူးဟု သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Daily Burmese Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တယ်။ အခုလည်း ဗွီဒီယိုထဲမှာ‌ဖော်ပြခဲ့တဲ့အကြောင်းအရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သားဖြစ်သူ […]

Continue Reading