Archives

Fact Check: Air India လေယာဉ်ပျက်ကျရမှု အစီရင်ခံစာ မထွက်သေးပါ

လူပေါင်း ၂၇၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ဇွန် ၁၂ ရက်က Air India လေယာဉ်ပျက်ကျရမှုဟာ လေယာဉ်မှူး ထိုင်ခုံကို ထိန်းထားတဲ့ အတံလေးတခု ပြုတ်နေတာကို သတိမထားမိတာကနေ ဖြစ်ပွားခဲ့ရတယ်လို့ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ကနဦးအစီရင်ခံစာမှာ ဖော်ပြတယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လေယာဥ်မှူးရဲ့ ထိုင်ခုံ ရွေ့လျားမြောင်းက pin တစ်ချောင်းပြုတ်နေခြင်းက … လူပေါင်း ၂၀၀ ကျော်ကို အသက်ဆုံးစေခဲ့ Credit: Wise News ရှေးဦးတွေ့ရှိချက်အစီရင်ခံစာ။ အိန္ဒိယလေယာဉ်ပျက်ကျမှုအတွက် preliminary report […]

Continue Reading

Fact Check: အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောတဲ့သတင်းတု

အစ္စရေးနဲ့ အီရန် ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမယ်လို့ စစ်ခေါင်း‌ဆောင်ပြောကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ‌ဖော်ပြချက်အဖြစ် စခရင်ရှော့ဓာတ်ပုံပို့စ် ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အစ္စရေးနှင့် အီရန်တို့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် နစကဥက္ကဌကြီး တိုက်တွန်း ၊ နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ကြားဝင်စေ့စပ်ပေးမည်ဟုပြောကြား” Original link | Archive link တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတာတွေကို ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အများစုက သရော်စာအဖြစ်နားလည်ပေမဲ့ တချို့က နားလည်းမှုလွဲစေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရ အောင်ပါ။ မြန်မာစစ်တပ်နဲ့ စပ်ဆက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စစ်တပ်ပိုင် သတင်းဌာနတွေကို စစ်အာဏာသိမ်း အပြီး ရက်ပိုင်းအတွင်းမှာပဲ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာတဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့်အပါအဝင် အကျဉ်းသား ၈၀၀၀ လွတ်လာပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အကျဉ်းသား ၈၀၀၀ ခန့်လွတ်လာပြီ အမေစုနဲ့ သမ္မတ ကြီး သတင်းအထူးရှယ် နိုင်ငံတော်အဆင့် သတ်မှတ်ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ ပြန်လည်ဖော်ပြနေတဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: Air India လေယာဉ် မတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဆိုတဲ့ သတင်းမှား

ဇွန် ၁၂ ရက်က ပျက်ကျခဲ့တဲ့ Air India လေယာဉ် ပျံမတက်ခင် မိနစ်ပိုင်းအလိုမှာ မှတ်တမ်းတင်မိထားတဲ့ ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုနဲ့ လေယာဉ်အတွင်းမှာရိုက်ကူးထားတဲ့ ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “Air India လေယာဉ်မတက်ခင် မိနစ်ပိုင်းအလို tay ဆုံးရမယ်လို့ ဘယ်သူမှမသိခင်အချိန် မှတ်တမ်းတင်မိထား video😥👇👇 ဘဝနှင့်အသက်တို့သည် လက်တစ်သီးအတွင်း ပြောင်းလဲသွားနိုင်သည်အထိ တိုတောင်းပြီး ဆန်းကျယ်လှပေသည်။ ထို့ကြောင့် အသက်ရှင်နေသမျှကာလအတွင်း ကျန်းမာ၍ ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေ။ 🙏 Video ကို […]

Continue Reading

Fact Check: လိုင်စင်မဲ့ကားတွေကို လိုင်စင်ပေးမယ်ဆိုတဲ့ သတင်းတု

လိုင်စင်မဲ့ကားတွေကို လိုင်စင်လုပ်ပေးမယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနက ကြေညာတဲ့ ပို့စ် ‌ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “#12.6.2025 Update (W)ကားတွေ လိုင်စင်ချပေးဖို့ အမိန့်ထုတ်လိုက်ပြီဗျာ ပိုက်ဘောမိထားတဲ့ ဝယ်ရောင်းပွဲဇိုးလော်ဘီတွေအတွက်တော့ စိတ်တော့မကောင်းပါဘူး😅 ပွဲဇိုးလေးတွေနှလုံးအားဆေးကြိုသောက်ထားကြ” Original link | Archive link အချက်အလက်စိစစ်ချက် လိုင်စင်မဲ့ကားတွေကို လိုင်စင်ထုတ်ပေးမယ်ဆိုတဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ စစ်ကောင်စီလက်အောက်က စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်လို့ ဆိုထားတဲ့ ထုတ်ချက်ကို လေ့လာကြည့်ရာမှာ ရုံးစာအသုံးအနှုန်းမဟုတ်တဲ့ စကားလုံတွေပါဝင်နေသလို မြန်မာစာရေးသား ထုံးဖွဲ့မှုကို […]

Continue Reading

Fact Check: ကားပေါ်မတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

လေယာဉ်ပေါ်က အဆင်းမှာ စောင့်ဆိုင်းနေတဲ့ ကားပေါ်ကို တန်းမတက်ဘဲ ချော်ထွက်သွားတဲ့ သမ္မတထရမ့်ရဲ့ ဗွီဒီယိုဟာ သူ့ရဲ့ လက်ရှိကျန်းမာရေးပြဿနာကို ပြသနေတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။   နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ဗွီဒီယိုဟာ ပထမ သမ္မတ သက်တမ်းအတွင်းက ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လေယာဉ်ပေါ်ကဆင်းပြီး ကားပေါ်မတက်ပဲ ဦးတည်ရာမဲ့ လျှောက်သွားနေလို့ Secret Service က သတိပေးနေရတဲ့ Video ပေါ်ထွက် လာပြီးနောက် Trump ရဲ့ ကျန်းမာရေးအခြေအနေကို မေးခွန်းထုတ်မှုတွေ ပိုများလာခဲ့ပါတယ်။” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ […]

Continue Reading

Fact Check: NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးတဲ့ သတင်းတု

NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီး စစ်ရေးပစ်မှတ်အားလုံးကို တပြိုင်နက်ထဲစတင်တိုက်ခိုက်ပြီလို့ဆိုကာ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUG အထူးတပ်ဖွဲ့ ရန်ကုန်ကို ဝင်စီးပြီ စစ်ရေးပစ်မှတ်အားလုံး တပြိုင်ထဲ စတိုက်ပြီ ရန်ကုန်တမြို့လုံး ပွတ်လောရိုက်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ အမည်နာမည်နဲ့အမှတ်တံဆိပ်ကို တုပထားပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  […]

Continue Reading

Fact Check: စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်တဲ့ သတင်းတု

စစ်တပ်ပြောရေးခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း PDF ထံအလင်းဝင်သွားတယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အထူးသတင်း ‌ဇော်မဲလုံးPDFထံအလင်းဝင် နေပြည်တော်ပစည်းဝေးမှာသူ့ကိုဆဲကြလို့ စိတ်ဆိုးပြီး ဘက်ပြောင်းဖို့ ဆုံးဖြတ်ထားတာဟုဆို” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ချိတာတွေ ပြုလုပ်တဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ကင်းစင်သွားသော ပြည်နယ်များတွင် […]

Continue Reading

Fact Check: ဖျက်အားပြင်း ငလျင် နေပြည်တော်မှာ ထပ်လှုပ်ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုများပြားဆိုတဲ့ သတင်းတု

ဖျက်အားပြင်း ငလျင် နေပြည်တော်မှာ ထပ်လှုပ်ပြီး စစ်တပ်က အများအပြားထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့တယ် ဆိုပြီး ဗွီဒီယိုတွေ အခုရက်ပိုင်းမှာ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “၇.၉ ဖျက်အားပြင်း ငလျင် လှုပ်ခတ် မင်းအောင်လှိုင်တည်တဲ့ ဘုရားပြိုကျ စစ်အုပ်စု နဲ့ ဘုရားဖူးများ သေဆုံးမှု များပြား  နေပြည်တော်ကို အမှောင်ချ နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းမီဒီယာတချို့မှာ ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် […]

Continue Reading

Fact Check: စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတု

စစ်တပ်က ဖမ်းဆီးထားတဲ့ စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ဆိုတဲ့ ဗွီဒီယို ယူကျူချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အဖမ်း ခံထားရတဲ့ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံး သွားလို့ တစ်နိုင်ငံလုံး ဘောမတွေ ဆန္ဒပြနေကြပြီ”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌‌ဖော်ပြတာ၊ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေ ဖြန့်ဝေတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ အဖမ်းခံထားရတဲ့ စစ်တပ်လော်ဘီတဦးဖြစ်တဲ့ ဇော်ဘုန်းဟိန်းဟာ […]

Continue Reading