Archives

Fact Check: သုံးထပ် သင်္ဘောနဲ့တိုက်ပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကျိုးပျက်မှုလား-မဟုတ်ပါ

သုံးထပ် သင်္ဘောနဲ့တိုက်ပြီး ရန်ကုန်-ဒလမြစ်ကူးတံတားကျိုးမှုလို့ ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။ ဗွီဒီယိုဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံက အဖြစ်အပျက်တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ရန်ကုန်မြို့ ဒလ တံတာကျိုးသွားပြီး ၃ ထပ်သင်္ဘောကြီးဖြတ်သွားရင် အရှိန်မထိန်းနိုင်လို 6လ3ရက်2025 ညနေ့1နာရီ15မိနစ်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၄ ခုနစ်က ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ဖြစ်တာတွေ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်က […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်တဲ့ သတင်းတု

စစ်ခေါင်းဆောင်ရာထူးက နုတ်ထွက်ပြီး တပ်ချုပ်အသစ်ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်ပြီး စစ်‌ခေါင်းဆောင် နုတ်ထွက်တာမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “မင်းအောင်လှိုင် ရာထူးက နုတ်ထွက် တပ်ချုပ်အသစ်ကြေညာပြီး ထွက်ပေါက်ရှာနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ် အကြောင်း Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲပါ အကြောင်းအရာဟာ မေ […]

Continue Reading

Fact Check: မြဝတီ အာရှလမ်းမကြီး မြေပြိုမှု ဗွီဒီယိုလား-မဟုတ်ပါ

ဇွန် ၁ ရက်က မြဝတီ အာရှလမ်းမကြီးမှာ မြေပြိုမှုဆိုပြီးတော့ ဗွီဒီယိုတခု မြန်မာဘာသာ အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။ ဗွီဒီယိုဟာ အဖြစ်အပျက်မှန် တခုမဟုတ်ဘဲ ဉာဏ်ရည်တုနည်းပညာအသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူ မြဝတီအာရှလမ်းမကြီး မြေပြိုပျက်စီမှုလို့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အရင်ပြည်နယ်▪︎မြဝတီ 1•6•2025”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ဉာဏ်ရည်တုနည်းပညာ အသုံးပြုပြီး ဗွီဒီယိုတွေ ဖန်တီးသူ တဦးက စတင်ဖြန့်ဝေလာတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ မူလ ဗွီဒီယိုဖော်ပြချက်ကို  မေ […]

Continue Reading

Fact Check: ဗီယက်နမ်မှာ ရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေရတာလား-မဟုတ်ပါ

ရထားပေါ်မှာ ထီးဖွင့်ထားတဲ့ ဓာတ်ပုံတွေနဲ့အတူ တရုတ်နည်းပညာနဲ့ ဆောက်လုပ်ခဲ့တဲ့ ဗီယက်နမ်က ရထားလိုင်းဟာ တနှစ်မကြာသေးခင်မှာ ပျက်စီးခဲ့ပြီး မြို့တွင်း ရထားစီးရင်း မိုးမလုံလို့ ရထားစီးသူတွေဟာ ထီးဆောင်းနေရတယ်လို့ပြောဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။  ဒါပေမဲ့ မှားယွင်းပြောဆိုချက်ဖြစ်ပြီး ဗီယက်နမ်က ရထားလေအေးပေး စက်ချို့ ယွင်းမှုဖြစ်စဉ်တခုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံသာ ဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီစွာ  ပြောဆိုဖြန့်ဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “တရုတ်နည်းပညာနဲ့ ရထားလိုင်းဖွင့်ပြီး တနှစ်မကြာသေးခင် ဗီယက်နမ်နိုင်ငံသားတွေဟာ မြို့တွင်းရထားစီးရင်း မိုးမလုံလို့ ထီးဆောင်းနေကြရရှာပါတယ်။ တရုတ်ရထားနည်းပညာအစွမ်း အံ့မခန်းပါပဲ။ 😁 photo: ASEAN urbanist” Original link | Archive […]

Continue Reading

Fact Check: ဘင်္ဂလားဒေ့ရှ်သံအမတ် စစ်ကောင်စီ ပစ်သတ်ဆိုတဲ့ သတင်းတု 

ဘင်္ဂလားဒေ့ရှ်သံအမတ်ကို စစ်ကောင်စီပစ်သတ်ခံရပြီး‌နောက် မြန်မာစစ်ခေါင်းဆောင်တွေကို ၂၄ နာရီအတွင်း ဖမ်းဆီးဖို့ အမိန့်ထုတ်ကြေညာလိုက်တယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် သတင်းဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “ဘင်္ဂလားဒေ့ရှ်သံအမတ် ပစ်သတ်ခံရ ဘင်္ဂလားဒေ့ရှ်သံအမတ် စစ်ကောင်စီ ပစ်သတ်ခံရပြီးနောက် စစ်ခေါင်းဆောင်များကို (၂၄)နာရီတွင်း ဖမ်းမိန့်ထုတ် ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Myanmar”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်း လုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။  အခုလည်း ၈ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းပစ်ခတ်ဆိုတဲ့ သတင်းတု 

နယ်မြေကျူးကျော်လာလို့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းဘက်က ပစ်ခတ်လိုက်တယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် သတင်းဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “စစ်တပ်လေယာဉ် ထိုင်းပစ်ခတ် နယ်မြေကျူးကျော်လို့ အကြမ်းက်စစ်တပ်လေယာဉ် ထိုင်းပစ်မိန့် ကြေညာ၊ အိမ်နီးချင်း မပီသဟု မင်းအောင်လှိုင် ဒေါကန်နေ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို တုပသုံးစွဲပြီး ဒီမီဒီယာအပါအဝင် တခြား သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး […]

Continue Reading

Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးတဲ့ သတင်းတု 

ယခုရက်ပိုင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီလို့ ဆိုထား ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု လက်ရှိစစ်ခေါင်းဆောင်က ကြေညာ လိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ နောက်ထပ်ဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု မင်းအောင်လှိုင် ကြေငြာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းတွေကို ခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: NUG နဲ့ စစ်ကောင်စီ ဆွေးနွေးမှုအပြီး အချက် ၆ ချက်သဘောတူဆိုတဲ့ သတင်းတု 

NUG နဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီးနောက် အချက် ၆ ချက်သဘောတူညီချက်ရပြီလို့ ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  မေ ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “အချက် ၆ ချက်သဘောတူ လိုက်ပြပြီ NUGနဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီး ပြည်သူတွေ ဝမ်းသာလို့ရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitthit” ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: စစ်ကောင်စီကို အာဆီယံကထုတ်ပယ်တဲ့ သတင်းတု

မြန်မာစစ်အုပ်စုကို အာဆီယံက ထုတ်ပယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။   “စစ်ကောင်စီ အာဆီယံက ဖယ်ထုတ်ခံရ စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်ဘူးလို့ ထိုင်း ဝန်ကြီးအပြတ်ပြော၊ စစ်အုပ်စု ငါးပါးမှောက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမနဲ့ အမှတ်တံဆိပ်ကို တုပထားပြီး မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: မလေးရှား‌ MH370 လေယာဉ်ပျောက်ဆုံးသွားပုံဗွီဒီယိုလား-မဟုတ်ပါ

လွန်ခဲ့တဲ့ ၁၁ နှစ်ဝန်းကျင်က မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ် ပျောက်ဆုံးခဲ့ပုံကို အမေရိကန် ထုတ်ပြန်လိုက်တယ်ဆိုပြီး ဗွီဒီယိုတခု  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား သာဖြစ်တယ်။  မေ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ စက္ကန့် ၄၀ ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လေယာဉ်တစီး တိမ်တိုက်တွေကြား ပျံသန်းရင်း ပေါက်ကွဲသွားတာကို မြင်တွေ့ရပါတယ်။ “မလေးရှားလေကြောင်းလိုင်း Flight 370ပျောက်သွားပုံကိုအမေရိကန်ကထုတ်ပြ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဟာ အစစ်အမှန်မဟုတ်ဘဲ နောက်ခံ ဓာတ်ပုံတချို့ကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရကြောင်း အချက်အလက်စိစစ်မှုတချို့မှာ‌‌ဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ) […]

Continue Reading