Archives

Fact Check: နယ်နိမိတ်ကျော်ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချဆိုတဲ့ သတင်းတု 

နယ်နိမိတ်ကျော်ပျံသန်းမှုနဲ့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းစစ်တပ် ပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နယ်ကျော်မှုနဲ့ ထိုင်းစစ်တပ်မှ ပစ်ချ ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ပျံသန်းနေတဲ့ မြန်မာ ကြမ်းဖက်စစ်တပ် တိုက်လေယာဉ် ထိုင်းစစ်တပ်မှ ပစ်ချ” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်တိုက်လေယာဉ်ကို နယ်ကျော် ပျံသန်းလာလို့ ထိုင်းစစ်တပ်က ပစ်ချလိုက်တယ်လို့ဆိုထားပေမဲ့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထား မတွေ့ရပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ […]

Continue Reading

Fact Check : စစ်‌‌ခေါင်းဆောင် မန္တလေးနန်းတွင်းမှာ တိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

 စစ်‌‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေးနန်းတွင်းမှာရှိစဉ် ရှော့တိုက်ဒရုန်းနဲ့ တိုက်ခိုက်ခံရ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာပဲ စစ်ခေါင်းဆောင်ဒဏ်ရာရပြီး ဆေးရုံတက်ရောက်ကုသနေရတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ ဉာဏ်ရည်တုနည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံသာဖြစ်တာတွေ့ရတယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “အရမ်းကိုဝမ်းန.ည်းရပါတယ်.ဘဘကြီးရယ်.😥😥😭😭ဘာလို့လဲဆိုတော့ဗျာ..ပို့စ်တင်ရင်းနဲ့ကိုမျက်ရ.ည်ကအလိုလိုကျလာပါတယ်ဗျာ.😥😥😭😭😭😭အရမ်းကိုမှယူကြုံ.းမရဖြစ်ရပါတယ်ညီအကိုတို့ရေ.ဘာလို့များအဲလိုလုပ်ရ.က်ကြတာလဲဟင်.😏…တခါတည်းတစစ.ီဖြစ်အောင်လု.ပ်ရမှာကိုအခုတော့ကြည့်ကြပါဦး..တခါတ.ည်း​ေ..သမသ.ွားတာအရမ်းကိုစိတ်ထဲမှာယူကြုံ.းမရဝ.မ.့်းန.ည်းရတယ်” Original link | Archive link နောက်ထပ် ပျံ့နှံ့နေတဲ့ ဓာတ်ပုံတပုံမှာတော့ စစ်ခေါင်းဆောင်က ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေစဉ် နောက်ထပ် စစ်တပ်အရာရှိကြီး ၂ ဦးက ကုတင်နံဘေးမှာ ရပ်နေတယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် စစ်ခေါင်းဆောင်ရဲ့ ဒဏ်ရာရထားတယ်ဆိုတဲ့ ဓာတ်ပုံကို Fact Crescendo […]

Continue Reading

Fact Check: “ဝ”ပြည်မှာ လူသတ်မီးဖုတ်စားတဲ့ လူတဦးဖမ်းဆီးရမိဆိုတဲ့ သတင်းမှား 

“ဝ”ပြည်မှာ လူသတ်မီးဖုတ်စားတဲ့ လူတဦးဖမ်းဆီးရမိတယ်လို့ ဆိုထားတဲ့ ပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်လို့ “ဝ”ပြည် ပြန်ကြာရေး တာဝန်ရှိသူက ငြင်းချက်ထုတ်ထားပါတယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ပြောဆိုချက်နဲ့ ဓာတ်ပုံကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “ဝဒေသမှာ လူကိုသတ်ပြီး အသားကို မီးဖုတ်စားသူကို ဖမ်းဆီးရမိ” Original link | Archive link အချက်အလက်စိစစ်ချက်  “ဝ”ပြည်နယ်မှာ လူသတ်ပြီး မီးဖုတ်စားတဲ့ သူတဦးကို “ဝ”ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ လူမှုကွန်ယက်စာမျက်နှာတချို့က စတင်ဖြန့်ဝေလာပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ‌ဖော်ပြချက်မရှိပါဘူး။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ […]

Continue Reading

Fact Check: ‌တောင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေ သိမ်းပိုက်ဆိုတဲ့ သတင်းတု 

ာင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဖေ့စ်ဘွတ်မှာ  ပြန်လည်မျှဝေထားတဲ့ ယူကျူ့ဗွီဒီယို ဖြန့်ဝေတဲ့နေရာကို ရယူထားခြင်းဖြစ်တယ်။ ယူကျူ့မှာ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၉ သောင်းနီးပါး ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “တောင်ငူ လေတပ် ကျသွားပြီ လေတပ်တခုလုံး အလံဖြူထောင် လက်နက်ချ တောင်ငူလေတပ် ဝင်စီးခံရ၊ လေတပ်တခုလုံး ပြာကျ၊ အကျဆုံးများလို့ လေတပ်တခုလုံး လက်နက်ချ၊ အညံခံ”လို့ ဗွီဒီယို အစမှာပြသတဲ့ ရုပ်ကတ်မှာ ဖော်ပြထားသလို “(၂၃.၁.၂၀၂၆) ‌တောင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေက […]

Continue Reading

Fact Check:တရုတ်ကို ပညာပြတဲ့အနေနဲ့ AA က ဓာတ်ငွေ့ပိုက်လိုင်းကို ‌ဖောက်ခွဲတဲ့ သတင်းတု

တရုတ်ကို ပညာပြတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “တရုတ်ကို အေအေ ပညာပေးပြီ ဓာတ်ငွေ့ ပိုက်လိုင်း AA ဖျက်ဆီးလိုက်ပြီ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အေအေ ဗုံးခွဲ ပျက်စီး၊ တရုတ် စစ်တပ်(၅ဝ) နီးပါး သေဆုံး၊အများပြား အရှင်းဖမ်းမိ” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဓာတ်ငွေ့ပိုက်လိုင်းကို AA က ဖျက်ဆီးလိုက်ပြီဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်မှာ စကားပြောတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည် လွှတ်တော်ထဲမှာ မိန့်ခွန်းပြောခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတခုကို “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒေါ်စု မိန့်ခွန်းပြောပြီ မြန်မာပြည်သူ မှန်သမျှ ချက်ချင်း နားထောင်ပေးပါ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်တော်မှာ ချပြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကိုလိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက် စိစစ်ချက်ထားတာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုအစ ရုပ်ကတ်နဲ့ စာသား‌ဖော်ပြချက်မှာ ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

Fact Check: စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်မျိုးမင်းကို PDF ဖမ်းဆီးတဲ့ သတင်းတု

စစ်တပ်ဝါဒဖြန့်ရေးသမားအဖြစ် လူသိများတဲ့ ကျော်မျိုးမင်းကို PDF တပ်ဖွဲ့ဝင်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “Khit Thit Thadin သတင်းဌာန (၂၁.၁.၂၀၂၆) ကျော်မျိုးမင်း PDF တွေက ဖမ်းထားပြီ” Original link | Archive link ဒီလိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာမှာလည်း ကျော်စိုးဦးအဖမ်းခံရတဲ့ ဓာတ်ပုံဆိုပြီး မျှဝေထားတာတွေ့ရတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check:“မြန်မာတွေ ထွက်သွား”ဆိုတဲ့ စာတန်းကိုင်ပြီး ထိုင်းမှာ ဆန္ဒပြခဲ့သလား-မဟုတ်ပါ

နှုတ်ခမ်းမွေးအမည်နဲ့ ထိုင်းအမျိုးချစ်အဖွဲ့က   မြန်မာတွေ ထွက်သွားဆိုတဲ့ စာတမ်းပါ ဆန္ဒပြ ဆိုင်းဘုတ် ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတပုံ ယခုရက်ပိုင်း လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ ဉာဏ်ရည်တုနည်းပညာ အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံ တပုံသာဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့  ဓာတ်ပုံကို မျှဝေထားတဲ့ ပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ ဓာတ်ပုံပေါ်မှာ အောက်ပါစာတမ်းလည်းပါဝင်ပြီး အနက်ရောင်ဝတ်ဆင်ထားတဲ့ ဆန္ဒပြသူတွေဟာ “နှုတ်ခမ်းမွေး”လို့ မြန်မာလို ရေးသားထားတဲ့ စာသားပါ အင်္ကျီတွေလည်း ဝတ်ဆင်ထားတယ်။ “မြန်မာတွေ ထွက်သွား ปกป้องอยุธยา”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဇန်နဝါရီ ၁၉ရက် […]

Continue Reading

Fact Check: ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးတဲ့ သတင်းတု 

နေပြည်တော်ကို ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “‌ပြင်းအား (၆.၈) ငလျင်ကြီး လှုပ် နေပြည်တော် စစ်တပ်အိမ်ရာပြိုကျ ၊ တပ်မိသားစု အများပြား သေဆုံး၊ ဝဋ်လည်ကုန်ပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာန ယူကျူ့အမည်နာမကို တုပပြီး  သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ […]

Continue Reading

Fact Check: ICJ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့ သွားရောက်တွေ့ဆုံမှု သတင်းတု

နိုင်ငံတကာတရားရုံး(ICJ)မှာ အခြေအနေမကောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့က သွားရောက်တွေ့ဆုံတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။   “ဒေါ်အောင်ဆန်းစုကြည် ကို –ွှေ ဖမ်းခံရ”  Original link | Archive link တခြား ဗွီဒီယိုတခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် တွေ့ဆုံတယ်လို့ ဆိုထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”နဲ့ “Khit Thit […]

Continue Reading