Archives

Fact Check: သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက်လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက် စစ်ခေါင်းဆောင်က လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုပို့စ်တခုဖြစ်တာတွေ့ရတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် ပါတယ်။  “ဦးသိန်းစိန် တစ်မိသားစုလုံး သေဆုံးလျက် တွေ့ရှိ တရုတ်နဲ့ပိုမိုနီးကပ်လာလို့ အာဏာလုမှာ ကြောက်ပြီး မအလက လုပ်ကြံတာဟု တပ်ထဲ တီးတိုးပြောဆိုနေကြ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပြီး လုပ်ကြံသတင်းမှားတွေလည်း ဖြန့်ချိပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

စစ်ခေါင်းဆောင် အာဏာစွန့်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတုပို့စ်တွေ ယခုရက်ပိုင်း ယူကျု့ချန်နယ်တွေမှာ ထပ်မံဖြန့်ဝေလာရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ရာထူးမှအနားယူမဲ့ရက်အတိအကျကြေညာပြီ ဆွေးနွေးမှုအောင်မြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့အတည်ပြုပြီ MRTVမှာ မအလ ကမ္ဘာသိကြေညာ(ရုပ်/သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီချန်နယ်ဟာ ဗွီဒီယိုထဲမှာလည်း လာမယ့် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတော့ မလားဆိုပြီးတော့ ဖော်ပြခဲ့ပေမဲ့ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုတဲ့ အကြောင်းဖော်ပြချက်မတွေ့ရပါဘူး။ အခုဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လုပ်ကြံသတင်းတွေဖော်ပြလေ့ရှိတယ်။ ဒီချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: မက်ခရိုကုန်တိုက်က မွေးနေ့လက်ဆောင်တွေ ပေးနေပြီဆိုတဲ့ သတင်းမှား

“Happy Birthday”လို့ သူတို့စာမျက်နှာ မှတ်ချက်ရေးသူတိုင်း မက်ခရိုကုန်တိုက်က မွေးနေ့လက်ဆောင်အဖြစ် ဒေါ်လာ ၅၀၀၀ ပေးနေပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။  “အားလုံးပဲမင်္ဂလာပါ @Makro ရဲ့မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် 2024 ခုနှစ် ဇူလိုင်လ 10 ရက်နေ့ မတိုင်ခင် ကျွန်ုပ်တို့ရဲ့ PAGE မှာ “Happy Birthday” ရေးသူတိုင်း 350 ယောက်အတွက် လက်ဆောင်အိတ် 500 အတွက် လက်ဆောင်ဘောက်ချာ $5000 အခမဲ့ရရှိမှာဖြစ်ပါတယ်။ 😍🛒 ကံထူးရှင်များအားလုံးကို အဖွဲ့မှ တိုက်ရိုက်ဆက်သွယ်ပါမည်။ ဘောက်ချာများကို ကျွန်ုပ်တို့၏အေဂျင်စီများအားလုံးတွင် လဲလှယ်နိုင်ပါသည်။” မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ဆီက သမ္မတဟောင်းဦးသိန်းစိန်အာဏာသိမ်းတဲ့ သတင်းတု

စစ်ခေါင်းဆောင်ဆီက သမ္မတဟောင်းဦးသိန်းစိန်အာဏာသိမ်းလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုပို့စ်တခုဖြစ်တာတွေ့ရတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့ ၁၀ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ “မနက်ခင်း သတင်းထူး ဦးသိန်းစိန် အာဏာသိမ်းလိုက်ပြီ(မအလဖမ်းဆီးခံရဖွယ်ရှိ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်းကြီးနဲ့ ဝစီပိတ်ဘုန်းကြီး သေဆုံးမှု သတင်းတု

စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်ကြီးနဲ့ ဝစီပိတ်ဘုန်းကြီး တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခွေး ၁၈၀နဲ့ လုံခြုံရေး ပေးထားတဲ့ သီတဂူ  ဘုန်းကြီးကျောင်းကို ဗုံး ၁၆ လုံးကြဲ ဘုန်းကြီး ခြေတဖက် ပြန်သွားလို့ စစ်ရဟတ်ယာဉ်နဲ့ လာခေါ်သွား”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူစွာပဲ ဒီယူကျူ့ချန်နယ်က စစ်ခေါင်းဆောင်ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော်ကားကို လက်အောက်ခံ စစ်သားတွေက ပစ်ခတ်လို့ ဝစီပတ်ဘုန်ကြီးသေဆုံးခဲ့တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့ပါသေးတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက်  သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ […]

Continue Reading

Fact Check: ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာဆိုတဲ့ သတင်းတု

ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာမယ်ဆိုတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “ဗဟိုဘဏ်ဥက္ကဌ ဆွဲစိခံရ ပြည်သူများကိုဘဏ်မှငွေ‌ကြေးထုတ်ယူခွင့်ပိတ်ပင်ပြီ ငွေစက္ကူများကို ငွေမဲအဖြစ်စတင်ကြေငြာမည်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ချိ ထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာကြည့်ပါ။  တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇူလိုင် ၄ ရက်မှာဖော်ပြခဲ့တဲ့ “ပုဂ္ဂလိကဘဏ်များတွင် အများပြည်သူများ၏ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ဆွေးနွေးဖို့လုပ်နေပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ဆွေးနွေးဖို့လုပ်နေပြီဆိုတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့ အသုံးပြုတွေအကြား ပျံ့နှံ့မှုအားကောင်းရှိပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အမေစုကို ပွဲထုတ်လာပြီ  စစ်ရှုံးနေတဲ့ စစ်ကောင်စီ ဒေါ်စုနဲ့ ဆွေးနွေးဖို့ စီစဉ်နေ ၊ မအလ ဂျပု အရှုံးပေးနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရပါဘူး။ အခုလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ရေးသားကာ ပြန်လည်ဖြန့်ဝေနေတာတွေ့ရတယ်။ အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ မဇ္ဈမိသတင်းဌာနက မေ ၃၀ ရက်က […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေး တိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေးတိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။  “မင်းအောင်လှိုင် အာဏာလုခံရ ဗိုလ်ချုပ်ကြည်ခိုင် အာဏာသိမ်းလိုက်ပြီ စိုးဝင်းနဲ့ မအလ ဖမ်းဆီးထိန်းသိမ်း၊ ပွဲဆူနေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ‌ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဖမ်းဆီးပြီး မန္တလေးတိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ ဒါပေမဲ့ မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို ဖမ်းဆီးလိုက်တဲ့ သတင်းတွေတော့ မီဒီယာတွေမှာဖော်ပြပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်) ဒီအပြင် […]

Continue Reading

Fact Check: စစ်ဘေးရှောင်တွေကို ပလောင်စကားမတတ်လို့TNLA က ပစ်သတ်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

ကျောက်မဲမြို့ ကျောင်ကြီးဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်နေတဲ့ ရှမ်းတိုင်းရင်းသား တ ဦးနဲ့ ဗမာ ၂ ဦးကို ပလောင်စကားမတတ်လို့ TNLA က ပစ်သတ်ခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုဟာ CNA ရဲဘော် ၃ ဦးက စစ်ကောင်စီ တပ်သား ၃ ဦးကို ပစ်သတ်မှု ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ် တယ်။ ၂ မိနစ် ၄၆ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင်ထားသူတချို့က အဆောက်အဦးထဲမှာ စောင်ခြုံပြီး အိပ်နေတဲ့ သူ ၃ ယောက်ကို စကားအနည်းငယ်ပြောပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ တယ်လီဂရမ်ရဲ့ […]

Continue Reading

Fact Check: ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေသလား-မဟုတ်ပါ

ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ပို့စ်တခု ကြော်ငြာထားတာ တွေ့ရပါတယ်။ ဇွန် ၃ ရက်နေ့က စပြီး အသက် ၃၅ နှစ်အထက်ရှိသူတွေကို အတိုးမဲ့ ချေးငွေထုတ်ချေးမှာဖြစ် တယ်လို့လည်း ရေးသားထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြန်မာနိုင်ငံတွင် အသက် ၃၅န နှစ်အထက် ချေး ငွေများကို ဇွန်လ ၃ ရက်နေ့မှ စတင်၍ အခမဲ့  ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဏာရေးဝန်ကြီးဌာန” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဖေ့စ်ဘွတ်ပို့စ်မှာ ကြော်ငြားထားသလို စစ်ကောင်စီဘဏ္ဏာရေးဝန်ကြီးဌာန အပါအဝင် အမျိုးသားညီညွှတ်ရေး အစိုးရ ဘဏ္ဏာရေးဌာနတွေကလည်း […]

Continue Reading