Archives

Fact Check: ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေသလား-မဟုတ်ပါ

ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ပို့စ်တခု ကြော်ငြာထားတာ တွေ့ရပါတယ်။ ဇွန် ၃ ရက်နေ့က စပြီး အသက် ၃၅ နှစ်အထက်ရှိသူတွေကို အတိုးမဲ့ ချေးငွေထုတ်ချေးမှာဖြစ် တယ်လို့လည်း ရေးသားထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြန်မာနိုင်ငံတွင် အသက် ၃၅န နှစ်အထက် ချေး ငွေများကို ဇွန်လ ၃ ရက်နေ့မှ စတင်၍ အခမဲ့  ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဏာရေးဝန်ကြီးဌာန” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဖေ့စ်ဘွတ်ပို့စ်မှာ ကြော်ငြားထားသလို စစ်ကောင်စီဘဏ္ဏာရေးဝန်ကြီးဌာန အပါအဝင် အမျိုးသားညီညွှတ်ရေး အစိုးရ ဘဏ္ဏာရေးဌာနတွေကလည်း […]

Continue Reading

Fact Check: ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီ ဖမ်းဆီးဆိုတဲ့ သတင်းတု

ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီ ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “ဗဟိုဘဏ်ဥက္ကဌ စစ်တပ် ဖမ်းဆီး ဘဏ်အပ်ငွေ(၅)ဘီလျံ စစ်သားတွေခိုးထုတ်နေပြီ ဒေဝါလီ ခံလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့  “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဗဟိုဘဏ်ဥက္ကဌ […]

Continue Reading

Fact Check: အာဏာရှင် တဖြစ်လဲ ဗိုလ်နေဝင်းရဲ့ ဂျပန်မှာ စစ်ပညာသင်ကြားစဉ်က ဓာတ်ပုံလား- မဟုတ်ပါ

အာဏာရှင် တဖြစ်လဲ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်း ဂျပန်မှာ စစ်ပညာသင်ကြားစဉ်က ဂျပန်အပျော်မယ်တွေနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံ ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ဂျပန်နိုင်ငံတွင် စ_စ်ပညာသင်ကြားနေသော ရဲဘော် သုံးကျိပ်ဝင် သခင်ရှုမောင် ခေါ် ဗိုလ်နေဝင်း” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို စိစစ်ကြည့်ရာမှာ မူလက ဂျပန်စာရေးဆရာတဦးရဲ့ ဓာတ်ပုံနေရာမှာ မြန်မာနိုင်ငံရဲ့ အာဏာရှင်တဖြစ်လဲ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းရဲ့ ဓာတ်ပုံကို […]

Continue Reading

Fact Check: ဝင်းနိမ္မိတာရုံဆရာတော် စျာပန ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆိုတဲ့ သတင်းတု 

ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တယ် လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နိုင်ငံသံဃာ မဟာ နာယကအဖွဲ့ဝင်ဟောင်း ဆရာတော်ဟာ စစ်ကောင်စီ တပ်သားတွေ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရပြီး ဒီကနေ့(ဇွန် ၂၇ ရက်)မှာ ဥတုရုပ်ကလာပ်ကို မီးသဂြိုဟ်ပူဇော်ပြီးစီးပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာမရှိပါဘူး။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို ကြည့်ပါ။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းတု သတင်းမှားတွေ ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ မှတ်တမ်းဓာတ်ပုံလား-မဟုတ်ပါ

သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာ တွေ့ရတယ်။ အောက်ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသား မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  â€œá€žá€Źá€œá€Žá€…ွနဲအ 🦅ဂါရဝပါ သံတွဲလေဆိပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို ပုံရှာနည်း၊ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟောင်းတွေ ကို အသုံးပြုပြီး ပြန်လည်ဖန်တီးထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ နောက်ခံကို  သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) ဒီအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ အလံကိုင်ပြီး မှတ်တမ်းရိုက်ထားတဲ့ ဓာတ်ပုံဟာ မတ် ၈ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး စျာပန လာရောက်ပုံလား-မဟုတ်ပါ 

စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ပုံလို့ ဆိုလိုထားတဲ့ ဓာတ်ပုံတပုံ လူမှုကွန်ယက် စာမျက်နှာတွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်က နေပြည်တော် လယ်ဝေးက ဆရာတော်တပါးပျံလွန်တော်မူစဉ်က သွားရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန ​(ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အ သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပြီး ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရသာ အဖြစ်မှန်ကို သိရှိခဲ့ရကြောင်း၊ ဒီလိုစစ်တပ်ရဲ့ […]

Continue Reading

Fact Check: ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကို PDF က ပစ်သတ်ဆိုတဲ့ သတင်းမှား

ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သ ကို PDF က ပစ်ခတ်သတ်ဖြတ်တယ်လို့ဆိုပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာဟာ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီတယ်လီဂရမ် ချန်နယ်ကပဲ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက PDF က ဒီလိုဆရာတော်ကြီးကို လုပ်ကြံသတ်ဖြတ်မှုအတွက် ရှုတ်ချတယ်လို့ ရေးသားထားတဲ့ စာတစောင်လည်း ဖြန့်ဝေခဲ့သေးတယ်။ “PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ပျံလွန်တော်မူခဲ့ရပြီး ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မဟန(ငြိမ်း)နှင့် ယာဉ်မောင်းတို့၌ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်အား အကြမ်းဖက်မီဒီညာမှ လုပ်ကြံစာအတုဖြင့် တပ်မတော်က ပစ်ခတ်သည်ဟု လိမ်ညာရေးသားမှု။” မူရင်းလင်ခ့် – Telegram link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ […]

Continue Reading

Fact Check: ကျောက်ဖြူမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့စီးလားတဲ့ ရဟတ်ယာဉ် ပစ်ချခံရဆိုတဲ့ သတင်းတု

ကျောက်ဖြူမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့စီးလားတဲ့ ရဟတ်ယာဉ် ပစ်ချခံရဆိုတဲ့ ယူကျူ့ဗွီဒီယိုတခု ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသား ကောက်နုတ်ချက်ဖြစ်တယ်။  “ပြဿနာကြီးကြီး တက်ကုန်ပြီ ကျောက်ဖြူ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ‌ခေါင်းစဉ်လွဲ ဒါမှမဟုတ်လည်း လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တုတွေတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ကျောက်ဖြူမှာ တရုတ်ကိုယ်စားလှယ်အဖွဲ့စီးလားတဲ့ ရဟတ်ယာဉ် ပစ်ချခံရလို့ […]

Continue Reading

Fact Check: စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးမှု သတင်းတု

စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေ သေဆုံးပြီလို့ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်ကောင်စီ သမ္မတ ဦးမြင့်ဆွေ နာရေးသတင်း သေဆုံး MRTV အတည်ပြုလိုက်ပြီ (ရုပ်/သံ) ပြည်သူ့ကြိမ်စာဆူးပြီး ဝ၌လည် သေဆုံးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူထုအကြား ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုပ်ကြံရေးသားချက်တွေချည်းလည်း […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို R2P ဝင်ဖို့ အတည်ပြုဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

မြန်မာနိုင်ငံကို R2P ဝင်ရောက်ဖို့ အတည်ပြုလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယခုရက်ပိုင်းမှာ ယူကျူ့မှာ ဖြန့်ဝေ လာရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတွေသာဖြစ်တယ်။ R2P ဆိုတာကတော့ နိုင်ငံတနိုင်မှာ အုပ်ချုပ်သူအစိုးရတွေဟာ သူ့နိုင်ငံသားတွေကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးရေးသုတ်သင် ရှင်းလင်းမှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို တားဆီးရန် ပျက်ကွက်ရင် နိုင်ငံတကာကလည်း ဒီကိစ္စကို တားဆီဖို့ တာဝန်ရှိတဲ့အတွက် လိုအပ်ရင် စစ်ရေးနည်းလမ်းအထိ ရွေးချယ် နိုင်တယ်ဆိုတဲ့ ယူဆချက်ပဲဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “သန်ခေါင်ယံ အမိန့် R2P ဝင်မည် မြန်မာ့အရေး R2P ခွင့်ပြုလိုက်ပြီ စစ်အင်အား များပြားပြီး ပြည်သူတွေ အရေးပေါ်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive […]

Continue Reading