Archives

Fact Check: ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာတွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ ပန်းပွင့်လား-မဟုတ်ပါ

ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ အမည်မသိ တောပန်း တမျိုးလို့ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ အမည်မသိ တောပန်း တစ်မျိုးဖြစ်ပါတယ်။ မျောက်မျက်နှာနဲ့ဆင်တော့ မျောက်ခေါင်းပန်း မျောက်မျက်နှာပန်း သူရဲပန်း လို့အမည်တတ်ရကောင်းမလား။ ကဲ မိတ်ဆွေတို့ ပန်းအမည်ဘယ်လိုပေးကြမလဲ? တစ်ခါမှမမြင်ဘူးလို့ကူးယူတင်ပေးလိုက်တာပါ။ ထူးဆန်းနေသလားလို့ပါ။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဉာဏ်တုနည်းပညာ(Artificial Intelligence)အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတခုဖြစ်တာတွေ့ရပါတယ်။ “Sarah Clise”အမည်နဲ့ […]

Continue Reading

Fact Check: စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတဲ့ သတင်းတု

စစ်ကောင်စီကို ဖယ်ရှားဖို့ အမေရိကန်နဲ့ ဗြိတိန်ဦးဆောင်ပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံကြေညာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အရေးပေါ်ကြေညာလိုက်ပြီ  အမေရိကန်နဲ့ဗြိတိန် ဦးဆောင်ပြီ  စစ်ကောင်စီကိုဖယ်ရှားရန်(၉၃)နိုင်ငံကြေငြာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းမှာဖော်ပြခဲ့တဲ့ “မြန်မာကို နိုင်ငံသားတွေခရီးမသွားဖို့ တားမြစ်ချက် ယူကေအပြင် အမေရိကန်ပါထပ်ပြော”ဆိုတဲ့ သတင်းကို […]

Continue Reading

Fact Check: ရန်ကုန်တက္ကသိုလ်က အခမဲ့သင်တန်းတက်သူတွေကို လက်ပ်တော့ တလုံစီပေးသလား-မဟုတ်ပါ

အွန်လိုင်းကနေ အခမဲ့သင်တန်းပေးနေပြီး သင်တန်းတက်သူတွေကို ရန်ကုန်တက္ကသိုလ်က လက်ပ်တော့ တလုံစီပေးနေတယ်လို့ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု  ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတယ်။တကယ်တော့ သတင်းမှား တခုသာဖြစ်တယ်။ အွန်လိုင်းကနေ အခမဲ့ သတင်တန်း ရန်ကုန်တက္ကသိုလ်က ပို့ချခြင်းမရှိသလို လက်ပ်တော့ ပေးမယ်ဆိုတာလည်း မဟုတ်ပါဘူး။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ကြော်ငြာ တခုက ရယူထားခြင်းဖြစ်တယ်။ “အ‌ကြောင်းကြားပါ။ ဧပြီလ 22 ရက်၊ 2024 မှ ရန်ကုန်တက္ကသိုလ်သည် အသက် ၁၈ နှစ် မှ ၆၅ နှစ်ကြား အခမဲ့ အွန်လိုင်းသင်တန်း များ ပို့ချပေးနေသည်။  သင်တန်းကာလ အတွင်း လက်ပ်တော့တစ်လုံး ပေးပါမည်။  သင်တန်းပြီးဆုံးပါက ရန်ကုန်တက္ကသိုလ်မှ  ဘွဲ့လက်မှတ်ရရှိမည်ဖြစ်ပါသည်။” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: ထားဝယ်က မူလတန်းကျောင်းပေါက်ကွဲမှု NUG/PDF လက်ချက်ဆိုတဲ့ ဝါဒဖြန့်သတင်းမှား

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှုကြောင့် မူလတန်းကလေးငယ် တဦး သေဆုံးပြီး အများအပြားဒဏ်ရာရတဲ့ ဖြစ်စဉ်အပြီးမှာ ဒီလုပ်ရပ်ဟာ NUG/PDF က လုပ်တာလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းဟာ လက်ကျန် ဗုံးသီးတလုံးကို ကလေးတွေက တွေ့ရှိဆော့ကစားရာနေ ပေါက်ကွဲမှုဖြစ်ပြီး ဒီပစ္စည်းဟာ ဘယ်လိုရောက်ရှိ နေသလဲနဲ့ ဘယ်အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “မနေ့က ထား၀ယ်မြိုမှာ NUG PDF အကြမ်းဖက်သမားတွေရဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်လေး။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ကုလအထူးကိုယ်စားလှယ် ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ဆိုတဲ့ သတင်းတု

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပြန့်နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “UN အထူးကိုယ်စားလှယ် နေပြည်တော်ရောက်ရှိ ‌မင်းအောင်လှိုင်နဲ့ချက်ခြင်းတွေ့ပြီးကြားဝင်စေ့စပ် ဦးဝင်းမြင့်နဲ့ အမေစုကွင်းလုံးကျွတ်လွတ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တု ဒါမှဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် တွေတပ် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေချက်တွေလည်း ပြုလုပ်လေ့ရှိတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ […]

Continue Reading

Fact Check: သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးဆိုတဲ့ သတင်းတု

သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။  “ရန်ကုန်မှာ ချကုန်ပြီဟေ့  သာကေတမြို့မရဲစခန်း တိုက်ခိုက်ခံရ စစ်ကောင်စီဗိုလ်မှူးကြီးဗုံးထိမှန်သေဆုံး(ပွဲကြမ်းပြီ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီအပြင် အခုလို […]

Continue Reading

Fact Check: စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင်ဆိုတဲ့ သတင်းတု

စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တာမှာ အောင်မြင်မှုရခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလို တွေ့ဆုံမှုနဲ့ ညှိနှိုင်းအောင်မြင်မှုရရှိခဲ့ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုတယ်လို့လည်း ဆိုပါတယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသား ကောက်နုတ် ချက် ဖြစ်တယ်။  “Breaking News ဗိုလ်ချုပ်ဇော်မင်းထွန်းအတည်ပြု  စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင် မနက်ဖြန် (၉)နာရီမှ (၁၁)နာရီအထိဒေါ်စုမိန့်ခွန်းပြောမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တယ်ဆိုတဲ့အကြောင်း သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖြစ်စေ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။ “MS Story (Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: နို့မှုန့်က ဆီးချိုပျောက်တယ်လို့ ကြော်ငြာနေတဲ့ သတင်းမှား

တနေ့ကို နို့ဖန်ခွက် ၂ ခွက်ပဲ သောက်ပေးရုံနဲ့ ဆီးချိုကို ၇ ရက်အတွင်း ပျောက်ကင်းစေတယ်လို့ ဖေ့စ်ဘွတ်မှ ကြော်ငြာရောင်းချနေတဲ့ ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရယူထားခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Original link | Archive link မျှဝေထားတဲ့လင့်ခ်ကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ ရှည်လျားလှတဲ့ အမေးအဖြေပုံစံရေးသားမျှဝေချက်မှာ  Gludiabetic က ဆီးချိုပျောက်တယ်လို့ ဟော်မုန်းအထူးကုဆရာဝန် Yoshinori Ohsumi က ညွှန်းဆိုထားတာကို အတိုချုပ်အားဖြင့် နားလည်နိုင်တယ်။ အောက်ပါ စခရင်ရှော့ ဓာတ်ပုံကတော့ ဒီလို ဝင်ရောက်ကြည့်ရှု့ရာမှာ တွေ့ရတဲ့ Yoshinori Ohsumi ဆိုသူ ဆရာဝန် ဓာတ်ပုံနဲ့ ပြောဆိုချက်စာသားရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ အလားတူတဲ့ ဆီးချိုကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ […]

Continue Reading

Fact Check: NUGနဲ့ PDFကို ထောက်ပံ့တဲ့မလေးရှားရောက် မြန်မာတွေကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးမှုဗွီဒီယိုလား – မဟုတ်ပါ

NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲတပ်ဖွဲ့က ဖမ်းဆီးမှု ဆိုပြီးတော့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုထဲမှာ အမျိုးသား အတော်များများဟာ ရဲစခန်းတခုလို့ထင်ရတဲ့ အဆောက်အဦးလျှောက်လမ်းမမှာ ထိုင်လျှက် လမ်းလျှောက်ပြီး အခန်းတခုထဲကို ဝင်ရောက်သွားတဲ့ မြင်ကွင်းကို မြင်တွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲအဖွဲ့မှ ဖမ်းဆီးတဲ့ video file လို့ သိရတယ်။ မြင်ရတာတွေက အသည်းနာလှပါတယ်။ ကိုယ့်နိုင်ငံသားတွေဆိုတော့ တခြားသူတွေ ဖိနှိပ်တာမြင်ရင် စိတ်ထဲမှာ ဘယ်လိုမှ မခံနိုင်ဘူး။ မြင်ရတာစိတ်လည်းမကောင်းဘူး။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလို […]

Continue Reading

Fact Check: NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့

NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုဖြစ်တယ်။ NLD နာယက ဦးတင်ဦးဟာ ယနေ့(ဇွန် ၁ရက်)မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NLD နာယကကြီး ဘဘဦးတင်ဦး  မေ ၃၀  ၇ နာရီ ၃၂မိနစ်တွင်  ကွယ်လွယ်သွားပြီဟု  သိရှိရပါသည်။ ကောင်းရာ သုဂတိဘုံမှာ  အေးချမ်းပါစေ 🙏🙏🙏” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက ဦးတင်ဦး ကွယ်လွန်သွားပြီလို့ အချို့သော လူမှုကွန်ယက် အသုံးပြုသူတွေက ရေးသားဖြန့်ဝေနေချိန်မှာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် […]

Continue Reading