Archives

Fact Check: ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းတု

ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။  “စစ်ကောင်စီဗဟိုဘဏ်ကြငြာပြီ ကျပ်၁သောင်းတန်ငွေမဲအဖြစ်ကြေငြာပြီ မအလကြင်စိုး ငါးပါးမှောက်ပြီဟေ့”(မူရင်းရေးအသား) မူရင်းလင်ခ့် –  Youtube link | Archive link အချက်အလက်စိစစ်ချက် ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။  အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ “ရန်ကုန်ခေတ်သစ်”သတင်းဌာနရဲ့ အမည်နာမနဲ့ ဆင်တူယိုးမှားတုပကာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်ကို လိုအပ်သလို လုပ်ကြံရေးသားဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: လူရွှင်တော် ဝိုင်းကျော်နာရေး စစ်တပ်က ဗုံးကြဲဆိုတဲ့ သတင်းတု

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နာရေးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ပြည်သူ ၅၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယို ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာလည်း လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ “လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ကွယ်လွန်သူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်သူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နောက်ဆုံးခရီးကို မေ ၂၄ ရက် နေ့လယ် […]

Continue Reading

Fact Check: ‌အောင်ဇေယျစစ်ကြောင်းနဲ့ ပတ်သက်တဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတွေဖြစ်တယ်

အောင်ဇေယျစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီ၊ စစ်ကြောင်းလိုက် လက်နက်ချ အလံဖြူထောင်ပြီ၊ တပ်ပြန်ဆုတ်သွားပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းတုတပ်ဗွီဒီယိုတွေဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “တပ်ရင်းလိုက် လက်နက်ချပြီ  အောင်ဇေယျစစ်ကြောင်း အလံဖြူထောင်လက်နက်ချအညံ့ခံ ဗိုလ်ချုပ်စိုးဝင်းရဲ့ အောင်ဇေယျ ဇာတ်သိမ်းပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဖြန့်ဝေ‌ထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေက သတင်းဖော်ပြချက်တွေကို လိုအပ်သလို ကူးယူဖြန့်ဝေပြီး လူတွေ စိတ်ဝင်စားမှု မြင့်စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတွေတပ်ကာပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဒီလို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myammar ရဲ့ […]

Continue Reading

Fact Check: ရိုဟင်ဂျာတွေကိစ္စ AA ကို NUG ကရှုတ်ချမှုလုပ်ခဲ့သလား-မဟုတ်ပါ

ရိုဟင်ဂျာတွေကိစ္စ ရက္ခိုင်တပ်တော်(AA)ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ရှုတ်ချမှုလို့ဆိုပြီး ထုတ်ပြန်ချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ NUG ထုတ်ပြန်ချက်လို့ဆိုထားတဲ့ ထုတ်ပြန်စာထဲမှာ NUG လူ့အခွင့်အရေးဌာနက AA ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သူ၊ အဓမ္မစစ်သားစု‌ဆောင်သူ၊ ရိုဟင်ဂျာတွေကို အဓမ္မပြောင်းရွှေ့ခိုင်းသူ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပိတ်ပင်သူအဖြစ်ရေးသားထားပြီး ဒီအတွက် ရှုတ်ချထားကာ၊ AA ကိုအရေးယူနိုင်ဖို့ နိုင်ငံတကာကိုလည်း တိုက်တွန်းထားတယ်။ “ဘင်ကို ထိရင်တော့ NLD ဖြစ်ဖြစ်၊ NUG ဖြစ်ဖြစ် ဘယ်သူမှ သည်းငြီးမခံဘူးဆိုတာ AA သူပုန် သိသင့်တယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုပြီး မျှဝေနေတဲ့ သတင်းမှား

BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုတယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ယူကျူ့မှာချန်နယ်တခုက ထပ်ခါတလဲ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါတယ်။ “BGF ခေါင်းဆောင် စောချစ်သူ  အဖမ်းခံရတဲ့သတင်း  ဗိုလ်ကြီးနေမျိုးဇင် ကြေညာလာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် KNA တဖြစ်လဲ BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း အခုဖြန့်ဝေနေတဲ့ “Update News Channel”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာ စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွလှုပ်ရှားနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့live လွှင့် […]

Continue Reading

Fact Check: တရုတ်နဲ့ ကမ္ဘောဒီးယားစေ့စပ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ သတင်းတု

တရုတ်သမ္မတနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ စေ့စပ်ပေးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်စေ့စပ်မှု အမေစု ရာသက်ပန် လွှင်ခွင့်ရခဲ့ပြီ ကူညီပေးလို့ကျေးဇူးအထူးပါ၊ငါတို့နိုင်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မှာ လုပ်ကြံသတင်းတွေဖော်ပြနေတာ တွေ့ရပါ တယ်။ သတင်းသတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  ဒီအပြင် အခု ဗွီဒီယိုအစမှပြသတဲ့ ရုပ်သေဓာတ်ပုံထဲမှာ တရုတ်သမ္မတနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်စေ့စပ်မှုနဲ့ ‌ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့ ဆိုထားပေမဲ့ ဗွီဒီယိုထဲမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရာထူးမှ အနားယူတဲ့အကြောင်းမျှဝေထားပါတယ်။ သူ့နုတ်ထွက်သူကို အားလုံးက သဘောတူတဲ့အကြောင်းနဲ့ တနိုင်ငံလုံးဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် […]

Continue Reading

Fact Check: မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ သတင်းတု

မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်နဲ့ မြန်မာစစ်တပ် KIA တိုက်ခိုက်လို့ ရာနဲ့ချီသေဆုံးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြစ်ဆုံစီမံကိန်းလာလုပ်တဲ့ တရုတ်တွေနဲ့  မအလရဲ့ စစ်ခွေးတွေကို  KIA က ရှယ်တီးလိုက်လို့  အလောင်းတွေ ဧရာဝတီမြစ်ထဲ ရာချီမျောကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို မျှဝေ ထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေ သို့မဟုတ် သတင်းတု ရေးသားဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ […]

Continue Reading

Fact Check:  အာဂျင်တီးနားက စစ်‌ခေါင်းဆောင်ကို သေဒဏ်ပေးတဲ့ သတင်းတု

အာဂျင်တီးနာတရားရုံးက မြန်မာစစ်ခေါင်းဆောင်ကို အမြင့်ဆုံးပြစ်ဒဏ် သေမိန့်ချလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာတွေ့ ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။ “အမြင့်ဆုံး ပစ်ဒဏ် သေမိန့်ကျပြီ  ဒေါ်စုကယ်ခဲ့တုန်းက စော်ကားပြီး အခုပြေးမလွတ်တော့ဘူး အဂျင်တီးနားနိုင်ငံရဲ့ ဖမ်းဝရမ်းနဲ့ စီရင်ချက်”(မူရင်းအရေးအသား) မူရင်းလင့်ခ် – Youtube link | Archive link အချက်အလက်စိစစ်ချက် အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တယ် သို့မဟုတ် သေဒဏ်ချမှတ်လိုက် တယ်ဆိုတဲ့ အထောက်အထား သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလို အာဂျင်းတီးနားနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပြီး သေဒဏ်ချလိုက်တယ်လို့ ပြောဆိုမျှဝေထားတဲ့ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ပြီး […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်တဲ့ သတင်းတု

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်ရိုက်မဲခွဲဆုံးဖြတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာ တွေ့ ရပါတယ်။ သတင်းမှား ဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။ မူရင်းလင့်ခ် – Youtube link | Archive link အချက်အလက်စိစစ်ချက် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်ရိုက်မဲခွဲဆုံးဖြတ် တယ် ဆိုတဲ့ အကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ‌ ဖော်ပြချက်မရှိပါဘူး။ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဗွီဒီယိုထဲပါအကြောင်းအရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လွတ်လပ်တဲ့အာရှအသံ(မြန်မာပိုင်း)အစီအစဉ်တင်ဆက်သူ […]

Continue Reading

Fact Check: ဘီးနံပါတ် OK 0122L သီချင်းနဲ့ ပတ်သက်တဲ့ အချက်အလက်မှား 

ဂန္ဓဝင် အဆိုတော်နဲ့ သီချင်းရေးဆရာ စိုင်းခမ်းလိတ်ရဲ့ ဘီးနံပါတ်.. OK 0122Lဆိုတဲ့ သီချင်းဟာ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပြီး ရှမ်းတယောက်ရဲ့ ခံစားချက်ကို ဖော်ပြထားတယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ ရပါတယ်။ ပြောဆိုချက်ဟာ မမှန်ကန်ပါဘူး။ အောက်ပါစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး  ရှိသေးတယ်… ကျနော်တို့ သိထားတဲ့… ဘီးနံပါတ်… OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီးလေး အကြောင်းလေ မင်းသခင်မလေး ခမြာလေ.. သိပ်ကို စွဲလမ်းရှာနေ.. ပြန်ရွေးလို့ ရခဲ့ရင်  ပြန်ရွေးလို့ […]

Continue Reading