Archives

Fact Check: စောချစ်သူခေါင်းဆောင်တဲ့ BGF အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက် ဆိုတဲ့ သတင်းမှား

ဗိုလ်မှူးကြီးစောချစ်သူခေါင်းဆောင်တဲ့ BGF တပ်ဖွဲ့ဟာ အောင်ဇေယျစစ်ကြောင်းကို ပြန်တိုက်နေပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။  KNLA နဲ့ PDF တပ်တွေ မြဝတီမြို့ကို ထိန်းချုပ်ခဲ့ပြီးနောက်မှာ မြန်မာစစ်တပ်က မြဝတီမြို့ ပြန်လည်စိုးမိုးရေး အတွက် အောင်ဇေယျစစ်ဆင်ရေးဆိုပြီး စစ်ဆင်ရေးတရပ်ဖော်ဆောင်ခဲ့ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာတွေ့ရပါတယ်။ “BGF ခေါင်းဆောင်ပွဲကြမ်းပီဟေ့  BGF ခေါင်းဆောင်စောချစ်သူမှ အောင်ဇေယျ  စစ်ကြောင်းကိုပြန်တိုက်ကုန်ပီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ အခုလိုဖော်ပြ ထားတဲ့ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: မေ ၁၆-၁၇ မှာ မုန်တိုင်းကြီး ဝင်တော့မယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

မေ ၁၆ နဲ့ ၁၇ မှာ မုန်တိုင်းကြီး ဝင်တော့မယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိတာဟာ သတင်းမှားတခုသာဖြစ်တယ်။ ဒီလိုပြောဆိုထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ည ၁၀ နာရီ မုန်တိုင်းသတင်းထူး မေလ ၁၆-၁၇ တကယ်မုန်တိုင်းစဝင်တော့မယ်စုစုစံကြေညာ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံကို မေ ၁၆-၁၇ ရက်အတွင်း မုန်းတိုင်ကြီး စဝင်တော့မယ်ဆိုတဲ့ ဒီသတင်းဖော်ပြချက်မျိုးမရှိ ယုံကြည့် ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့တရားဝင် မိုးလေဝသအေဂျင်စီတွေက ဖော်ပြချက်မတွေ့ရပါဘူး။ တကယ်တမ်း အခု ဖြန့်ဝေနေတဲ့ ပို့စ်မှာပြောထားသလိုပဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မိုးလေဝသခန့်မှန်းချက်တွေ ဖေ့စ်ဘွတ်ပေါ်ကနေ ပုံမှန်ဖြန့်ဝေလေ့ရှိတဲ့ “Su […]

Continue Reading

Fact Check: SME ဘဏ်ဟာ အွန်လိုင်းကနေ အလွယ်တကူချေးငွေ ထုတ်ချေးနေ သလား-မဟုတ်ပါ 

မြန်မာနိုင်ငံ အသေးစားအလတ်စားဖွံ့ဖြိုးရေးဘဏ်(SME Development Bank)ကနေ ချေးငွေတွေကို အွန်လိုင်း ကနေ အလွယ်တကူထုတ်ချေးပေးနေတယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအား ကောင်းနေ တာတွေ့ ရပါတယ်။ SME Development Bank ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး ပုံမှားရိုက်ကာ ငွေကြေး လိမ်လည်နေတဲ့ စာမျက်နှာတွေဖြစ်တာတွေ့ရပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ SME Development Bank ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွှန့်ရဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို ချေးငွေထုတ်ချေးနေမှုအခြေအနေကို ဖြေကြားနေတဲ့ ဗွီဒီယိုနဲ့အတူ အောက်ပါစာသားတွေလည်း ဖော်ပြထား တယ်။ တူညီတဲ့ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မဂ်လာပါ “”SME””Online မှတဆင့်ငွေချေးလုပ်ငန်း မှ ကြို ဆိုပါတယ် ပြည်တွင်း ကိုပိုင်စီးပွားရေးများအတွက် လူကြီးမင်းတို့လိုအပ်သလောက်အရင်းနီးငွေကို Online […]

Continue Reading

Fact Check: နို့ထွက်ပစ္စည်းက ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်စေ နိုင်တယ်ဆိုတဲ့ သတင်းမှား

Diaglusure က ဆီးချိုကို ကုသနိုင်ပြီး လေဖြတ်ခြင်းကို ပျောက်ကင်းစေတယ်လို့ဆိုထားတဲ့ ပိုစ်တွေ ဖေ့စ်ဘွတ်မှာ ကြော်ငြာရောင်းချနေပြီး ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ Diaglusure က နို့မှုန့်တမျိုးပဲဖြစ်ပြီး  နို့ရည်ကြည်က ဆီးချိုကို သက်သာစေနိုင်တယ်ဆိုတဲ့ ကနဦးတွေ့ရှိချက်ရှိပေမဲ့ ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိတာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “Diaglusure ဖြင့် သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာ လျှော့ချပါ။ 👉 တစ်နေ့လျှင် Diaglusure နို့ 2 ခွက်သာ သောက်ပါ ။ – လေဖြတ်ခြင်း၊ အသည်းပျက်ဆီးခြင်း၊ မျက်စိကွယ်ခြင်းစသည့် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာများကို လုံးဝပျောက်ကင်းအောင် ကူညီပေးပါတယ်။ အင်ဆူလင်ခုခံမှုကို လျှော့ချပေးပါတယ်။ – ဆီးချိုရောဂါအမျိုးအစား ၁ […]

Continue Reading

Fact Check: သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ် လိုက်တယ်ဆိုတဲ့ သတင်းတု

သံဃာတွေပါ စစ်မှုထမ်းရမယ်လို့ စစ်ခေါင်းဆောင်က အမိန့်ထုတ်လိုက်တယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “Breaking News သံဃာ(၅)သိန်းထိုးကျွေးပြီးဟေ့ စစ်ရှုံးနေတဲ့သမ္မတရူးမအလကြင်စိုး သီတဂူနဲ့လက်ဝါးချင်းရိုက်ပြီ  သံဃာတွေပါစစ်မှုထမ်းရမည် မအလ အမိန့်ထုတ်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ ထင်ယောင် ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တု တွေတပ်ဖြန့်ချိလေ့ရှိတာလည်းတွေ့ရတယ်။ “Khit Thit Televison”အမည်နဲ့ ယူကျူ့ချန်နယ်ရဲ့ သတင်းတုဖြန့်ဝေမှုတွေအကြောင်း အချက်အလက်စိစစ်ချက်တွေကို Fact Crescendo Myanmar ရဲ့ ဒီလင့်ခ်မှာကြည့်ပါ။  […]

Continue Reading

Fact Check: BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရပြီး သေဆုံးဆိုတဲ့သတင်းတု

BGF ခေါင်းဆောင် စောချစ်သူ လုပ်ကြံခံရလို့ ‌‌ဆေးရုံတင်ထားရတယ်၊ သေဆုံးသွားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  ဒီယူကျူ့ချန်နယ်ကပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတော့ BGF ခေါင်း‌ဆောင် စောချစ်သူကို စစ်ကောင်စီက ဖမ်းဆီး သတ်ပစ်လိုက်ပြီဆိုပြီးတော့ မျှဝေထားပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ “စောချစ်သူ လုပ်ကြံခံကပီဟေ့ BGF ခေါင်းဆောင် စောချစ်သူလုပ်ကြံခံရသဖြင့်  အရေးပေါ်ဆေးရုံတင်ထားကတဲ့ဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မှာ ဒီချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ ယူကျူ့မှာဖြန့်ဝေထားတာဟာ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အာနာသိမ်းခိုင်းတဲ့ဆရာကြီးကိုဖမ်းချုတ်ပြီး  အမေ့များနေ့မှာ အမေစုကိုလွတ်ပေးလိုက်ပြီ တနိုင်ငံလုံးဝမ်းသာစရာသတင်းထူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ အမေများနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးလိုက်ပြီလို့ဆိုထားပေမယ့် တကယ်တော့ ဒီဗွီဒီယိုတခုလုံးမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် တဲ့သတင်းကို လွတ်လပ်တဲ့ သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုထဲမှာ ယူကျူ့အသုံးပြုသူတဦးက စစ်တပ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြနေတဲ့ စစ်တပ်ထောက်တိုင်တွေဟာလည်း ရူးကြောင်ကြောင်လုပ်ရပ်ဖြစ်ကြောင်း၊ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြတာထက် နေပြည်တော်မှာ ဆန္ဒပြသင့်ကြောင်း၊ ယနေ့ဖြစ်ပျက်နေတဲ့ […]

Continue Reading

Fact Check: မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်ဆိုတဲ့ သတင်းတု

မန္တလေးအိုးဘိုထောင်ကို PDF သိမ်းပြီး အကျဉ်းထောင်အရာရှိနဲ့ ထောင်သားတွေကို ပစ်သတ်လိုက်တယ်လို့ ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အကျဉ်းသား ၉၀၀၀ လွတ်ပြီ  မန္တလေးအိုးဘို‌ထောင် PDF သိမ်းပြီ အကျဉ်းထောင်အရာရှိကို ဖမ်းဆီးပြီးမီးရှို့သတ် မုဒိမ်းမှုလူသတ်မှုနဲ့ကျသူတွေကိုတစ်ခါတည်းပစ်သတ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ကန့်ဘလူ မလည်ကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ကြော စစ်ကြောင်း​ကြောင်းထိုးရာ လန်ကျ၊ ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၃ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတု

ကုလသမဂ္ဂရဲ့ကြားဝင်မှု၊ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ တောင်းဆိုမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အခြားသော ယူကျူ့ ဗွိဒီယိုတခုမှာတော့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က လွှတ်ပေးလိုက်ပြီလို့ဆိုထားတယ်။ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။   “မနက်ဖြန်မနက် UN တာဝန်ရှိသူတွေ လာမှာမို့  အမေစုကို ညတွင်းချင်း  လွှတ်ပေးလိုက်လို့ ကြိုနေကြပြီ အောင်ပွဲခံဖို့ မစောင့်နိုင်တော့ဘူးကွာ ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေသလား- မဟုတ်ပါ

ဧပြီလမှ စတင်ပြီး မြန်မာနိုင်ငံ ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေတယ်လို့ ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ အသက် ၁၈ နှစ်အထက်ကနေ အသက် ၅၅ နှစ်အထက်အထိ သင်တန်းတွေကို ဝင်ရောက်ကြည့်ရှူ့နိုင်တယ်ဆိုပြီးတော့လည်း ကြော်ငြာထားတာတွေ့ရတယ်။ အတုအယောင်ကြော်ငြာ တခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အစိုးရအကျိုးခံစားခွင့်များကို အသုံးချပါ၊ အခမဲ့အွန်လိုင်းသင်တန်းများကို စူးစမ်းလေ့လာပြီး နိုင်ငံအလိုက် အသိအမှတ်ပြုလက်မှတ်ကို ရယူလိုက်ပါ။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းကို မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနမှာလည်း ဖော်ပြချက်မရှိသလို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အောက်က ပညာရေးဝန်ကြီးဌာန မှာလည်းဖော်ပြချက် မရှိပါ။ ဒီလိုမျှဝေထားတဲ့ […]

Continue Reading