Archives

Fact Check: အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးဆိုတဲ့ သတင်းတု

အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ — အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  “အင်းစိန်ထောင်ကို မီးရှို့ပြီး  ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး တစ်မြို့လုံး အန္တရာယ်ဥဩဆွဲသံတွေ ကြားနေရ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Aung VLOG”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ လူစိတ်ဝင်စားမှုများပြားနိုင်တဲ့ အကြောင်းအရာတွေ ကို လုပ်ကြံရေးသားဖြန့်ဝေနေတာတွေ့ရပါတယ်။ အင်းစိန်ထောင် မီးရှို့ပြီး ရာဇဝတ်သား ၃၀၀၀ ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုတဲ့သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။  အခြားသော ဗွီဒီယိုပါအကြောင်းအရာတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “BGF က […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ကျန်းမာရေး ကြောင့် တာဝန်မှ အနားပေး လိုက်တယ်ဆိုတဲ့ သတင်းတု

ဒုတိယစစ်ခေါင်းဆောင်ကို ကျန်းမာရေးကြောင့် တာဝန်မှ အနားပေးလိုက်တယ်ဆိုတဲ့ ပို့စ်ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်း ဒီလိုထုတ်ပြန်ချက်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။  “… အခုတော့ သိပ်ကိုသေချာသွားခဲ့ပြီ … ဟိုနေ့က လူလုံးထွက်ပြတဲ့ မော်လမြိုင် ကဆေးရုံဆိုတာကလဲ သူမဖြစ်ခင် ကပုံတွေပါ.. Eleven Media Group သူတို့ကိုဘောမနေတဲ့ Media ကနေ ကူးပြီးပုံဟောင်းတွေကိုဖြန့်ထားတာပါ… လက်ရှိသတင်းတွေအရ မရှု့မလှ ခံနေရတုံးပါ အခုတော့ ရှင်းသွားပါပြီ.. ဘိုင် သရေကြိုးကိုးကွင်း ရေ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်နဲ့ စစ်တပ်ပိုင်မြဝတီသတင်းဌာနတွေမှာ […]

Continue Reading

Fact Check: အလောင်းတော်ကဿဖ ဂူနံရံရှိ ရွှေတွေကို PDF အဖွဲ့က ခွာယူသွားတယ် ဆိုတဲ့ သတင်းမှား

မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား တယ်လို့ဆိုထားတဲ့ ပြောဆိုချက်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေချက်တခုသာဖြစ်ပြီး ရွှေခွာယူသွားတယ်ဆိုတာမဟုတ်ကြောင်း အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ ပေါက်ဖော်အမည်နဲ့ ဝက်ဘ်ဆိုဒ် ကလည်း တရုတ်ဘာသာနဲ့ ရေးသာဖြန့်ဝေထားတာလည်းတွေ့ရတယ်။ “(မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား 😪)” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းဟာ မမှန်ကန်ကြောင်းနဲ့ ဒေသခံပြည်သူတွေဆိုရင် ဒီဖြစ်ရပ် […]

Continue Reading

Fact Check: တိုယိုတာ ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်နေတဲ့ ဗွီဒီယိုဟာ မြန်မာနိုင်ငံက မဟုတ်ပါ

တိုယိုတာ အမှတ်တံဆိပ်ကားတစီးပေါ်ကနေ အတွဲလိုက်ပစ် ဒုံးကျည်ပစ်စင်ကနေ ဒုံးကျည်တွေ ပစ်လွှတ်နေတဲ့ ဗွီဒီယိုကို မြန်မာနိုင်ငံက တော်လှန်ရေးတပ်တွေ နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေမှုလို့ ဆိုလို မျှဝေထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယို ၂၀၁၆ ခုနှစ်လောက်ကတည်း အခြားသော ဘာသာစကားအသုံးပြုသူတွေပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၅ ရက်က စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သန်းဝန်းကျင် ရရှိထားတယ်။ မှတ်ချက်ပေးထားတာတွေကို လေ့လာကြည့်ရာမှာလည်း မြန်မာပြည်က တော်လှန်ရေးအဖွဲ့တွေရဲ့ တကယ်ပဲ စမ်းသပ်ပစ်ခတ်နေတဲ့ ဗွီဒီယိုလာဆိုပြီးတော့ ဝေးဝါးနေသလို နားလည်မှုလွဲစေနိုင်တာတွေ့ရတယ်။ “နေပြည်တော်အတွက်အထူး😘👊👊” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: ရေဘီးလူခေါင်းဆောင် လုပ်ကြံခံရပြီး သေဆုံးမှု သတင်းမှား

ရေးမြိုနယ်မှာ အဓိကလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ ခေါင်းဆောင် လုပ်ကြံခံရလို့ သေဆုံးတဲ့ ဓာတ်ပုံအဖြစ်  ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာနဲ့ စစ်တပ်ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်ရဲ့ ဒီနေရာမှာ တွေ့ရပါတယ်။  “ရေးဘီလူး(ခ) လှိုင်းဝင်း လုပ်ကြံခံရ  ရေးမြိုနယ်တွင်အဓိကလှုပ်ရှားနေသည့် အင်အား ၂၀၀ ခန့်ရှိ ရေးဘီလူးအဖွဲ ခေါင်းဆောင်သည် ယမန်နေ့က အမညျမသျိ လူသုံးဦး၏ လက်ချက်ဖြင့်သေဆုံးသွားကြောင်းသိရသည်။ စခန်းဒုခေါင်းဆောင်နှင့် လွန်ခဲ့သည့်တစ်ပတ်က အလှူငွေကိစ္စ စကားများကြရာက ယခုကဲသို လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း တပ်ဖွဲဝင်များ က ဆိုသည်။ ၎င်းသေဆုံးခြင်းကို လျှိဝှက်ထားချင်သည့်အတွက် သတင်းကိုဖုံးဖိရန် အစပိုင်းက ကြိုးစားသော်လဲ ၎၏ အလောင်းပုံ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သား ဗြိတိန်မှာ အဖမ်းခံရမှု သတင်းမှား

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံကို ဗြိတိန်ရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီးလိုက်တဲ့ ရုပ်သံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားတခုသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဘလော့ဂ်စာမျက်နှာတခုရဲ့ ဒီနေရာ နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “မင်းအောင်လှိုင် သား အောင်ပြည့်စုံကို  UK ရဲတပ် လေဆိပ်မှာ ဖမ်း (ရုပ်/သံ) MRTV က အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: ဧပြီ ဒုတိယပတ်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး ရေကြီးနေပုံလား-မဟုတ်ပါ 

ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးကြီးနေပုံလို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာ မုန်တိုင်းထန်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ အခုလို ဗွီဒီယိုတွေ ပျံ့နှံ့လာတာဖြစ်တယ်။ ဒါပေမဲ့  ၁မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲ အစိတ်အပိုင်းအတော်များများဟာ ဧပြီ ၁၆ ရက်က ဒူဘိုင်းမှာဖြစ်ပွားခဲ့တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။  “မနေ့က… အရမ်းကြမ်းတဲ့…ဒူဘိုင်း က..လေနဲ့မိုး…😱 ဒီနေ့.. လေမိုးအလွန် ပျက်စီးဆုံးရှုံးမှုများ..😌😌😌” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုတွေကို Google မှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ ရာထူးကနုတ်ထွက်ပြီး ရုရှားကို ပြေးသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂၄ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “လုံးဝထင်မထားတဲ့ သတင်းကြီးဟေ့  မအလ နှုတ်ထွက်ပြီတဲ့ကွ စစ်ဗိုလ်ချုပ် ၁၅၀ နီးပါး  ရုရှားနဲ့ တရုတ် ကို အသီးသီးပြေးကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်ရာမှာ […]

Continue Reading

Fact Check: ပြင်ဦးလွင်မှာ စစ်တပ်ယာဉ်တန်းကို PDF ကပစ်ခတ်တိုက်ခိုက်မှု သတင်းတု

ဧပြီ ၁၇ ရက်နေ့က ပြင်ဦးလွင်မှာ စစ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုအဖြစ် ဖော်ပြထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှားဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၈ ရက်က မျှဝေထားတဲ့ ဗွီဒီယိုဟာလက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၈ သန်းကျော်ရရှိထားတယ်။ “17/4/2024 ပြင်ဦးလွင်လာနေတဲ့ စစ်ကား ပုံးစွဲခံရ စိတ်တော်မကောင်းဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဗွီဒီယိုဟာ ARMA 3 ဆော့ဖ်ဝဲလ်လို စစ်ရေးဆိုင်ရာတွေကို စိတ်ကူးဖန်တီးရေးဆွဲလို့ရတဲ့ ဆော့ဖ်ဝဲလ်တခုသုံးပြီး ထုတ်လုပ်ထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ မူလဗွီဒီယိုလို့ […]

Continue Reading

Fact Check: မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ ပစ်ချခံရမှု သတင်းတု

မြဝတီမှာ မြန်မာစစ်တပ်လေယာဉ်တွေ KNU နဲ့ ထိုင်းက ပစ်ချလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ မျှဝေထားပြီး ပျံ့နှံ့မှုလည်း အားကောင်းလျက်ရှိတယ်။ တချို့သော ဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေမှာ ထိုင်းလေတပ်က မြန်မာစစ်တပ် တိုက်လေယာဉ်တွေကို ပစ်ချလိုက်တယ်၊ ထိုင်းက KNU ဘက်က ဝင်တိုက်နေပြီစသည့် လည်းဖော်ပြထားတယ်။ သတင်းတုသတင်းမှားတွေသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၉ ရက်က မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ထိုင်းဝင်ကူနေပြီဟေ့ ရုရှားထုတ်ရဟတ်ယာဉ်ပစ်ချ တိုသ်းမှူးအဆင့်လိုက်ပါပြီးမြဝတီကိုလာတာ ထိုင်းလေကြောင်းအဖွဲ့ကပစ်ချလိုက်တာ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link […]

Continue Reading