Archives

Fact Check: စစ်အာဏာရှင်ဟောင်း သန်းရွှေ သေဒဏ်ပေးခံရဆိုတဲ့ သတင်းတု

အာဏာရှင်‌‌ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတယ်။  တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ “Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့  ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က  ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီ တစ်နိုင်ငံလုံး ပွဲဆူကုန်ပြီ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ “Khit Thit Channel” အမည်နဲ့ ယူကျူ့ ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီးဖြစ်တဲ့ ရေပန်းစားခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြပြီး သတင်းခေါင်းစဉ်တု၊ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သား အသတ်ခံရတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည့်စုံ အောက်တိုဘာ ၂၈ ရက်မှာ အသတ်ခံလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “မအလ အချစ်ဆုံးသား ယနေ့(၂၈)နေ့မှာ အသတ်ခံလိုက်ရပြီ သူ့သားအလောင်းကို နေ ပြည်တော် ပြန်ပို့ပီ “စသည်ဖြင့် ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး […]

Continue Reading

Fact Check: စစ်တိုက်လေယာဉ် ၂ စီးတိုက်မိလို့ ၃၆ ဦးသေဆုံးဆိုတဲ့ သတင်းတု

စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု  ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပျက်ကျ(၃၆)ဦးသေဆုံး စစ်တိုက်လေယာဉ်(၂)စီး အချင်းချင်း တိုက်မိလို့ ၂ စီးလုံး ပျက်ကျပြီး ၃၆ ဦးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုအကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ […]

Continue Reading

Fact Check: ခြံအမှတ် ၅၄ လေလံတင်ရောင်းချအပြီး ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းတု

ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး ‌ဒေါ်အောင်ဆန်းစုကြည် သေပြီလို့ စစ်ကောင်စီက ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကြရတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အကိုဖြစ်သူက ရောင်းချလိုနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး အမေစု အသက်မရှိတော့ဘူးဟု ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီချန်နယ်က အလားတူတဲ့ရေးသားမျှဝေမှုမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ လေဖြတ်သေပြီလို့ စစ်တပ်ပြန်ကြားရေးက ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုထားပါတယ်။  ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် “Local Celegram”ယူကျူ့ချန်နယ်ကတော့ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကို အကြမ်းဖက်အဖြစ် ကုလကြေညာပြီး ၄၈ နာရီ အတွင်း အရေးယူမယ့် သတင်းတု

မြန်မာအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ကုလသမဂ္ဂက ကြေညာလိုက်ပြီး ၄၈ နာရီအတွင်း အရေးယူမယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။  “အကြမ်းဖက်စစ်အုပ်စု နိဂုံးချုပ်ပြီ ကုလရဲ့လုပ်ကိုင်ခွင့် ထုတ်သုံးနေပြီ ၊ အကြမ်းဖက်အစိုးရအဖြစ် ကြေညာပြီး (၄၈) နာရီအတွင် အ‌ရေးယူဖမ်းဆီးမည်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို အခုလို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်”သတင်းဌာနကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပြီး ဒီသတင်းဌာနအပါအဝင် တခြားသတင်းဌာနတချို့က […]

Continue Reading

Fact Check: အံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို အမေရိကန်သူဌေးကြီး အီလွန်မက်က ရောင်းချတော့မှာလား-မဟုတ်ပါ

နည်းပညာလောကမှာ ထိပ်တန်းတီထွင်မှုတွေနဲ့ ချမ်းသာလာတဲ့ အမေရိကန်သူဌေးကြီး အီလွန် မက်(Elon Musk)ကအံမခန်းနည်းပညာတွေနဲ့ Tesla Pi ဖုန်းကို ရောင်းချတော့မှာမယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အီမွန်မက်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်မှာပဲ ကောင်းကင်ကို ပျံတက်သွားပြီးနောက် ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာတဲ့ အာကာယာဉ်တွန်း ဒုံးပျံကို အပျက်အစီးမရှိဘဲ မူလ ဒုံးလွှတ်စင်မှာပဲ ပြန်လည်ဖမ်းယူနိုင်တဲ့ တီတွင်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး အာကာသနည်းပညာ‌လောကမှာ ကြီးမားတဲ့ အောင်မြင်မှုသမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “သူဌေးကြီး အီလွန်မက်စ်ကတော့ ရှယ်တွေ လုပ်ပြပါဦးမယ်၊ အားသွင်းစရာမလို၊ အင်တာနက် မလိုတဲ့ ပိုင်ဖုန်း ထုတ်ပါဦးမယ်တဲ့၊ အင်တာနက် မရှိလို့၊ ဝိုင်ဖိုင်မရလို့ ဖုန်းမသုံးနိုင်လို့ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းသေဆုံးမှု သတင်းတု

ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေသာဖြစ်တယ်။ ဒု-စစ်ခေါင်း‌ဆောင်ဟာ မုံရွာ စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပေမဲ့ ထိခိုက်မှုရှိမရှိ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဒုတပ်ချုပ် စိုးဝင်း အသတ်ခံရတာ MRTV ကိုယ်တိုင် အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေမှာ ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းလိုက်ပါလာတဲ့ စစ်ယာဉ် မိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးတယ်၊ PDF တွေ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးတယ်စသဖြင့်ဖော်ပြပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်ရှိလာတဲ့ ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်မှု တိုက်ခိုက်ခဲ့တဲ့ […]

Continue Reading

Fact Check: ပ‌ဟေဠိဖြေနိုင်သူတွေကို Oppo ကုမ္ပဏီက နောက်ဆုံးထွက် ဖုန်းတွေ ပေးမယ်ဆိုတဲ့ သတင်းမှား 

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှားသာဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “Oppo ဖုန်းနောက်ဆုံးထွက်ဗားရှင်းကို ရယူရန် (98) မှလွဲ၍ အခြားနံပါတ်များကို ရှာဖွေပါ။ မှတ်ချက်- ယခုဖြေဆိုရန် ကိုယ်စားလှယ်လောင်း ၁၇၀ သာ ကျန်ရှိတော့သည်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် စမတ်ဖုန်း ထုတ်လုပ်ဖြန့်ချိနေတဲ့ Oppo ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလို ကြော်ငြာထားတာမရှိပါဘူး။ အခုလ ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Oppo ကုမ္ပဏီက Oppo အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ […]

Continue Reading

Fact Check: မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ၄ ဦးကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု

မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို ဖမ်းဝရမ်းထုတ်တယ်လို့ ရေးသား ပြီး ဗွီဒီယိုတခု Khit Thit Channel အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖော်ပြထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “မလေးရှားဝန်ကြီးချုပ်အပါအဝင် (၂၅)နိုင်ငံမှ  စစ်ခေါင်း‌ဆောင် (၄)ဦးကို ၂၄ နာရီအတွင်း ဖမ်းဝရမ်း ထုတ်ပြီ စစ်ခေါင်းဆောင်တွေ လမ်းဆုံးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း […]

Continue Reading

Fact Check: အမေရိကန်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန် မြင်ကွင်းလား-မဟုတ်ပါ

အမေရိကန်နိုင်ငံ ဝင်ရောက်ခဲ့တဲ့ တနာရီလေတိုက်နှုန်း ၂၁၅ မိုင်ရှိတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန်မြင်ကွင်း ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ မုန်တိုင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ပြိုကျ၊ ကားတွေ လေစီးကြောင်းနဲ့ လွှင့်သွားတာ စတဲ့ မြင်ကွင်းတွေ အများစုပါဝင်တယ်။ ဒါပေမဲ့ ဒီဗွီဒီယိုဟာ အောက်တိုဘာ ၁၀ ရက်နေ့က အမေရိကန်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “USA.မုန်တိုင်းကြီး😨😰 ၂၁၅ မိုင်နှုံး ဖြင့်တိုက်ခပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မျှဝေထားတဲ့ ဗွီဒီယိုကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး ပျံ့နှံ့ခဲ့ပုံကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုပါ မြင်ကွင်း တချို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်ကတည်းက […]

Continue Reading