Archives

Fact Check: ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်/ကျဉ်းတွေကို လွှတ်ပေးဆိုတဲ့ သတင်းတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်သေဆုံး ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၃၀၀ ကျော်ကို စစ်ခေါင်းဆောင်က လွှတ်ပေး လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တွေမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဒီလို ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကိုကြည့်ပါ။ အလားတူတဲ့ပြောဆိုမှုတွေပါဝင်တဲ့ ဖြန့်ဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ “သူ့ကြောင့် Dr.ဇော်မြင့်မောင် သေခဲ့ရလို့  ပြည်သူတွေ စိတ်နှလုံးအေးချမ်းဖို့ အမေစုနဲ့အတူ နိုင်ကျဉ်း (၇၃၀၀)ဦးလွတ်ငြိမ်းခွင့်ပေးပြီဟု မအလကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရှိပါဘူး။ ဗွီဒီယိုကို […]

Continue Reading

Fact Check: မြောက်ကိုရီးယားက ပြည်သူတွေအတွက် ဒေါ်လာ ၂၃ သန်းပေးလိုက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်တဲ့သတင်းတု

မြောက်ကိုရီးယားက မြန်မာပြည်သူတွေကို ဒေါ်လာ ၂၃ သန်းပေးအပ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပြည်သူတွေတွက် ဝမ်းသာစရာ သတင်းကောင်း မြောက်ကိုရီးယားက ပြည်သူကို ဒေါ်လာ(၂၃)သန်းပေး ကင်ဂျုံအမ် မအလကို ဖမ်းဝရမ်းထုတ်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း အရာတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။ အခု ဖြန့်ဝေထားတဲ့ မြောက်ကိုရီးယားက မြန်မာပြည်သူတွေကို ဒေါ်လာ ၂၃ သန်းပေးအပ်လိုက်ပြီး […]

Continue Reading

Fact Check: စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ပြောတဲ့ သတင်းတု

စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုတွေ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်က ဆက်တိုက်ဖြန့်ဝေနေတာဟာ သတင်းတုတွေ သာဖြစ်တယ်။  ဒီယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ယနေ့ အာဆီယံအစည်းအဝေးပွဲမှာ ထူးပြီဟေ့ အာဏာပြန်လွဲတော့မည်ဟု ကြေညာ ကမ္ဘာ့နိုင်ငံအားလုံး အံ့ဩထိတ်လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့နိုင်တယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲ ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: စစ်ကောင်စီလေယာဉ် SU 30 ၅ စီး ပစ်ချခံတဲ့ သတင်းတု

စစ်ကောင်စီ SU 30 တိုက်လေယာဉ် ၅ စီးပစ်ချခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြစ်ဝေနေခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်အစမှာပြသတဲ့ ရုပ်ကတ်ပါ စာသား ကောက်နုတ်ချက်ဖြစ်တယ်။  “တိုက်လေယာဉ် ၅စီး ပစ်ချ ပြည်သူနဲ့စစ်ရှောင်စခန်းတွေကိုဗုံးကျဲနေတဲ့ စစ်ကောင်စီလေယာဉ် SU 30 ၅စီး ယနေ့ပစ်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ ဒီရက်ပိုင်းထဲမှာ သတင်းမီဒီယာတွေက စစ်ကောင်စီ တိုက်လေယာဉ်‌တွေ ပစ်ချခံရတဲ့အကြောင်း ဖော်ပြချက်မတွေ့ရပါဘူး။ Also read – […]

Continue Reading

Fact Check: စစ်မှုထမ်းကိစ္စ ပြေတီဦးထောက်ခံတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုထမ်းရမယ့်ကိစ္စကို ကျေနယ်မိတယ်လို့ သရုပ်ဆောင်ပြေတီဦးက ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ပါတယ်။  “နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာ လုပ်တာပါပဲ ကောင်းပါတယ် ကျေနပ်မိပါတယ် ဆိုတဲ့ ပြေတီဦး #celebrity #ပြေတီဦး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ စစ်မှုထမ်းကိစ္စ ပြေတီဦးက အခုလိုပြောတယ်ဆိုတဲ့ အထောက်အထား အခြား ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုလို ရေးသားဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ အညှီအ‌ဟောက်တွေနဲ့ လူတွေကို စိတ်ခံစားမှုမြင့်စေတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေတဲ့ စာမျက်နှာတခုဖြစ်တာတွေ့ရပါတယ်။  မြန်မာနိင်ငံက သရုပ်ဆောင်တွေ သေပြီ၊ အဖမ်းခံရပြီစတဲ့ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ဘန်ကောက်ကျောင်းကားမီးလောင်မှုနဲ့ ပတ်သက်ခြင်းမရှိပါ

ဘန်ကောက်မြို့စွန်မှာ ကျောင်းကားတစီးမီးလောင်မှု အဖြစ်ဆိုးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေရဲ့ နောက်ဆုံးအချိန်မတိုင်မီ ပျော်ရွှင်စွာ သီချင်းသီဆိုမှု ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ်မှာပို့စ်တွေ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုတွေဟာ  အောက်တိုဘာ ၁ ရက်က ဘန်ကောက်မြို့စွန်မှာ  ကျောင်းကားမီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိတာတာတွေ့ရတယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ ဗွီဒီယိုထဲမှာ အပြာနဲ့ ပန်းရောင်စပ်ကြား တူညီဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့ မူလတန်းအရွယ်ကလေးတွေဟာ ပျော်ရွှင်စွာ သီဆိုကခုန်နေကြတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “သနားလိုက်တာ ခလေးတို့ရယ် ဘယ်လောက်တောင် ပူလိုက်မလဲနော်” မူရင်းလင်ခ့် – Fb link | Archive link နောက်ထပ် ဗွီဒီယိုတခုမှာတော့ နက်ပြာရောင်နဲ့ ကော်လံအဖြူစပ်ထားတဲ့ တူညီဝတ်စုံနဲ့ က‌လေးတွေဟာ အောက်တိုဘာ ၁ ရက်က […]

Continue Reading

Fact Check: AA က ရေတပ်ပိုင်ဆိုင်နေပြီဆိုတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံ

ရခိုင်တပ်တော်(AA)က ပင်လယ်ပြင် ကင်းလှည့်ရေယာဉ်တွေ ပိုင်ဆိုင်နေပြီလို့ ဆိုထားပြီး ရခိုင်တပ်တော် အလံနဲ့ ကင်းလှည့်ရေယာဉ်တစီးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ မူလ အီရန်ကမ်းစောင့်တပ်အလံကို ပြုပြင်ထားတဲ့ ဓာတ်ပုံပို့စ်တခုဖြစ်တာတွေ့ရတယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ရခိုင်တပ်တော် နေဗီးအသုံးပြုနေပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရမှာ ဒီဓာတ်ပုံဟာ အရှေ့အလယ်ပိုင်းက အီရန်နိုင်ငံအကြောင်းဖော်ပြတဲ့ သတင်းတွေမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အသုံးပြုထား တာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းက အမေရိကန်အသံ(Voice of America)ကဖော်ပြခဲ့တဲ့ သတင်းတွေမှာ […]

Continue Reading

Fact Check: စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး မိသားစုလိုက်ပါလာတဲ့လေယာဉ် ပစ်ချခံရတဲ့ သတင်းတု

စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်း‌ဒွေး မိသားစုလိုက်ပါလာတဲ့လေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  Also read – Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု ပျံ့နှံ့မှုအားကောင်းနေတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော် ရှိထားတယ်။ “အထူးလေယာဉ်ပစ်ချခံရ အောင်လင်း‌ဒွေမိသားစုလိုက်ပါလာသည့်အထူးလေယာဉ်  နေပြည်တော်မှာယနေ့နေလည်အချိန်ပစ်ချခံလိုက်ရ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ […]

Continue Reading

Fact Check: ပုံဟောင်းတွေကို အမြန်လမ်းမှာ လက်ရှိ ရေကြီးနေတဲ့ ဓာတ်ပုံအဖြစ် ဖြန့်ဝေနေ

မိုင်တိုင် ၃၅၄ ကနေ ၃၅၇ အထိ အမြန်လမ်းတလျှောက် ရေကြီးရေလျှံမှုဖြစ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီလို့ ဆိုထားတဲ့ ပို့စ်စက်တင်ဘာ ၂၇ ရက်မှာ ဖေ့စ်ဘွတ်မှာ ထပ်မံပျံ့နှံ့လျှက်ရှိတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြစ်တယ်။ စက်တင်ဘာ ၁၃ ရက်က အမြန်လမ်း ရေကျော်မူသတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီ၊ မိုင်တိုင် ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇ လုံးဝ အခြေအနေ မကောင်းပါ။ ရန်ကုန်ဖက်မှ တက်လာမယ့် ကားရော၊ မန္တလေးဖက်မှ ဆင်းလာမယ့် ကားတွေရော လှည့်ပြန်ကြပါ။ လမ်းပြန်ပွင့်မလားဆိုပြီး မစောင့်ကြပါနဲ့။ […]

Continue Reading

Fact Check: Pizza Hut က မွေးနေ့လက်ဆောင်ပေးနေတယ်ဆိုတာ လိမ်လည်လှည့်စားမှု သာဖြစ်တယ်

Pizza Hut ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ‘Happy Birthday’ မက်ဆေ့ချ် ပေးပို့ထားသူတွေဟာ ဘယ်ပီဇာဆိုင်မှာ မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု Pizza Hut Fans အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီပြောဆိုချက်ဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။  ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှု ကို ဒီနေရာမှာလည်းတွေ့ရတယ်။ “@Pizza ၏မွေးနေ့ကို ဂုဏ်ပြုရန်အတွက် ယခင်က ‘Happy Birthday’ မက်ဆေ့ချ်များ ပေးပို့ထားသူများထံသို့ ဘောက်ချာများ ပေးပို့ထားပါသည်။ အောက်တိုဘာ ၁။ ကူပွန်တစ်ခုစီကို မည်သည့်ပီဇာစားသောက်ဆိုင်တွင်မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်ပါသည်။ 🎁 မှတ်ချက်- 10 မှ 12 ယောက်ကို ကျပန်းရွေးချယ်ပြီး သီးသန့်မက်ဆေ့ချ်မှတစ်ဆင့် […]

Continue Reading