Archives

Fact Check: ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာဆိုတဲ့ သတင်းတု

ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာမယ်ဆိုတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “ဗဟိုဘဏ်ဥက္ကဌ ဆွဲစိခံရ ပြည်သူများကိုဘဏ်မှငွေ‌ကြေးထုတ်ယူခွင့်ပိတ်ပင်ပြီ ငွေစက္ကူများကို ငွေမဲအဖြစ်စတင်ကြေငြာမည်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ချိ ထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာကြည့်ပါ။  တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇူလိုင် ၄ ရက်မှာဖော်ပြခဲ့တဲ့ “ပုဂ္ဂလိကဘဏ်များတွင် အများပြည်သူများ၏ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ဆွေးနွေးဖို့လုပ်နေပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ဆွေးနွေးဖို့လုပ်နေပြီဆိုတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့ အသုံးပြုတွေအကြား ပျံ့နှံ့မှုအားကောင်းရှိပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အမေစုကို ပွဲထုတ်လာပြီ  စစ်ရှုံးနေတဲ့ စစ်ကောင်စီ ဒေါ်စုနဲ့ ဆွေးနွေးဖို့ စီစဉ်နေ ၊ မအလ ဂျပု အရှုံးပေးနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရပါဘူး။ အခုလိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ရေးသားကာ ပြန်လည်ဖြန့်ဝေနေတာတွေ့ရတယ်။ အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ မဇ္ဈမိသတင်းဌာနက မေ ၃၀ ရက်က […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေး တိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်ခေါင်းဆောင်ကို ဖမ်းဆီးကာ မန္တလေးတိုင်းမှူး ကြည်ခိုင်က အာဏာသိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်တယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။  “မင်းအောင်လှိုင် အာဏာလုခံရ ဗိုလ်ချုပ်ကြည်ခိုင် အာဏာသိမ်းလိုက်ပြီ စိုးဝင်းနဲ့ မအလ ဖမ်းဆီးထိန်းသိမ်း၊ ပွဲဆူနေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယ‌ဗိုလ်ချုပ်ကြီး စိုးဝင်းကို ဖမ်းဆီးပြီး မန္တလေးတိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ ဒါပေမဲ့ မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို ဖမ်းဆီးလိုက်တဲ့ သတင်းတွေတော့ မီဒီယာတွေမှာဖော်ပြပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်) ဒီအပြင် […]

Continue Reading

Fact Check: စစ်ဘေးရှောင်တွေကို ပလောင်စကားမတတ်လို့TNLA က ပစ်သတ်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

ကျောက်မဲမြို့ ကျောင်ကြီးဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်နေတဲ့ ရှမ်းတိုင်းရင်းသား တ ဦးနဲ့ ဗမာ ၂ ဦးကို ပလောင်စကားမတတ်လို့ TNLA က ပစ်သတ်ခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုဟာ CNA ရဲဘော် ၃ ဦးက စစ်ကောင်စီ တပ်သား ၃ ဦးကို ပစ်သတ်မှု ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ် တယ်။ ၂ မိနစ် ၄၆ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင်ထားသူတချို့က အဆောက်အဦးထဲမှာ စောင်ခြုံပြီး အိပ်နေတဲ့ သူ ၃ ယောက်ကို စကားအနည်းငယ်ပြောပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ တယ်လီဂရမ်ရဲ့ […]

Continue Reading

Fact Check: ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေသလား-မဟုတ်ပါ

ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ပို့စ်တခု ကြော်ငြာထားတာ တွေ့ရပါတယ်။ ဇွန် ၃ ရက်နေ့က စပြီး အသက် ၃၅ နှစ်အထက်ရှိသူတွေကို အတိုးမဲ့ ချေးငွေထုတ်ချေးမှာဖြစ် တယ်လို့လည်း ရေးသားထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြန်မာနိုင်ငံတွင် အသက် ၃၅န နှစ်အထက် ချေး ငွေများကို ဇွန်လ ၃ ရက်နေ့မှ စတင်၍ အခမဲ့  ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဏာရေးဝန်ကြီးဌာန” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဖေ့စ်ဘွတ်ပို့စ်မှာ ကြော်ငြားထားသလို စစ်ကောင်စီဘဏ္ဏာရေးဝန်ကြီးဌာန အပါအဝင် အမျိုးသားညီညွှတ်ရေး အစိုးရ ဘဏ္ဏာရေးဌာနတွေကလည်း […]

Continue Reading

Fact Check: ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီ ဖမ်းဆီးဆိုတဲ့ သတင်းတု

ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီ ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “ဗဟိုဘဏ်ဥက္ကဌ စစ်တပ် ဖမ်းဆီး ဘဏ်အပ်ငွေ(၅)ဘီလျံ စစ်သားတွေခိုးထုတ်နေပြီ ဒေဝါလီ ခံလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့  “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဗဟိုဘဏ်ဥက္ကဌ […]

Continue Reading

Fact Check: အာဏာရှင် တဖြစ်လဲ ဗိုလ်နေဝင်းရဲ့ ဂျပန်မှာ စစ်ပညာသင်ကြားစဉ်က ဓာတ်ပုံလား- မဟုတ်ပါ

အာဏာရှင် တဖြစ်လဲ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်း ဂျပန်မှာ စစ်ပညာသင်ကြားစဉ်က ဂျပန်အပျော်မယ်တွေနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံ ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ဂျပန်နိုင်ငံတွင် စ_စ်ပညာသင်ကြားနေသော ရဲဘော် သုံးကျိပ်ဝင် သခင်ရှုမောင် ခေါ် ဗိုလ်နေဝင်း” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို စိစစ်ကြည့်ရာမှာ မူလက ဂျပန်စာရေးဆရာတဦးရဲ့ ဓာတ်ပုံနေရာမှာ မြန်မာနိုင်ငံရဲ့ အာဏာရှင်တဖြစ်လဲ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းရဲ့ ဓာတ်ပုံကို […]

Continue Reading

Fact Check: ဝင်းနိမ္မိတာရုံဆရာတော် စျာပန ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆိုတဲ့ သတင်းတု 

ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တယ် လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နိုင်ငံသံဃာ မဟာ နာယကအဖွဲ့ဝင်ဟောင်း ဆရာတော်ဟာ စစ်ကောင်စီ တပ်သားတွေ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရပြီး ဒီကနေ့(ဇွန် ၂၇ ရက်)မှာ ဥတုရုပ်ကလာပ်ကို မီးသဂြိုဟ်ပူဇော်ပြီးစီးပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာမရှိပါဘူး။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို ကြည့်ပါ။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းတု သတင်းမှားတွေ ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ မှတ်တမ်းဓာတ်ပုံလား-မဟုတ်ပါ

သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာ တွေ့ရတယ်။ အောက်ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသား မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “သာလီစွနဲ့ 🦅ဂါရဝပါ သံတွဲလေဆိပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို ပုံရှာနည်း၊ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟောင်းတွေ ကို အသုံးပြုပြီး ပြန်လည်ဖန်တီးထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ နောက်ခံကို  သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) ဒီအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ အလံကိုင်ပြီး မှတ်တမ်းရိုက်ထားတဲ့ ဓာတ်ပုံဟာ မတ် ၈ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး စျာပန လာရောက်ပုံလား-မဟုတ်ပါ 

စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ‌သရဲ့ စျာပနကို စစ်‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ပုံလို့ ဆိုလိုထားတဲ့ ဓာတ်ပုံတပုံ လူမှုကွန်ယက် စာမျက်နှာတွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်က နေပြည်တော် လယ်ဝေးက ဆရာတော်တပါးပျံလွန်တော်မူစဉ်က သွားရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန ​(ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အ သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပြီး ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရသာ အဖြစ်မှန်ကို သိရှိခဲ့ရကြောင်း၊ ဒီလိုစစ်တပ်ရဲ့ […]

Continue Reading