Archives

Fact Check: ပြင်ဦးလွင်ကို TNLA နဲ့ PDF တို့စတင်တိုက်ခိုက်နေပြီ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင် ဆိုတဲ့ သတင်းတု

ပြင်ဦးလွင်ကို TNLA နဲ့ PDF တို့စတင်တိုက်ခိုက်နေပြီ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ရတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “ပြင်ဦးလွင် TNLA စတင်တိုက်နေပြီ ပြင်ဦးလွင် TNLAနဲ့ PDF တို့ စတိုက်နေပြီ၊ မြို့ပေါ်ရှိ ပြည်သူတွေ ညတွင်းချင်း တိမ်းရှောင်နေရ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်းတု 

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းယူသွားလို့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ကိုယ့်ကိုကိုယ် သတ်သေသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်းအောင်လှိုင်က ပိုင်ဆိုင်မှု အကုန်သိမ်းသွားလို့ ဗိုလ်ချုပ်သန်းရွှေ မိမိကိုယ်ကိုယ် သေနတ်ပစ် သတ်သေသွားလို့ လန့်ကုန်ပြီ” Original link | Archive link  အလားတူပဲ ဒီချန်နယ်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသေဆုံးမှု ဗိုလ်ချုပ်‌‌ဇော်မင်းထွန်း ကြေညာခဲ့တယ်ဆိုပြီးတော့ ဖြန့်ချိထားတာတွေ့ရတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  မကြာခဏဆိုသလို […]

Continue Reading

Fact Check: ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်ခံ တဲ့  သတင်းတု 

ရုရှားသွားတဲ့ မြန်မာစစ်‌ခေါင်းဆောင် လေယာဉ် ကြားဖြတ်တိုက်ခိုက်ခံရတယ်ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ အမေရိကန်က စစ်ခေါင်းဆောင်လေယာဉ်ကို ကြားဖြတ်တိုက်ခိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် အရေးပေါ် အမေရိကန် ကြားဖြတ်တိုက်ခိုက်လို့ လေယာဉ်ကျည်ထိမှန် မင်းအောင်လှိုင် သေမသေ မသိရသေး” Original link | Archive link နောက်ထပ် ဗွီဒီယိုတခုမှာတော့ စစ်ခေါင်း‌ဆောင် စီးလာတဲ့ လေယာဉ်ကို ကုလသမဂ္ဂက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဆိုထားတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကို […]

Continue Reading

Fact Check: အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်ဆိုတဲ့ သတင်းတု

အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အိုးဘိုထောင် တိုက်ခိုက်ခံရ အကျဉ်းသား ၄၀၀ ခန့် ကယ်ထုတ်ပြီး သမ္မတကြီး ပါဝင် မန္တလေး နာမည်ကြီး အိုးဘိုထောင် ဖောက်ထွင်းခံရ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ကျဉ်း အများအပြား ကယ်ထုတ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်အတည်ပြု တဲ့ သတင်းတု 

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)ကို အမေရိကန်က စစ်ရေးထောက်ပံ့မှုတွေ ပေးအပ်နေတာကို ဗိုလ်ချုပ်ဂွမ်မော်ကအတည်ပြုလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ပြီ အမေရိကန်လေယာဉ်တွေ ရောက်ရှိလာမှု ဗိုလ်ချုပ် ဂွမ်မော် အတည်ပြု ၊ နေပြည်တော်လှုပ်ခတ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကိုလည်း ဆင်တုယိုးမှား တုပထားပြီး မကြာခဏဆိုသလို  Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။  တကယ်တမ်း ဗွီဒီယိုအစမှာ ပါဝင်တဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: NLD ကိုအစိုးရဖြစ်နေ အာဆီယံအသိအမှတ်ပြုဆဲဖြစ်လို့ သံရုံးတွေ ပိတ်သိမ်းတဲ့ သတင်းတု

NLD ကိုအစိုးရဖြစ်နေ အာဆီယံအသိအမှတ်ပြုဆဲဖြစ်လို့ သံရုံးတွေ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အာဆီယံနဲ့ ပြသာနာ တက်ပြီ NLD ဟာအစိုးရ ဖြစ်နေဆဲဟု အာဆီယံထုတ်ပြန် စင်ကပူ မလေးရှား ထိုင်း မြန်မာ သံရုံးအားလုံးပိတ်သိမ်း စစ်အုပ်စုကို ဆက်ဆံရေး တရားဝင်ရပ်ဆိုင်း” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ […]

Continue Reading

Fact Check: အမေရိကန်လေယာဉ် တော်လှန်ရေးအဖွဲ့တွေဆီ‌ရောက်လာလို့  စစ်ခေါင်းဆောင် လေတပ်ချုပ်ကို ဖြုတ်ချဆိုတဲ့ သတင်းတု

တော်လှန်ရေးအဖွဲ့တွေဆီကို အမေရိကန် လေယာဉ်တွေ ဝင်ရောက်လာလို့  မြန်မာ စစ်ခေါင်းဆောင်က လေတပ်ချုပ်ကို ဖြုတ်ချခံတယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “တပ်ချုပ်က လေတပ်ချုပ်ကို ဖြုတ်ချ နေပြည်တော်မှာ အမေရိကန်လေယာဉ်တွေ ဝင်ရောက် အမေရိကန် လေယာဉ်တွေ ဝင်လာလို့ ပြေးနေရပြီ တော်လှန်ရေးတပ်တွေဆီ အမေရိကန် လေယာဉ်တွေ ရောက်နေပြီ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: နကျယ်အုံနဲ့ ပျားရည်ရောစပ် စားသုံးရင် လေမဖြတ်ဘူးဆိုတဲ့ သတင်းမှား 

နကျယ်အုံနဲ့ ပျားရည်ရောစပ်ပြီး တကြိမ်တခါ စားသုံးပေးရုံနဲ့ လေမဖြတ်ဘူးဆိုတဲ့ ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နဂျီအုံရှာမယ် အကောင်ပေါက်ပြီးသား နဂျီအုံ ဒါကပံသကူဖြစ်နေပါပြီ။ သားပေါက်မရှိတဲ့နဂျီအုံကအပေါက် ပွင့်နေပါတယ် အုံမှာအပေါက်ပွင့်နေတာပါသေချာထုတ်ယူပါ။အမှုန့်ထောင်းပါ့မယ်။ပြီးမှအဝတ်ပါးပါးနဲ့စကာချပါ။ ဂဲသေးသေးလေးများပါတတ်လို့ပါ။ စကာချပြီးသား နဂျီအုံအမှုန့်ကို ပျားရည်စစ်နဲ့ရောပါ။ မန်ကျည်းစေ့ခန့် အလုံး သုံးလုံံး လုံးပါ။ ဒါကို တနေ့တစ်လုံး သုံးရက်ဆက်တိုက်စားပါတစ်နှစ်လုံး လေမဖြတ်တော့ပါဘူး။ ဆေးစစားတဲ့ နေ့စွဲကိုမှတ်ထားပါ နောက်နှစ်ဒီအချိန်မှာဒီနည်းအတိုင်း ပြန်စားပါ။ ေ ၊သသည်အထိမှန်မှန်စားမယ်ဆိုရင် ေ ၊သသည်အထိ လေမဖြတ်တော့ပါ။လွယ်ကူထိရောက်သောနည်းကောင်းတခုဖြစ်ပါတယ်။”  Original link […]

Continue Reading

Fact Check: ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ဟင်း သွေးတိုးရောဂါကို အမြတ်ပြတ် စေသလား- အထောက်အထားမရှိပါ

ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ကို ၁၀ ရက်ဆက်တိုက် ချက်စားရင် သွေးတိုးရောဂါအမြစ်ပြတ် ပျောက်ကင်းတယ် ဆိုပြီး ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှု တွေသာဖြစ်တယ်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ငါးနုသန်းဟာ မြန်မာအခေါ်အဝေါ် ကြောင်ငါးလို့ လူသိများတဲ့ နှုတ်ခမ်းမွေးပါတဲ့ ငါးအုပ်စုဝင်ဖြစ်တယ်။  ငါးတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အိုမီဂါ-၃ ပါဝင်သလို ဒန့်သလွန်ရွက်ဟာလည်း သွေးတိုးကျစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဖလာဗိုနွိုက်(flavonoids)၊ ဖိနောလစ်(phenolics)နဲ့ အက်စထွာဂလင်း(astragalin)တို့ပါဝင်တယ်။ ဒါပေမဲ့ […]

Continue Reading

Fact Check: အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ NLD ကို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ သတင်းတု

အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို စစ်ခေါင်းဆောင် ဖိတ်ခေါ်လိုက်တယ်ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုတခုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “စစ်ခေါင်းဆောင် လေသံပြောင်းပြီ NLDကို ‌ရွေးကောက်ပွဲပြိုင်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ဆက် သွယ်ဖိတ်ခေါ် အာဏာခွဲ့ဝေဖို့ပြောနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]

Continue Reading