Archives

Fact Check: သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးဆိုတဲ့ သတင်းတု

သာကေတမြို့မရဲစခန်းတိုက်ခိုက်ခံရမှု စစ်ကောင်စီ ဗိုလ်မှူးကြီး ဗုံးထိမှန်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။  “ရန်ကုန်မှာ ချကုန်ပြီဟေ့  သာကေတမြို့မရဲစခန်း တိုက်ခိုက်ခံရ စစ်ကောင်စီဗိုလ်မှူးကြီးဗုံးထိမှန်သေဆုံး(ပွဲကြမ်းပြီ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီအပြင် အခုလို […]

Continue Reading

Fact Check: စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင်ဆိုတဲ့ သတင်းတု

စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တာမှာ အောင်မြင်မှုရခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလို တွေ့ဆုံမှုနဲ့ ညှိနှိုင်းအောင်မြင်မှုရရှိခဲ့ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုတယ်လို့လည်း ဆိုပါတယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသား ကောက်နုတ် ချက် ဖြစ်တယ်။  “Breaking News ဗိုလ်ချုပ်ဇော်မင်းထွန်းအတည်ပြု  စစ်တပ်နဲ့ဒေါ်စုတွေ့ဆုံညှိနှိုင်းမှုအောင်မြင် မနက်ဖြန် (၉)နာရီမှ (၁၁)နာရီအထိဒေါ်စုမိန့်ခွန်းပြောမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံညှိနှိုင်းခဲ့တယ်ဆိုတဲ့အကြောင်း သတင်းလုပ်ငန်း အဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖြစ်စေ ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။ “MS Story (Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: နို့မှုန့်က ဆီးချိုပျောက်တယ်လို့ ကြော်ငြာနေတဲ့ သတင်းမှား

တနေ့ကို နို့ဖန်ခွက် ၂ ခွက်ပဲ သောက်ပေးရုံနဲ့ ဆီးချိုကို ၇ ရက်အတွင်း ပျောက်ကင်းစေတယ်လို့ ဖေ့စ်ဘွတ်မှ ကြော်ငြာရောင်းချနေတဲ့ ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ကို ရယူထားခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Original link | Archive link မျှဝေထားတဲ့လင့်ခ်ကို ဝင်ရောက်ကြည့်ရှု့ရာမှာတော့ ရှည်လျားလှတဲ့ အမေးအဖြေပုံစံရေးသားမျှဝေချက်မှာ  Gludiabetic က ဆီးချိုပျောက်တယ်လို့ ဟော်မုန်းအထူးကုဆရာဝန် Yoshinori Ohsumi က ညွှန်းဆိုထားတာကို အတိုချုပ်အားဖြင့် နားလည်နိုင်တယ်။ အောက်ပါ စခရင်ရှော့ ဓာတ်ပုံကတော့ ဒီလို ဝင်ရောက်ကြည့်ရှု့ရာမှာ တွေ့ရတဲ့ Yoshinori Ohsumi ဆိုသူ ဆရာဝန် ဓာတ်ပုံနဲ့ ပြောဆိုချက်စာသားရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်။ အလားတူတဲ့ ဆီးချိုကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ […]

Continue Reading

Fact Check: NUGနဲ့ PDFကို ထောက်ပံ့တဲ့မလေးရှားရောက် မြန်မာတွေကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးမှုဗွီဒီယိုလား – မဟုတ်ပါ

NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲတပ်ဖွဲ့က ဖမ်းဆီးမှု ဆိုပြီးတော့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုထဲမှာ အမျိုးသား အတော်များများဟာ ရဲစခန်းတခုလို့ထင်ရတဲ့ အဆောက်အဦးလျှောက်လမ်းမမှာ ထိုင်လျှက် လမ်းလျှောက်ပြီး အခန်းတခုထဲကို ဝင်ရောက်သွားတဲ့ မြင်ကွင်းကို မြင်တွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NUGနဲ့ PDFတွေကို ထောက်ပံ့နေတဲ့မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို မလေးရဲအဖွဲ့မှ ဖမ်းဆီးတဲ့ video file လို့ သိရတယ်။ မြင်ရတာတွေက အသည်းနာလှပါတယ်။ ကိုယ့်နိုင်ငံသားတွေဆိုတော့ တခြားသူတွေ ဖိနှိပ်တာမြင်ရင် စိတ်ထဲမှာ ဘယ်လိုမှ မခံနိုင်ဘူး။ မြင်ရတာစိတ်လည်းမကောင်းဘူး။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလို […]

Continue Reading

Fact Check: NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့

NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုဖြစ်တယ်။ NLD နာယက ဦးတင်ဦးဟာ ယနေ့(ဇွန် ၁ရက်)မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NLD နာယကကြီး ဘဘဦးတင်ဦး  မေ ၃၀  ၇ နာရီ ၃၂မိနစ်တွင်  ကွယ်လွယ်သွားပြီဟု  သိရှိရပါသည်။ ကောင်းရာ သုဂတိဘုံမှာ  အေးချမ်းပါစေ 🙏🙏🙏” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက ဦးတင်ဦး ကွယ်လွန်သွားပြီလို့ အချို့သော လူမှုကွန်ယက် အသုံးပြုသူတွေက ရေးသားဖြန့်ဝေနေချိန်မှာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် […]

Continue Reading

Fact Check: ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းတု

ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။  “စစ်ကောင်စီဗဟိုဘဏ်ကြငြာပြီ ကျပ်၁သောင်းတန်ငွေမဲအဖြစ်ကြေငြာပြီ မအလကြင်စိုး ငါးပါးမှောက်ပြီဟေ့”(မူရင်းရေးအသား) မူရင်းလင်ခ့် –  Youtube link | Archive link အချက်အလက်စိစစ်ချက် ကျပ် ၁၀၀၀၀ တန်ကို ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။  အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ “ရန်ကုန်ခေတ်သစ်”သတင်းဌာနရဲ့ အမည်နာမနဲ့ ဆင်တူယိုးမှားတုပကာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်ကို လိုအပ်သလို လုပ်ကြံရေးသားဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: လူရွှင်တော် ဝိုင်းကျော်နာရေး စစ်တပ်က ဗုံးကြဲဆိုတဲ့ သတင်းတု

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နာရေးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ပြည်သူ ၅၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယို ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာလည်း လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ “လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ကွယ်လွန်သူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်သူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နောက်ဆုံးခရီးကို မေ ၂၄ ရက် နေ့လယ် […]

Continue Reading

Fact Check: ‌အောင်ဇေယျစစ်ကြောင်းနဲ့ ပတ်သက်တဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတွေဖြစ်တယ်

အောင်ဇေယျစစ်ကြောင်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီ၊ စစ်ကြောင်းလိုက် လက်နက်ချ အလံဖြူထောင်ပြီ၊ တပ်ပြန်ဆုတ်သွားပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းတုတပ်ဗွီဒီယိုတွေဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “တပ်ရင်းလိုက် လက်နက်ချပြီ  အောင်ဇေယျစစ်ကြောင်း အလံဖြူထောင်လက်နက်ချအညံ့ခံ ဗိုလ်ချုပ်စိုးဝင်းရဲ့ အောင်ဇေယျ ဇာတ်သိမ်းပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဖြန့်ဝေ‌ထားတဲ့ ယူကျူ့ချန်နယ်တွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေက သတင်းဖော်ပြချက်တွေကို လိုအပ်သလို ကူးယူဖြန့်ဝေပြီး လူတွေ စိတ်ဝင်စားမှု မြင့်စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတွေတပ်ကာပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဒီလို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myammar ရဲ့ […]

Continue Reading

Fact Check: ရိုဟင်ဂျာတွေကိစ္စ AA ကို NUG ကရှုတ်ချမှုလုပ်ခဲ့သလား-မဟုတ်ပါ

ရိုဟင်ဂျာတွေကိစ္စ ရက္ခိုင်တပ်တော်(AA)ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ရှုတ်ချမှုလို့ဆိုပြီး ထုတ်ပြန်ချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ NUG ထုတ်ပြန်ချက်လို့ဆိုထားတဲ့ ထုတ်ပြန်စာထဲမှာ NUG လူ့အခွင့်အရေးဌာနက AA ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သူ၊ အဓမ္မစစ်သားစု‌ဆောင်သူ၊ ရိုဟင်ဂျာတွေကို အဓမ္မပြောင်းရွှေ့ခိုင်းသူ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပိတ်ပင်သူအဖြစ်ရေးသားထားပြီး ဒီအတွက် ရှုတ်ချထားကာ၊ AA ကိုအရေးယူနိုင်ဖို့ နိုင်ငံတကာကိုလည်း တိုက်တွန်းထားတယ်။ “ဘင်ကို ထိရင်တော့ NLD ဖြစ်ဖြစ်၊ NUG ဖြစ်ဖြစ် ဘယ်သူမှ သည်းငြီးမခံဘူးဆိုတာ AA သူပုန် သိသင့်တယ်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုပြီး မျှဝေနေတဲ့ သတင်းမှား

BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုတယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ယူကျူ့မှာချန်နယ်တခုက ထပ်ခါတလဲ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါတယ်။ “BGF ခေါင်းဆောင် စောချစ်သူ  အဖမ်းခံရတဲ့သတင်း  ဗိုလ်ကြီးနေမျိုးဇင် ကြေညာလာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် KNA တဖြစ်လဲ BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း အခုဖြန့်ဝေနေတဲ့ “Update News Channel”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာ စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွလှုပ်ရှားနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့live လွှင့် […]

Continue Reading