Archives

Fact Check: ကောလင်းမှာ ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ သတင်းမှား

ကောလင်းမြို့ ကျောက်တန်းရွာမှာတိုက်ပွဲဖြစ်ပြီး စစ်တပ်ရဟတ်ယာဉ်တစီး ပစ်ချခံရမှုမှာ ဗိုလ်ကြီးနဲ့ စစ်သား ၉ ‌ယောက်သေဆုံးတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရရှိ ထားတယ်။ “‌ကောလင်းမြို့ ကျောက်တန်းရွာမှာတိုက်ပွဲဖြစ် စစ်တပ်မှရဟတ်ယာန်ဖြင့်လိုက်ပစ်နေစဉ် ပစ်ချခံရပြီး ဗိုလ်ကြီးနဲ့ စစ်ခွေး၉ဦးသေ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ကောလင်းမြို့ ကျောက်တန်းရွာတွင် စစ်ကောင်စီနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြို့ပေါ်ရှိ အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့်ကို ပြာကျအောင် မီးရှို့ထား”ဆိုတဲ့ […]

Continue Reading

Fact Check: KNDF ကိုလေယာဉ်ပစ်လက်နက် အမေရိကန်ပေးမယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ကိုလေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြု ကြေညာလိုက်တယ်လို့ဆိုထားတဲ့ သတင်းမှားပို့စ်တစ်ခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၄ ရက်ကစတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရရှိ ထားတယ်။ “အမေရိကန်ကတော့ အလုပ်နဲ့ သက်သေပြလိုက်ပြီ KNDF ကို လေယာဉ်ပစ်လက်နက်ပေးဖို့ အမေရိကန် အတည်ပြုကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ Mandalay Khit Thit အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ သို့မဟုတ် ဖေ့စ်ဘွတ်အသုံးပြုတွေက မူလက ဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တွေ သို့မဟုတ် […]

Continue Reading

Fact Check: စစ်ကိုင်းမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

စစ်ကိုင်းမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု ဗိုလ်ချုပ်ဇော်မင်းထွန်း သေဆုံးတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့  ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ဗိုလ်ချုပ် ဇော်မင်းထွန်း နာရေးသတင်း မဲလုံး မိုင်းခွဲ လုပ်ကြံခံရ သေပြီ ကျန်ဗိုလ်ချုပ်တွေလည်း ကြောက်ပြီး နှုတ်ထွက်ဖို့လုပ်နေကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုတွေပါသတင်းဟာ မဇ္ဈိမသတင်းဌာနကဖော်ပြခဲ့တဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုတိယ ဝန်ကြီး လိုက်ပါလာတဲ့ ယာဉ်တန်း စစ်ကိုင်းမှာ တိုက်ခိုက်ခံရတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။  မူရင်းသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီသတင်းထဲမှာ တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းမှာ ဗိုလ်ချုပ် […]

Continue Reading

Fact Check: သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတုသတင်းမှား တခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “သီတဂူဘုန်းကြီးအိပ်နေတုန်း ဗုံးနဲ့ထုခံရ သေမှာဆိုးလို့ မအလ ပဲခူးဘုရား ပြေး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သီတဂူဆရာတော် အိပ်နေတုန်း ဗုံးနဲ့လုပ်ကြံခံရတယ်ဆိုတဲ့ သတင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတဲ့ သတင်းဌာနတခုဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ၁၀ ရက်အတွင်းစစ်ကောင်စီပြုတ်မယ်လို့ ညီနောင် ၃ ဖွဲ့ပြောနဲ့ နေပြည်တော်ကို မတိုက်ဖို့ စစ်ခေါင်းဆောင်တောင်းပန်တဲ့ သတင်းတု

၁၀ ရက်အတွင်း စစ်ကောင်စီပြုတ်ကျနိုင်တယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ပြောကြားမှုနဲ့ နေပြည်တော်ကို မတိုက်ဖို့ မြောက်ပိုင်းအဖွဲ့တွေကို စစ်ခေါင်းဆောင်က တောင်းပန်လိုက်တယ်ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်တယ်။  “စစ်တပ် ၁၀ ရက် အတွင်း ပြုတ်တော့မယ်ဟု ညီနောင်၃ဖွဲ့  ဒဲ့ပြောလို့ လန့်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link ထို့အပြင် ညီနောင် ၃ ဖွဲ့ကြောင့် စစ်ရှုံးရတာလို့ စစ်ခေါင်းဆောင်ကဝန်ခံလိုက်ပြီး နေပြည်တော်ကို မတိုက်ဖို့ အသနားခံလိုက်တယ်ဆိုပြီးတော့လည်း Mandalay Khit Thit အမည်နဲ့ အခြားသော ယူကျူ့ချန်နယ်တခု ကရေးသားဖြန့်ဝေထားပါသေးတယ်။ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သေဆုံးမှု သတင်းတု

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင် သေပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၂ ခုနှစ်ထဲမှာ သထုံက စိုးဝင်းအမည်နဲ့ ပျူစောထီးခေါင်းဆောင် တယောက် သေဆုံးမှုသတင်းကို ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။  “29ရက် မနက် 12နာရီ စိုးဝင်းသေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  Fact Crescendo Myanmar က ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: ရခိုင်မှာ သေဆုံးခဲ့တဲ့ သင်္ဘောပေါ်ပါလာတဲ့ တပ်မိသားစုဝင်တွေရဲ့ ‌နောက်ဆုံးမြင်ကွင်းပုံလား- မဟုတ်ပါ

ရခိုင်မှာ ရခိုင့်တပ်တော်(AA)က စစ်သင်္ဘောကို တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံး ဓာတ်ပုံနဲ့ ရေနစ်သေဆုံးနေတဲ့ မြင်ကွင်းဓာတ်ပုံ ၂ ပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားတခုဖြစ်ပြီး ဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။    ဖေဖော်ဝါရီလ ၈ ရက်က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၃ စင်း နစ်မြုပ်ခဲ့ပြီး စစ်တပ်ဘက်က ရာဂဏန်းသေဆုံးမှုအပြီးမှာ ဒီလိုဖြန့်ချိလာတာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။  “ရေယဥ်ပေါ်ပါသွားတဲ့ တပ်မိသားစု မြင်ကွင်း နောက်ဆုံးပုံလေးပါ ငါ ကမ္ဘာမကြေဘူနော်  လက်နက်ကိုင်တဲ့လူအချင်းချင်းtaတာတောငါတို့လက်ခံတယ် မဟုတ်လား လက်နက်မပါတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ မှီခိုသူတွေ သူတို့မှာ […]

Continue Reading

Fact Check: သရုပ်ဆောင်တွေရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြောကြားချက် တွေလား- မဟုတ်ပါ

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ထောက်ခံပြောကြား ချက်၊ ကန့်ကွက်ချက်တွေအဖြစ် ဗွီဒီယိုတွေယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြန်ကြေညာခဲ့အပြီးမှာ သတင်းတုသတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေလာ နေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိတယ်။ ဗွီဒီယိုခေါင်းစဉ်မှာ “မြင့်မြတ်လည်း ဒဲ့ပြောပြီလေ”လို့ ရေးသားလျှက် ဗွီဒီယိုထဲက ရုပ်ကတ်ထဲမှာတော့“မဖြစ်မနေ စစ်မှု့ထမ်းရမယ့် […]

Continue Reading

Fact Check: စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး သတင်းတုသတင်းမှားများ ဖြန့်ဝေလာ

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက လူတိုင်းစစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို‌ ကြေညာလာ တာကို အကြောင်းပြုပြီး သတင်းတုသတင်းမှားတွေ ဖြန့်ဝေလာတာတွေ့ရပါတယ်။   စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုတာအပါအဝင် စစ်မှုမထမ်းဘဲ ပြည်ပပြေးရင် ပစ်သတ်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားတယ်၊ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရန်ကုန်မှာ လူမိုက်တွေက ဓားနဲ့လိုက်ခုတ်တယ်စသည်ဖြင့် ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်မှုမထမ်းမနေရအမိန့်စာထုတ်ပြီးပြီးချင်း ရန်ကုန်နဲ့မန္တလေးမှာ လူငယ်တွေကို ဖမ်းဆီးနေ ပြည်ပပြေးရင် ပစ်သတ်ရန်အမိန့်ထုတ်” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီတခုမှာတော့ “စစ်မှုထမ်းရန် လူငယ်တွေလိုက်ဖမ်းနေချိန် ရန်ကုန်လူမိုက်များကစစ်ခွေးတွေကို […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာတွေကဖော်ပြချက်တွေကို ပြန်လည်ကူးယူ ဖော်ပြပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိတယ်။ “စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပယ်ချခံရ စစ်ကောင်စီဖျက်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြားအမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) […]

Continue Reading