Archives

Fact Check: အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

ပင်လယ်နီထဲမှာ အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေပုံအဖြစ် ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။ အစ္စရေး-ဟားမက်စ်အကြား စစ်ပွဲတွေနဲ့ အတူ ယီမင်အခြေစိုက် ဟူသီအဖွဲ့ဟာ အစ္စရေးပိုင်သင်္ဘောတွေကို တိုက်ခိုက်နေရာကနေ  အရှေ့အလယ်ပိုင်းက ပင်လယ်နီထဲမှာ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှု တကျော့ပြန်လုပ်လာခဲ့ပြီး အမေရိကန်နိုင်ငံပိုင် ကုန်တင်သင်္ဘောတစီးကို ဇန်နဝါရီ ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဒီဗွီဒီယိုဖြန့်ဝေလာခဲ့တာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “ပင်လယ်နီအတွင်း အမေရိကန်ပိုင် ကွန်တိန်နာသဘ်ော မီးလောင်နေပုံ။  အစ္စရေးပိုင်နှင့် အစ္စရေးသို့ သွားရောက်ကုန်သွယ်သော သဘ်ောများသာမက ယခု အမေရိကန်တို့နှင့် သက်ဆိုင်ပတ်သက်သော သဘ်ောများကိုပါ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု ယီမင် ဟူသီတို့က ကြေညာချက်ထုတ်ပြန်။” […]

Continue Reading

Fact Check: တောင်ကြီးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဖို့ကြေညာသလား-မဟုတ်ပါ

တောင်ကြီးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဖို့ကြေညာလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြန့်ဝေမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၂၅ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းခွဲဝန်းကျင်ရှိတယ်။ “တောင်ကြီးမြို့ကို သိမ်းဖို့ ရုတ်တရက် ကြေငြာလို့ ဗိုလ်ချုပ်တွေ လန့်ကုန်ပြီ တရုတ်တောင် လာကယ်လို့ မရတော့ဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ အယ်ဒီတာအာဘော် တခုကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။  ရှမ်းတောင်မှာ အခြေစိုက်တဲ့ PNLA ကို လက်နက်သယ်ယူ လာတဲ့အကြောင်းပြချက်နဲ့ […]

Continue Reading

Fact Check: ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတု

ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တာတွေ့ရပါတယ်။ ရေတွင်းတူးရာမှ ရွံ့နွံတွေ ပန်းထွက်တဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေ့လည် ၁ နာရီခွဲ ဇန် ၂၆ ကချင်ပြည်နယ်မှာ မီးတောင်ပေါက်ကွဲလို့ ပြည်သူတွေထွက်ပြေးနေရတဲ့ နောက်ဆုံးအခြေနေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ကချင်ပြည်နယ်၊ အင်းတော်ကြီး အရှေ့ဘက်ကမ်းဆီက ဟဲပါးကျေးရွာမှာ ရေတွင်းတူးတာကနေ ရွှံ့ရေတွေ ထူးထူးဆန်းဆန်း ပန်းထွက်လာခဲ့သလို ပေါက်ကွဲသံတွေလည်း အကျယ်ကြီး ထွက်ပေါ်လာခဲ့လို့ ဒေသခံတွေ ထိတ်လန့်ခဲ့ရတယ်ဆိုတဲ့ သတင်းတပုဒ်ကို ပြန်လည်ဖြတ်ကြား နေတာဖြစ်တယ်။ မူရင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။  သုံးသပ်ချက် […]

Continue Reading

Fact Check: ဧပြီလမှာ စစ်ခေါင်းဆောင်အနားယူမယ်ဆိုတဲ့ သတင်းတု

ဧပြီလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မယ်လို့ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၅ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃ သိန်းခွဲရှိထားပါတယ်။ “ကမ္ဘာကပါ လန့်သွားရတဲ့ မင်းအောင်လှိုင်ရဲ့ ကြေငြာချက်ကြီး ၄လပိုင်းမှာ ပင်စင်ယူတော့မယ်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီလိုရေးသားဖော်ပြချက်မတွေ့ရပါဘူး။  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့  Naypudaw Khit Thit Radio ကိုလေ့လာကြည့်ရာမှာ လူမှုကွန်ယက်မှာ အထူးသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ […]

Continue Reading

Fact Check: ပြင်သစ် အီဖယ်မျှော်စင် မီးလောင်ကျွမ်းမှု သတင်းမှား

ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အထင်ကရ အဆောက်အအုံဖြစ်ပြီး ကမ္ဘာကျော် အီဖယ်တာဝါ မီးလောင်နေပြီး မီးဟာ မထိန်းနိုင် မသိမ်းနိုင်လောင်ကျွမ်းနေတယ်လို့ဆိုပြီး ဓာတ်ပုံ ၃ ပုံ ဖေ့စ်ဘွတ်နဲ့  အိက်စ်ပလက်ဖောင်း တွေမှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ အိက်စ်မှာ ရေးသားဖြန့်ဝေထားတာကို ဒီမှာ မှာတွေ့ရပါတယ်။ “အီဖယ်မျှော်စင် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးအထိမ်းအမှတ်များထဲမှ တစ်ခုဖြစ်သည်။ ပါရီမြိုလယ်မှာ မီးလောင်နေပါတယ်။ နောက်ဆုံးရသတင်းများမှာ ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုအား မီးသတ်သမားများက ထိန်းမနိုင်သေးကြောင်း သိရသည်။ https://t.me/aung4661” မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် တမိသားစုလုံးကို PDF က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တအိမ်သားလုံး PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြဝတီသတင်းက ကြေညာလိုက်တယ်လို့ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “မြဝတီသတင်းကအရေးပေါ်ကြေငြာပြီ ညကမအလတစ်အိမ်သားလုံးPDF တွေဖမ်းသွားပြီ ည၁၂နာရီတိတိ လက်မလွှတ်တမ်းသတင်းနားထောင်ကြည့်ပါ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုကို ဝင်ကြည့်ရာမှာတော့ ဗွီဒီယိုထဲမှာ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တခုလုံး  မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)ထံ လက်နက်ချခဲ့တဲ့အကြောင်းကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြန်လည်သုံးသပ်ပြောဆိုနေတဲ့ ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်တပ်က မြောက်ပိုင်းမှာ မရှု့မလှရှုံးနိမ့်မှု၊ စစ်တပ်ကို စွန့်ခွာလာတဲ့ အရာရှိစစ်သည်တွေများပြားလာမှုနဲ့ ခွင့်မဲ့ပျက်ကွက် […]

Continue Reading

Fact Check: နားလည်မှုလွဲစေနိုင်တဲ့ နေပြည်တော် အာဏာသိမ်းမှု သတင်းတု

နေပြည်တော်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချကာ  ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ကာကွယ်‌ရေးဦးစီးချုပ်ရာထူးပေးလိုက်တယ်၊ နေပြည်တော်မှာ အာဏာသိမ်းမှု ဖြစ်ပွားတယ်လို့ ဆိုပြီးယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအချို့က ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၁၈)ရက်နေ့အထူးသတင်းကောင်း မင်းအောင်လှိုင်ဖြုတ်ချခံလိုက်ရ စိုးဝင်းကိုကာချုပ်ရာထူးပေးပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုမျိုး အာဏာသိမ်းလိုက်ပြီဆိုတဲ့အကြောင်းအရာ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုခေါင်း‌ဆောင်ပိုင်းအပြောင်းအလဲသတင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဌာနဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုထဲပါတဲ့ သတင်းကတော့ မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ရာထူးမှ ဆင်းရန် မဘသဘုန်းကြီးများနှင့် တပ်ထောက်ခံသူများတောင်းဆို”ဆိုတဲ့ […]

Continue Reading

Fact Check: ပြင်ဦးလွင်မှာ စစ်အင်အားတသိန်းကျော်စုပြီး ရှမ်းမြောက်ကို ၄၈ နာရီ အတွင်း စစ်တပ်က ပြန်သိမ်းမယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ရဲ့ကြားဝင်မှုနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ၄၈ နာရီအတွင်းပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်ဦးလွင်မှာ စစ်သည်အင်အားတသိန်းကျော်စုထားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းသုံးသောင်းကျော်ရရှိထားပါတယ်။ “ရှမ်းမြောက်အထူးသတိဟေ့ ပြင်ဦးလွင်မှာ စစ်တပ်(၁)သိန်းကျော်လူစုကုန်ပြီဗျို့ ရှမ်းမြောက်ကို ၄၈ နာရီအတွင်းပြန်သိမ်းပိုက်မည်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ Khit Thit Television အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်း လုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပါ တယ်။ ဒီယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: လေယာဉ်တွေပစ်မချဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းတောင်းပန်တဲ့ သတင်းတု

တန်ကြေးကြီးလို့ လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်လိုက် တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သရော်စာပို့စ်တခုသာဖြစ်တယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “တပ်မတော်ရဲ့ တိုက်လေယဥ်တွေကို ပစ်မချကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ.. 😁😁 “ကချင်မှာ ဒီကနေ့ လားရိူးလေတပ်ကနေ တက်သွားတဲ့ Mi35P တစီး ပစ်အချခံရတယ် ဆိုတာတော့ ကျတော်အနေနဲ့ အတိအကျ မသိရသေးပါဘူး။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ၊ ဒီလိုပဲ ဒေါ်လာစားမီဒီယာတွေက တပျမတောျသိက်ခါကအြောငျ ကောလဟာလတွေ တမင်ရည်ရွယ်ချက် ရှိရှိ လွှင့်နေကြတာပဲ ဖြစ်ပါလိမ့်မယ်” ဟု့ စပြီး ပြောပါတယ်။ ဆက်လက်၍ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျ […]

Continue Reading

Fact Check: ပြင်ဦးလွင်နဲ့ မန္တလေးမှာ တပြိုင်နက်တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော်သေဆုံးမှု သတင်းတု

ပြင်ဦးလွင်နဲ့ မန္တလေးကို တော်လှန်ရေးအင်အားစုတွေက မှာ တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး ဗိုလ်လောင်း ၇၀၀ ကျော်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အပစ်ခတ်ရပ်စဲရေး မအလအကြိမ်ကြိမ်ချိုးဖောက်၍ ပြင်ဦးလွင်၊ မန္တလေး တပြိုင်နက်တိုက်ခိုက် ဗိုလ်လောင်း(၇၀၀)ကျော်သေဆုံး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့  Nway Oo Tv News အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။ အခုလည်း  တကယ်တမ်း ဗွီဒီယိုပါ အကြောင်း အရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading