Archives

Fact Check: အမေရိကန်ဆီက စစ်ရေးအကူအညီရကြောင်း NUG ပြောတဲ့ သတင်းမှား

အမေရိကန်ဆီက စစ်ရေးအကူအညီတွေရရှိပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်း စဉ်တုနဲ့ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။  “အမေရိကန်က‌ပေးတဲ့ စစ်‌ရေး အကူအညီ ‌ရောက်ပြမို့ ပြင်ဦးလွင်၊ မန္တလေးနှင့်နေပြည်တော်ကို သိမ်းတော့မယ်ဟု NUG သမ္မတ ကြေငြာမှုကြီး” မူရင်းလင်ခ့် – Youtube link | Archive link ဇန်နဝါရီ ၁၃ ရက်က ဒီချန်နယ်မှာပဲ နောက်ထပ် အလားတူဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုမှာတော့ “US ပေးတဲ့ တိုက်လေယဉ်တွေ ရှေ့တန်းကို ပို့တော့မည်ဟု Dr.sasa ကမ္ဘာသိကြေငြာ”စသည်ဖြင့်လည်းဖော်ပြထားတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ဖွဲ့ ၅၀၀၀ နဲ့ ရန်ကုန်ကို ဝိုင်းထားလို့ လုံးဝအပြင်မထွက်ဖို့ တိုက်တွန်းတဲ့ သတင်းမှား

တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ နဲ့ ရန်ကုန်မြို့ကို ဝိုင်းထားပြီးဖြစ်တာကြောင့် ဥဩဆွဲသံနေ ဆူညံနေပြီး လုံးဝအပြင်မထွက်ကြဖို့ သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဇန်နဝါရီ ၁၅ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။  “(၁၅)ရက်နေ့ မအလ ရှုံးမဲမဲဖြစ်ပြီး ရန်ကုန်မြို့အရေးပေါ်ပြီဟေ့ တော်လှန်ရေးတပ်ဖွဲ့(၅)ထောင်နဲ့ တမြို့လုံးဝိုင်းထားကြပြီ လုံးဝအပြင်မထွက်ကြပါနဲ့/ ဥဩဆွဲသံ ဆူညံကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။  ၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာလည်း ဒီလို ရန်ကုန်ကို တော်လှန်ရေးအင်အားစုတွေ ဝိုင်းထားပြီဆိုတဲ့အကြောင်းမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: ဒုကာချုပ်စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်မှု သတင်းတု

ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်အာဏာသိမ်း စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်ကုန်ပြီလို့ထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၁ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီဟာ လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရရှိထားတယ်။ “(၁၁)ရက်နေ့ အရေးပေါ်သတင်း အချင်းချင်းကိုကုန်ပြီဟေ့ ဒုကာချုပ်စိုးဝင်းနဲ့အရာရှိ(၂၅)ဦးနုတ်ထွက်ကုန်ပြီ ဆူပူထကြွကုန်ပြီဗျို့/စစ်အုပ်စု နှစ်ခြမ်းကွဲပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Burmese News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ […]

Continue Reading

Fact Check: တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ သက်သေလို့ဆိုပြီး ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေနေတာဟာ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်ပို့စ်တခုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ကလေးငယ်မျာကိုပါ လူသစ်စုဆောင်း တိုက်ပွဲအတွင်း အသုံးချမှုများ လုပ်လာတဲ့ စစ်သွေးကြွး အကြမ်းဖက်သူပုန်များရဲ့ လုပ်ရပ်သက်သေ#BN”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အတွင်းက တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတခုကို ဝင်တိုက်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်၊ ဂျာယန်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်း ကို စီးနင်းသိမ်းပိုက်ပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းခံထားရတဲ့ တအာင်းလူမျုး ၁၂၇ […]

Continue Reading

Fact Check: ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီ ဆိုတဲ့ သတင်းတု

ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှု့မှု အကြိမ်ပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “ဇန်နဝါရီလ(၁)ရက်နေ့ သတင်းထူး!! ပြင်ဦးလွင်နဲ့လားရှို့းမှာ လက်နက်ချလိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ Latest News အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။  အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ “ပြင်ဦးလွင်နဲ့ လားရှိုးမှာ လက်နက်ချလိုက်ပြီ”လို့ရေးသားပြီး ဗွီဒီယိုကို ဖြန့်ချိထားပေမယ့် တကယ်တမ်း ဗွီဒီယိုပါ […]

Continue Reading

Fact Check: လောက်ကိုင်မှာ လက်နက်ချတဲ့ ဗိုလ်မှူးချုပ် ၆ ဦး သေဆုံးမှုနဲ့နောက်ထပ် စစ်သား ၄၀၀၀ ပုန်ကန်မှုသတင်းခေါင်းစဉ်တု

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.စ.က)ထဲက လက်နက်ချပြီး ပြန်လာတဲ့ ဗိုလ်မှူးချုပ် ၆ ဦး စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးသွားပြီ၊ ဒီလိုသေဆုံးမှုကြောင့် တပ်သား ၄၀၀၀ ကျော်က စစ်ကောင်စီကို တော်လှန်ပုန်ကန်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။  “လောက်ကိုင်မှာလက်နက်ချအညံ့ခံခဲ့သော(ဒစကမှူး-၆)ဦး စစ်ကြောရေးတွင် သေဆုံး မင်းအောင်လှိုင် လက်လွန်သွားပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာ “လက်နက်ချသည့် ဗိုလ်မှူးချုပ်(၆)ဦးကိုလက်စားဖျောက်မှုကြောင့် စစ်သား(၄၀၀၀)သေနတ်ပြောင်းလှည့်ပြီ လားရှိုးမြို့ထိန်းမနိုင်သိမ်းမရ ပွဲဆူပြီဟေ့”(မူရင်းအရေးအသား) စတဲ့ရေးသားချက်ပါဝင်တယ်။ ဒီနေရာမှာ ကြည့်ပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ LoCal NeWs အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်း‌ဆောင် ကြေညာတဲ့ သတင်းတု 

ဇန်နဝါရီ ၃၁ ရက်မှာ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လာမယ့် ဇန်ဝါရီ ၃၁ ရက်မှာ ၆ သက်တမ်းကုန်ပြီး အနားယူတော့မယ်လို့ ကြေညာတာကြောင့် တကမ္ဘာလုံးက ကခုန်နေကြပြီလို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုထားပါတယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဖြန့်ဝေအပြီး ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၃၀၀၀၀ ကျော်ရှိတယ်။ “လာမယ့် ၃၁ ရက်နေ့ ၆ လတိုးသက်တမ်းကုန်ပြီဖြစ်လို့ ပလ္လင်ပေါ်က ဆင်းတော့မယ်တဲ့ ရာသက်ပန် အနားယူတော့မည်ဟု မအလ ကြေညာ တကမ္ဘာလုံး ကခုန်နေကြကုန်ပြီ” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ) က သေဒဏ် ချမှတ်လိုက်တယ်၊ ကုလသမဂ္ဂက ဖမ်းဖို့ အမိန့်ပေးလိုက်တယ်စသည့်ဖြင့် ပြောဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။  “(၅)ရက်နေ့ အရေးပေါ်သတင်း အကြမ်းဖက် မင်းအောင်လှိုင်ကို ICJ မှ သေဒဏ်ချမှတ်လိုက်ပြီဟေ့  တနိုင်ငံလုံး ကခုန်ကြ/ခေတ်သစ် အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာတော့ “မင်းအောင်လှိုင်ကို ဖမ်းမိန့်ထုတ်လိုက်ပြီ တပတ်အတွင်းဖမ်းပေးဖို့ R2P ကို ကုလအမိန့်ပေး  ရန်ကုန်ခေတ်သစ် ကြေညာပြီ/ ထူးပြီဟေ့”စသည်ဖြင့် ပြောဆိုထားပါတယ်။ ဒီနေရာမှာ ကြည့်ပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာစစ်ခေါင်းဆောင်ကို ICJ က […]

Continue Reading

Fact Check: လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး ရန်ကုန်က နေအိမ် ကို ပြန်ရောက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “(၄)ရက်နေ့ လွတ်လပ်ရေးနေ့အောင်ပြီ အမေစုလွတ်ငြိမ်းခွင့်ရပြီဟေ့ ခြံအမှတ်(၅၄)နေအိမ်ကို ပြန်ပို့ပေးလိုက်ပြီ ရန်ကုန်ခေတ်သစ် တရားဝင်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဇန်နဝါရီ ၄ ရက်မှာ စစ်ခေါင်းဆောင်က အကျဉ်းသား ၉၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားအချို့ပါဝင်လာပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ သို့သော်လည်း ‌ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် လျော့‌ပေါ့ပေးတဲ့ ကြေညာချက်သို့မဟုတ် […]

Continue Reading

Fact Check: KIA ပစ်ချခဲ့တဲ့ ထောက်ပို့လေယာဉ်ပေါ်ပါ စစ်တပ်က အရာရှိ ၂၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

စစ်တပ်ထောက်ပို့လေယာဉ်ကို KIA က ပစ်ချလိုက်တာမှာ လိုက်ပါလာတဲ့ အရာရှိ ၂၀၀ လုံးသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ရဟတ်ယာဉ်ပစ်ချမှု သတင်းဟာ မှန်ပေမဲ့ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ထားခြင်းဖြစ်တယ်။    ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ ပြောဆိုချက်ကောက်နုတ်ချက်နဲ့ စခရင်ရှော့ကို အောက်မှာကြည့်ပါ။ “အရာရှိစစ်ခွေး(၂၀၀)လိုက်ပါတဲ့‌ထောက်ပို့လေယာဉ်ပျံ KIA ပစ်ချလိုက်ပြီဟေ့ သကေုန်ပြီ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဇန်နဝါရီ ၃ ရက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က စစ်တပ်ထောက်ပို့ရေး ရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ကြောင်း မီဒီယာတွေမှာ သတင်း‌‌ဖော်ပြခဲ့ကြပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။   ဝိုင်းမော်မြို့နယ်မှာ MI-17 စစ်ဘက်သုံးရဟတ်ယာဉ်တစီးကို ပစ်ချခဲ့ပြီး ဒီရဟတ်ယာဉ်ပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် […]

Continue Reading