Fact Check: ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတနဲ့တွေ့ဆုံတဲ့သတင်းတု ဖြန့်ဝေ

False နိုင်ငံရေး | Politics

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ မြန်မာအိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် အွန်လိုင်းကနေတွေ့ဆုံခဲ့ တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။ 

သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ 

“အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးမူ့တွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေနေအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမူ့များအား စီစစ်တွေ့ရှိခဲ့ရတာကြောင့် တပ်မတော်မှ မလွဲမရှောင်သာ၍ အာဏာထိန်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက် သွင်းဖို့ အားလုံးပါဝင်တဲ့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုကို ၂၀၂၃ သြဂုတ်လအတွင်း ကျင်းပပေးဖို့ရန် လုပ်ဆောင်နေကြောင်း၊ တပ်မတော်က စီစစ်တွေ့ရှိထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှ မဲမသမာမူ့များအား အချက်လက်များဖြင့် အသေးစိတ်ရှင်းပြရာတွင် အမေရီကန်သမ္မတဂျိုးဘိုင်ဒန်က ယခုလို အချက်လက်များဖြင့် ရှင်းပြပေးတာကြောင့် မိမိအနေနဲ့ သဘောပေါက် နားလည်လက်ခံပါကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။”လို့ရေးသားပြီး “Myanmar News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂၅၀ ဝန်းကျင် ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

အမေရိကန်သမ္မတဂျိူးဘိုင်ဒန်ဟာ တပ်မတော်ကဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အိမ်စောင့်အစိုးရအဖွဲ့နဲ့တွေ့ဆုံခဲ့ တယ်ဆိုတဲ့ အထောက်အထားမျိးမတွေ့ရပါဘူး။ အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေမှာ လည်း မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအကြောင်း အရာမျိုးမတွေ့ရပါဘူး။  Tineye မှာပုံရှာနည်း အသုံးပြုရှာဖွေကြည့်ရာမှာ video conference နဲ့တွေ့ဆုံခဲ့တယ် ဆိုတဲ့ ဓာတ်ပုံတွေဟာ အခြားသော အကြောင်းအရာ အသီးသီးနဲ့ ပျံ့နှံ့ခဲ့ပြီးပုံတွေဖြစ်တာတွေ့ရပါတယ်။

သမ္မတဂျိူးဘိုင်ဒန်ရဲ့ ဓာတ်ပုံဟာ သမ္မတမဖြစ်ခင် ၂၀၂၀ ခုနှစ် ဇူလိုင် ၂၈ ရက်က KSNV သတင်းဌာနနဲ့ Zoom ကနေတွေ့ဆုံဆွေးနွေးမှု ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Abc13newsArchive link

နောက်ထပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာ ဖွေရှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်က ရုရှားနိုင်ငံ တာတာစတန်ပြည်နယ် သမ္မတနဲ့တွေ့ဆုံစဉ်က ဓာတ်ပုံတွေဖြစ်တာတွေ့ ရပါတယ်။ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ သမ္မတဂျိုးဘိုင်ဒန်နဲ့ အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းဟာ သတင်းတုသတင်းမှားဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်နဲ့ အမေရိကန်သမ္မတနဲ့တွေ့ဆုံတဲ့သတင်းတု ဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *