
အောင်လအန်ဆန်က မြန်မာနိုင်ငံအတွက် လက်နက်ကိုင်တိုက်ပွဲဝင်မယ်လို့ ရေးသားထားတဲ့ဓာတ်ပုံပို့စ်ကို ေဖ့စ်ဘွတ် အသုံးပြုသူ ေထာင်ဂဏန်းက ပြန်လည်မျှ ေဝလျှက်ရှိပါတယ်။
သို့ပေမဲ့ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဇူလိုင်ကကတည်းက အောင်လဆန်အန်ရဲ့ Aung La Nsang(Burmese Python) စာမျက်နှာမှာဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“အောင်လှလက်ဝှေ့မထိုးတော့ပါသူချစ်တဲ့မြန်မာပြည်တွက်လက်နက်ကိုင်တိုက်ပွဲဝင်ပါတော့မယ်”လို့ “ဝိုင်းစိန်မ” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၄၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အောင်လအန်ဆန်ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ လက်ဝှေ့လောက က အနားယူမယ်လို့ဖော်ပြချက်မျိုး မတွေ့ရသလို အခြားလွတ်လပ်သောမီဒီယာတွေမှာလည်း မတွေ့ရပါဘူး။
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ ဇွန်လိုင် ၃ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ ေအာက်ပါအတိုင်းတွေ့ရပါတယ်။
“MMA ဆုနဲ့ UFC ထိုသတ်မယ့် ကျွန်တော် သူ့ငယ်ချင်းအတွက် လာဗီးဂတ်စ်မှာ ကျွန်တော် အပြင်ထွက်တယ်။ ကျွန်တော်တို့ အချိန်အတော်ရတဲ့အတွက် ကန္တရထဲမှာ သေနတ်ပစ်လေ့ကျင့်ကြတယ်”လို့ ၂၀၁၉ ခုနှစ် ဇူလိုင် ၃ ရက်မှာ အောင်လအန်ဆန်ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Aung La Nsang(Burmese Python) မှာဖော်ပြထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Aung La Nsang | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အောင်လအန်ဆန်က တော်လှန်ရေးအတွက် လက်ဝှေ့လောကကို စွန့်လွှတ်မယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။

Title:မြန်မာနိုင်ငံအတွက် အောင်လအန်ဆန် သေနတ်ကိုင်နေတဲ့ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context