
မော်လိုက်မှာ စစ်တပ်ကကားချောက်ထဲကျ စစ်သားအများအပြားသေဆုံးတယ်လို့ရေးသားထားပြီး စစ်ကားတစ်စီး တိမ်းမှောက်နေပုံဓာတ်ပုံနဲ့အတူ ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာမှာ ဒီပို့စ်ကို လူထောင်ပေါင်းများစွာက မျှဝေလျက် ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ြသစတေးလျနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းက စစ်ကားတစ်စီးတိမ်းမှောက်ခဲ့တဲ့ ပုံဖြစ်ပါတယ်။
“အကြိမ်ကြိမ် အလေးပြုပါ၏။ ။
စစ်ခွေး ၆၅ ကောင်ကို အသက်နှင့်ရင်း၍ ဇီဝိန်ချွေကာ သတ္တိသွေး ရဲရဲနီခဲ့သည် မော်လိုက် (ကို) အောင်ဆန်းအား အလေးပြု ဦးညွှတ်ပါ၏။
ကျန်ရစ်သူ ဇနီးနှင့်မိသားစုကိုလည်း တတ်နိုင်သမျှ ထောက်ပံ့ကြစေလိုပါ၏။”လို့ရေးသားပြီး “Nay Linn Aung”အမည်နဲ့အကောင့်ကမျှဝေထားတာတွေ့ရပါတယ်။ အလားတူရေးသားထားပြီး ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မှာ စစ်ကားချောက်ထဲပြုတ်ကျပြီး စစ်သားအများအပြားသေဆုံးတဲ့ သတင်းမျိုး အခြားလွတ်လပ်သော သတင်းမီဒီယာအဓိက လုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြချက် မတွေ့ရပါဘူး။ သို့သော်လည်း Bago Watch News Agency က ဖော်ပြခဲ့ပြီးနောက် အခုလို ပျံ့နှံ့လာခဲ့တာဖြစ်တယ်လို့ မဇ္ဈိမသတင်းက ရေးသားပါတယ်။ အခုချိန်မှာတော့ ဒီသတင်းဖော်ပြချက် မတွေ့ရတော့ပါဘူး။
Tineye မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဓာတ်ပုံကို ြသစတေးလျနိုင်ငံ ဆစ်ဒနီမြို့ အခြေစိုက် The Sydney Morning Herald သတင်းက ရေးသားထားတဲ့ ၂၀၁၇ ခုနှစ် မတ် ၂ ရက်က သတင်းဗွီဒီယိုတစ်ခုမှာ ဒီဓာတ်ပုံကိုအသုံးပြုထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုရဲ့ အစမှာ “၂၀၁၂ ခုနှစ်က မဆင်မခြင်မောင်းနှင်မှူ ကြောင့် လူသေဆုံးမှုဖြစ်စေခဲ့တဲ့ စစ်ကုန်ကားတိမ်းမှောက်မှုမှာ စစ်သား အလက်ဇန္ဒားဂေါဟာ အပြစ်မရှိကြောင်း တွေ့ရ”လို့ ရေးသားထားပါတယ်။ ၂၀၁၂ ခုနှစ်က ြသစတေးလျနိုင်ငံ ေဟာ့စ်ဝါသီ(Holsworthy) စစ်အခြေ စိုက်စခန်းက စစ်သုံးယာဉ်တစ်စီးတိမ်းမှောက်မှုရဲ့ နောက်ဆက်တွဲသတင်းဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Sydney Morning Herald | Archive link
သုံးသပ်ချက်
မော်လိုက်မှာ စစ်ကားတစ်စီးတိမ်းမှောက်ပြီး စစ်သားအများအပြား သေဆုံးတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရသလို ဓာတ်ပုံဟာလည်း ြသစတေးလျနိုင်ငံက စစ်ကားတစ်စီးမတော်တဆတိမ်းမှောက်မှုက ဓာတ်ပုံ ဖြစ်ပါတယ်။

Title:ဒီပုံက မော်လိုက်မှာ စစ်ကားတစ်စီးထိုးကျမှု ဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Zun ZeeResult: Misleading