Fact Check: ပုံစံ ၁၉ မှာ လက်မှတ်မထိုးသူတွေ နောက်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ သတင်းအမှား

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့မဲစားရင်းပုံစံ ၁၉မှာ လက်မှတ်မထိုးတဲ့ကိုယ်စားလှယ်လောင်းတွေကို နောက်ကျင်းပမဲ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်မှာ “ကြားရာအရပ်ကနေ အမြန်ဆုံးလက်မှတ်လာထိုးကြပါ ”လို့ ခေါင်းစဉ်နဲ့  “UEC ပြတ်သားပြီ ပြည်ထောင်စုလွှတ်တော် ၃၉၉ နေရာဖြင့် NLD အနိုင်ရကြောင်း UEC ထုတ်ပြန်။ အနိုင်ရပါတီ အစိုးရဖွဲ့ခွင့်ရှိပြီ။ ပုံစံ( ၁၉ )လက်မှတ်မထိုးသော အမတ်လောင်းများ နောက်တစ်ကြိမ် အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ပါ။ UEC”လို့ ရေးသားနေကြတာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ ဒီလိုမျိုးပို့စ်တွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာကို တွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတဲ့ပို့စ်နဲ့ပတ်သက်ပြီး တရားဝင်မီဒီယာတွေမှာ ဒီလိုသတင်းမျိုး ဖော်ပြထားတာမတွေ့ရပါဘူး။ နိုဝင်ဘာလ ၁၁ရက်နေ့မှာပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် […]

Continue Reading

Fact Check: ဒဂုံမြို့နယ် ဘုရားကြီးမဲရုံက မဲပုံးတွေကိုဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုနယ်ဘုရားကြီးမဲရုံအတွင်းထဲက သစ်တောဓမ္မာရုံမှာ မဲပုံးတွေကို ဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာကို တွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေသူပေါင်း တစ်သောင်းကျော်ရှိတာကိုတွေ့ရပါတယ်။ “ဒဂုံမြို့နယ် ဘုရားကြီးမဲရုံ သစ်တောဓမ္မာရုံဝန်းထဲမှာ မဲဗုံးများအား ဖွင့်ဖောက်ပြီး စိတ်ကြိုက် တံဆိပ်တုံး ထုနေသော Video ပါ (မူရင်းအရေးအသားတိုင်း ဖော်ပြခြင်းဖြစ်ပါတယ်)”လို့ ခေါင်းစဉ်တပ်ထားပြီး ၂ မိနစ်နဲ့ ၃၁ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုဖိုင်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖိုင်မှာ ကြိုတင်မဲပုံးတွေ၊ မဲလက်မှတ်တွေနဲ့ ကြိုတင်မဲစာအိတ်လို့ ယူဆရတဲ့ စက္ကူစာအိတ်တွေကို တွေ့ရပြီး လူနှစ်ယောက်က မဲလက်မှတ်နဲ့ စက္ကူစာအိတ်တွေကို လုပ်ကိုင်နေတာကို […]

Continue Reading

Fact Check: NLDရဲ့ မင်းကင်းကိုယ်စားလှယ်လောင်းဒေါက်တာကျော်လင်းမဲခိုးပြီး နိုင်သွားတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကနေ မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်လင်းက မဲခိုပြီး အနိုင်ရတာဖြစ်ကြောင်းကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “ဦးကျော်လင်းမဲခိုးမှုပေါ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ “*ပါတီပေါင်းများစွာက ကန့်ကွက်လိုက်တဲ့ ရွေးကောက်ပွဲ မဲစာရင်းရလာဒ် ပုံစံ ၁၉ ကို လက်မှတ်ထိုးခြင်းမပြုဆိုတဲ့ ပါတီတွင်း ညွှန်ကြားစာကတရားဝင် ထုတ်ပြန်ချက်အစစ်ဖြစ်ပါသည်။*ရွေးကော်UECက မင်းကင်းမဲစာရင်းကို မထုတ်ပြန်ရဲပါ (ထုတ်ပြန်လျင် ဦးကျော်လင်းမဲခိုးမှုမယ် အပြုံလိုက်ထောင်ကျမည်)၊*မဲကိုဒီလိုခိုးခဲ့သည် *UECက မဲစာရင်း နမူနာကိုပုံစံတူရယူပြီး မင်းကင်းမြို့နယ်nldအကွက်မယ် တံဆိပ်တုံးကြိုရိုက်တဲ့ မဲစာရင်းစာရွက်တွေကို မဲရုံတွေဆီ ကြိုဖြန့်ခဲ့တယ်(ပန်းဆက်.တောင်တွင်း.မင်းကင်း.သံပေါက် လောင်းပြည့် ဇင်ကလဲ ထီဇလုပ် ဝက်ပုတ် ဆီကာ နယ်ဘက်က မဲစာရင်းလူအရေအတွက်ကို အရင်ယူခဲ့တယ်လို့ မဲခိုးရာမှာပါဝင်သူများက တဆင့်ပြောပြပါတယ်”လို့ စသဖြင့်ရေးသားနေတာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ အလားတူ ဒီပို့စ်ကို ပြန်လည်ကူးယူဖော်ပြနေတာကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ […]

Continue Reading

မိတ္ထီလာနဲ့ ရမည်းသင်းမှာ ပြည်ခိုင်ဖြိုးက ပြန်လည်အနိုင်ရရှိတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး မိတ္ထီလာနဲ့ ရမည်းသင်းမြို့နယ်တွေမှာ မဲစားရင်းပြန်စစ်ဆေးတာကြောင့် ကြံ့ခိုင်ရေးပါတီကပြန်နိုင်သွားတယ်ဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက််ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ ” သတင်းကောင်းလေး လာပေးတာ၊ မိတ္ထီလာနဲ့ရမည်းသင်း မဲစာရင်းပြန်စစ်တာ ကြံ့ခိုင်ရေး ပြန်နိုင်သွားပါပြီ”နဲ့ “ရမည်းသင်း လွှတ်တော်သုံးရပ်လုံး USDP အနိုင်ပြန်ရ မတရားမှုတွေ ပြန်ယူမှာနေ”လို့ စသဖြင့်ရေးသားနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဒေါက်တာသန်းထွန်းကို Fact Crescendo Myanmarမှ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရမှာတော့ “ရလာဒ်ကတော့ အပြောင်းလဲမရှိပါဘူး၊ ဒီလိုရေးနေတာတွေက အမှားတွေလို့ပဲပြောချင်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း၊ NLDအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစန်းဝင်ရှိန်က Fact Crescendo Myanmarကို “ဒီလိုမဲစားရင်းပြန်စစ်တယ်၊ မဲပြန်ရေတယ်တို့ဆို့တာမဟုတ်ပါဘူး၊ ထင်ယောင်ထင်မှားဖြစအောင် လျှောက်ရေးနေတာပါ၊ မိတ္ထီလာမှာကော ရမည်းသင်းမှာကော ဒီလိုပြန်စစ်တယ်ဆိုတဲ့ […]

Continue Reading

Fact Check: မဲလာပေးသူ ၂သန်းကျော်ပိုနေတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲပေးသူ ၂သန်းကျော်လောက်ပိုနေပြီး NLDပါတီနဲ့ ပြညထောင်စုရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းမဲလိမ်တယ်ဆိုတဲ့ ရေးသားနေတာတွေဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေံရပါတယ်။ ဒီပို့စ်မှာ “UECလူပေါင်းမှားသွားပြီ ပုံစံ (၁၉)ဖြင့် လူ ၂သန်းကျော်ထိ NLDပါတီနှင့် UECလက်ဝါးရိုက် တရားမဝင် မဲလိမ်မှုပေါ်ပေါက် မဲပေးခွင့်ရှိသူ ၃၇-သန်း၊ မဲပေးခဲ့တဲ့ အရေအတွက်က ၃၉သန်းကျော်နေ၊ UECမရှင်းနိုင်လျှင် တစ်ဖွဲ့လုံးအင်းစိန်ရောက်မည်”လို့ ရေးသားနေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ မူရင်းလင့်ခ် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ယခုရွေးကောက်ပွဲမှာ မဲပေးသူ လူဦးရေ ဘယ်လောက်ပမာဏရှိတယ်ဆိုတာကို ရွေးကောက်ပွဲကော်မရှင်က ရေတွက်ဆဲသာရှိသေးကြောင်းကို နိုဝင်ဘာ ၁၁ရက်နေ့က ပြုလုပ်တဲ့ကော်မရှင်သတင်းစာရှင်းပွဲမှာ ရှင်းပြသွားပါတယ်။အောက်ပါ့ဗွီဒီယိုဖိုင်ရဲ့ ၁နာရီ ၁၀ မိနစ် မှာပြောဆိုထားတာကို လေ့လာနိုင်ပါတယ်။ မဲပေးခွင်ရှိသူ ၃၇သန်း ၂သိန်းရှိတဲ့အကြောင်းကို ၁နာရီ […]

Continue Reading

Fact Check: ‌တပ်မ၈၈တစ်တပ်လုံး NLDကို မဲပေးတယ်ဆိုတာဖြစ်နိုင်လား

နိုင်ဝင်ဘာ ၈ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မင်းဘူးမြို့မဲဆန္ဒနယ်မှာရှိတဲ့ တပ်မ ၈၈တစ်တပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့ကြတယ်လို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်မှာ ရေသားမျှဝေနေကြတာတွေ့ရပါတယ်။ ဒီလိုရေးသားရေးသားနေတဲ့ပို့စ်မှာ “တပ်မတစ်တပ်လုံး NLD မဲပေးခဲ့သည့်တပ်မ(၈၈) တပ်မတစ်ခုလုံး NLD ကိုမဲပေးခဲ့တဲ့ ပြည်သူ့တပ်မတော်သားတွေကို မြင်ဖူးချင်တယ်ဆိုလို့တင်ပေးလိုက်တာ သူတို့ပေါ့ တိုက်ရဲတယ်၊ သေရဲတယ် နီလည်း နီရဲတယ်ဆိုတာ သူတို့ပေါ့ လေးစားပါတယ် ဆရာကြီး Credit -Hla OoMaung”လို့ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ မူရင်းလင့်ခ် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ၂၀၂၀ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၈ကြားဖြတ်ရွေးကောက်အထိမှာတော့ တပ်မဲရုံတွေဟာ တပ်တွင်းမှာသာထားရှိခဲ့ပြီး ၂၀၂၀ရွေးကောက်ပွဲမှာတော့ တပ်မဲရုံတွေမထားတော့ပဲ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေဟာ နီးစပ်ရာရပ်ကွက်မဲရုံတွေမှာ သွားရောက်မဲပေးရတာပါ။ဒီလိုမဲပေးရတာကြောင့် တပ်မတော် သားတွေနဲ့ […]

Continue Reading

Fact Check; ဇီးကုန်းက ကြိုတင်မဲရလာဒ်ဆိုတဲ့ သတင်းအမှား

လာမဲ့နိုဝင်ဘာ ၈ရက်နေ့မှာကျင်းပမဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲကောက်ခံတာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးနောက်မှာတော့ ပဲခူးတိုင်း၊ ဇီးကုန်းမြိုနယ်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးက အပြတ်အသတ်နိုင်တယ်ဆိုတဲ့ မဲရလာဒ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ဇီးကုန်း (ကြိုတင်မဲ)၊ ပြည်ခိုင်ဖြိုး= ၄၀%၊ NLD=10%၊ အပြတ်အသတ်”ဆိုပြီးရေးသားထားတာ တွေ့ရပါတယ်။ဒါပေမဲ့ ဒီလိုရေးသားမျှဝေနေတာတွေဟာ မှားယွင်းတဲ့ရေးသားချက်တွေသာဖြစ်ပြီး ကြိုတင်မဲရလာဒ်ကို ရွေးကောက်ပွဲရက်မတိုင်မီ ထုတ်ပြန်ကြေငြာလေ့မရှိတာကို Fact Crescendo Myanmarက တွေ့ရှိရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး သာယာဝတီခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးရဲမြင့်ကို Fact Crescendo Myanmarက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ “ကြိုတင်မဲတွေက ရွေးကောက်ပွဲရက်မတိုင်ခင် ဘယ်သူကမှ ဖွင့်ဖောက်ရေတွက်တာတွေ လုပ်လို့မရဘူး၊ အခုက ချိတ်ပိတ်ထားပြီး တကယ်ရွေးကောက်ပွဲရက်ရောက်မှ အကုန်ထုတ်ရေရတာပါ၊ ရွေးကောက်ရက်မတိုင်ခင် ကြိုတင်မဲရလာဒ် ဘယ်သူ ဘယ်လောက်ရတယ်ဆိုတာတွေက သတင်းအတုတွေပဲဖြစ်ပါတယ်။”လို့ ဦးရဲမြင့်က […]

Continue Reading

Fact Check; ရှပ်အင်္ကျီဝတ်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြထားတဲ့ ဦးဝီရသူရဲ့ ပုံအမှား

ဝရမ်းပြေးအဖြစ်တစ်နှစ်ကျော်လောက်တိမ်းရှောင်နေသောဦးဝီရသူက ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံပြီးနောက်မှာတော့ ရှပ်အင်္ကျီဝတ်ဆင်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြနေတဲ့ ဦးဝီရသူရဲ့ပုံဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပုံကို “ဝရမ်းပြေးနေတဲ့ အမျိုးသားရေးအစွန်းရောက် ဆရာတော်ဝီရသူ ရဲတပ်ဖွဲ့သို့ လာရောက်အဖမ်းခံ” “ဝရမ်းအထုပ်ခံ ရဟန်းယုတ် ဝီရသူတော့ အမှန်နန်းစံဘို့ ပြန်လှမ်းလာပီ …။ ကံပဲစမ်းသလားအကြံပဲလှမ်းသလား ညဏ်ပဲနွမ်းလို့ အကြံကုံလို့ဂဠုန်ပဲဆားချက်သလား အမှားပဲကိုဦးတည်ပြီး အရူးတွေတော့အပြောကြွယ် ဘာသာ သာသနာဆိုပြီ မကြာခင်အော်ကြတော့မယ်။….”စသဖြင့် အညွှန်းအမျိုးမျိုးတပ်ပြီး ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပုံဟာ Photoshopနဲ့ပြုပြင်ထားတဲ့ပုံဖြစ်ပါတယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင် ဒီပုံနဲ့အလားတူပုံမျိုးကို ၂၀၁၉ခုနစ်ကလည်း “ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကို ဖမ်းဆီးလိုက်ပြီ”ဆိုတဲ့ သတင်းအမှားမှာလည်း အသုံးပြုထားကြောင်းကို အချက်အလက်စစ်ဆေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “ဟုတ်တယ် Vs မဟုတ်ဘူး”ကလည်း စစ်ဆေးထားတာကိုတွေ့ရပါတယ်။ […]

Continue Reading

Fact Check: မဲဆွယ်ပွဲမှာ သေဆုံးခဲ့ရသူ ကာဘိုးကျေးရွာသားမှာ ကလေးဖြစ်တယ်ဆိုတဲ့ အချက်လက်အမှား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုကျေးရွာမဲဆွယ်ပွဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ NLDပါတီဝန်းရံသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးခဲ့ရသူမှာ ကလေးဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခုက လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။  BURMESEDAILYONLINE.ORGဆိုတဲ့ ဝဘ်ဆိုဒ်မှာ “ကာဘိုးကျေးရွာတွင် USDPဝန်းရံသူများ ရိုက်နှက်တာခံရတဲ့ ကလေးငယ်လေးသေဆုံးသွားပါပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားတဲ့သတင်းကို ဖေ့စ်ဘွတ်အကောက်တွေကနေ “အမျိုး၊ဘာသာ၊သာသနာ အော်ပြီး အပြစ်မဲ့ကလေးကို ရိုက်နှက်ခဲ့တာ။ အခုတော့ သေသွားရှာပြီ။ ခံပြင်းလိုက်တာကွာ။ ကာဘိုးကျေးရွာတွင် USDP ပါတီဝန်းရံသူများ ရိုက်နှက်တာ ခံရတဲ့ ကလေးငယ်လေး သေဆုံးသွားပါပြီ”အညွှန်းတက်ပြီး ဖေ့စ်ဘွတ်ခ်ဂရုတွေဆီ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ဒီပို့စ်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါဝင်တဲ့ သေဆုံးသူက ကလေးဖြစ်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ပြည်တွင်မီဒီယာတွေက ဖော်ပြထားတဲ့ သတင်းတွေကိုကြည်မယ်ဆိုရင် သေဆုံးသူမှာ ကလေးမဟုတ်ပဲ […]

Continue Reading

Fact Check; ရခိုင်ပြည်နယ်က ဘုရားပေါင်းကျေးရွာဘုန်းကြီကျောင်းအတွင်းမှာ AAတပ်သားတွေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်အတွင်းကျောက်တော်မြို့နယ်အတွင််းက ဘုရားပေါင်ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းမှာ အခုလအောက်တိုဘာ ၂၄ရက်နေ့က AAတပ်ဖွဲဝင်တွေနဲ့အတူ လက်နက်တွေပါဖမ်းမိတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “AAအကြမ်းဖက်များနှင့်လက်နက်ခဲယမ်းများဖမ်းမိ”ဆိုတဲ့ခေါင်းစဉ်နဲ့ နေ့စွဲကိုတော့ “24-10-2020”လို့ ရေးသားထားပြီး “အခု မိတာပါ၊ ရခိုင်ပြည်နယ် ဘုရားပေါင်း ရွာဘုန်းကြီး ကျောင်းမှာ လူရော့ လက်နက်ပါ မိတာပါ။သတင်း အပြည့်အစုံကို ပြန်လည်တင်ပြပေးမည်။”(မူရင်းရေးသားတဲ့အတိုင်း)လို့ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ဘုရားပေါင်းကျေးရွာမှာ ရက္ခိုင့်တပ်တော်AAတပ်ဖွဲ့ဝင်ဖမ်းမိတယ်ဆိုတဲ့ သတင်းမျိုး တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားတာမတွေ့ရသလို တပ်မတော်သတင်းမှန်ပြန်ကားရေးက အောက်တိုဘာ ၂၄ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲပေမဲ့ ဒီအကြောင်းထည့်သွင်းပြောကြားသွားတာကိုလည်း မတွေ့ရပါဘူး။အလားတူပဲ ပြည်တွင်းမီဒီယာတွေမှာလည်း အဲ့ဒီလိုသတင်းမျိုးရေးသားဖော်ပြထားတာမတွေ့ရပါဘူး။ ဒီပို့စ်မှာသုံးထားတဲ့ AAတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လက်နက်တွေအဖြစ် ပုံဖော်အသုံးပြုထားတဲ့ပုံတွေကို […]

Continue Reading