Fact Check: စစ်ခေါင်းဆောင် ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး စျာပန လာရောက်ပုံလား-မဟုတ်ပါ
စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ စျာပနကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်ပုံလို့ ဆိုလိုထားတဲ့ ဓာတ်ပုံတပုံ လူမှုကွန်ယက် စာမျက်နှာတွေက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်က နေပြည်တော် လယ်ဝေးက ဆရာတော်တပါးပျံလွန်တော်မူစဉ်က သွားရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန (ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အ သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပြီး ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရသာ အဖြစ်မှန်ကို သိရှိခဲ့ရကြောင်း၊ ဒီလိုစစ်တပ်ရဲ့ […]
Continue Reading