Fact Check: ကြက်ပေါင်းက ဆီးချိုရောဂါပျောက်ကင်းစေနိုင်လား-မဟုတ်ပါ

သံပုရာသီးနဲ့ ကြက်သားကို ပေါင်းစားရင် ဆီးချိုရောဂါကိုပျောက်ကင်းစေနိုင်တယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “နှစ်ပေါင်း ၂၅ နှစ်လောက် ဆီးချို ရောဂါ  ခံစားနေရတဲ့သူက ဒီနည်းနဲ့ပျောက်ကင်းသ.က်သာရာရ ဖတ်ချိန်တမိနစ် ++++++++++ လူတယောက်ဟာ တနေ့မှာနေမကောင်းဖြစ်သတဲ့ သူဟာ အာတွေခြောက်ပြီး အမြဲရေဆာ ထမင်းလည်း အမြဲဆာနေသလို တုန်နေသတဲ့  ချွေးစေးတွေပြန် ဆီးကခဏခဏသွားတာနဲ့ဆရာဝန်ပြ စစ်ဆေ:ကြည့်တော့ ဆီးချိုရောဂါ ဖြစ်နေပါသတဲ့ ဒီလို နဲ့ ဆေ:စားလာတာ ၂ နှစ်လောက် ကြာပါတယ်  အသက် ၅၇ မှာ မလေးရှားက သူ့မောင်နှမတွေဆီလာလည်တော့ […]

Continue Reading

Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းနေသလား- မဟုတ်ပါ 

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းသွားရောက်စစ်ဆေးဖို့နဲ့ ဆန္ဒမဲပေးကြဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းမှုလို့ ဆိုလိုထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ပြောကြားချက်ဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “နိုင်ငံသားတစ်ယောက်ဖြစ်နေပြီးတော့ မဲစာရင်း သွားမကြည့်ဘူး။ မဲမပေးဘူးဆိုရင် အဲဒါ “အကုသိုလ်”ပဲ။ မဲစာရင်းသွားကြည့်ပြီး မဲသွားပေးရင်တော့ “ကုသိုလ်” ပါပဲ” မူရင်းလင်ခ့် – Original link | Archive link တူညီစွာပဲ တစ်တော့(tiktok)မှာလည်း အခုလို မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် အောက်တိုဘာ ၂၈ ရက်မှာ စတင် ပျံ့နှံ့ခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဗွီဒီယိုမှာ နေ့စွဲအဖြစ် ၂၀၂၅ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကူညီတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကူညီတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရတယ်ဆိုတဲ့ ဗွီဒီယိပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်စုကို ကယ်ထုတ်တဲ့ သန်းရွှေ  အသက်ကြီးသူချင်း ကိုယ်ချင်းစာပြီ ဒေါ်အောင်ဆန်းစုကြည် ကို သွားကယ်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းသန်းရွှေ ဖမ်းခံရ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာနဲ့ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို […]

Continue Reading

Fact Check: မိုးကုတ်နဲ့ မိုးမိတ်မှာ PDF က TNLA ကို ပြန်တိုက်တဲ့ သတင်းတု 

မိုးကုတ်၊ မိုးမိတ်ကနေ မောင်းထုတ်လို့ တအာင်းတပ် TNLA ကို PDF က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်ပြီး သတင်းတု တခုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူပဲ မိုးကုတ်ကို အရပ်ဝတ်နဲ့ ဝင်လာတဲ့ စစ်တပ်ကို PDF တွေက တိုက်ခိုက်လို့ သေဆုံးခဲ့တယ်လို့ ရေးသားမျှဝေမှုကို ဒီနေရာမှာကြည့်ပါ။ “နိုဝင်ဘာ( ၂၆ )ရက် သစ္စာဖောက် TNLA(၇၀)သေဆုံး မိုးကုတ်နဲ့မိုးမြိတ်က PDF အဖွဲ့များကို ခွေးလိုမောင်းထုတ်နေတဲ့ TNLA PDF တပ်များပြန်ချပြီ၊ စစ်ကား(၁၅)စီး မိုင်းထိမှန်ပေါက်ကွဲ” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မိတ္ထီလာလေတပ်စခန်းကို AA က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံးတဲ့ သတင်းတု 

မိတ္ထီလာလေတပ်စခန်းကို အာရက္ခတပ်ေတာ်(AA)က ရှော့တိုက် ဒုံးနဲ့ပစ်ခတ်မှု တိုင်းမှုးအပါ ၅၂ ဦးသေဆုံးဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ နိုဝင်ဘာ ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။  “မိတ္ထီလာလေတပ် အမှောင်ကျသွားပြီ တိုင်းမှုးပါဝင် စုပေါင်း(၅၂)ဦး သေဆုံး ညသန်းခေါင်ယံအချိန် မိတ္ထီလာ လေတပ် ရခိုင့်တပ်တော် အေအေ ရှော့တိုက်ဒုံး ထိုးကြွေး၊ တိုင်းမှူးပါဝင်(၅၂)ဦး သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ […]

Continue Reading

Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘော ၄ စီး မြန်မာကိုဝင်‌လာတဲ့ သတင်းတု 

အကောင်းဆုံးလက်နက်ကြီးတွေ တပ်ဆင်ထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော ၄ စီး မြန်မာနိုင်ငံကို ဝင်ရောက်လာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “တရုတ်တောင် ကြောက်နေရပြီ ကန်လေယာဉ်တင်သင်္ဘော ၄ ခု မြန်မာကို ဝင်ပြီ အမေရိကန်ရဲ့ အကောင်းဆုံးလက်နက်ကြီးတွေ မြန်မာရေပိုင်နက်ကို ဝင် တရုတ်ဝန်ကြီး နေပြည်တော် ရောက်လာပြီး အာဏာအပ်ဖို့ ဖိအားပေးနေ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေစုနဲ့ ဦးဝင်းမြင့် ထွက်လာပြီ ကျားဖြန့်အမှု ကို ဖုံးကွယ်ဖို့ ဒေါ်စုနဲ့ ဦးဝင်းမြင့်ကို  မင်းအောင်လှိုင် ချက်ချင်း လွှတ်ပေးလိုက်လို့ လန့်ကုန်ပြီ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: လားရှိုးမြို့ကို MNDAA ပြန်သိမ်းဆိုတဲ့ သတင်းတု

လားရှိုးမြို့ကို MNDAA က ပြန်လည်သိမ်းပိုက်လိုက်ပြီးလို့ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၉ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။  “လားရှိုး MNDAA ပြန်သိမ်းပြီ လူပါးဝနေတဲ့ စစ်တပ်ကို MNDAA က ၁၈၀၀ ခန့် အရှင်ဖမ်း MNDAA ကို စိန်ခေါ်တဲ့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဖမ်းဆီးခံရ PDF နဲ့ NUG ကို လွှဲပြောင်းပေးမည်ဟု MNDAA ကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ဆိုတဲ့ သတင်းတု

နေပြည်တော်ကို AA အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု ၂၄၀၀၀ ဝန်းကျင်ရရှိထားတယ်။  “နေပြည်တော် တပ်ကုန်းကျသွားပြီ တမြို့လုံး မြို့ဝင်မြို့ထွက် ပိတ်ဆို့လိုက်ထား ဒီမနက်ပဲ နေပြည်တော် တပ်ကုန်းကို AA နဲ့ PDF တပ်မှ  အင်အား လုံရင်းနဲ့ ဝင်စီး၊ စစ်ခွေးအကျအရှုံးများနေ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု […]

Continue Reading

Fact Check: နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့ ဝင်လာပြီဆိုတဲ့ သတင်းမှား

ငွေကြေးလိမ်လည်မှုတွေကို အရေးယူဖို့အတွက် နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့တွေ ဝင်လာပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သိန်း ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။   “အမေရိကန် အထူးတပ် နေပြည်တော်ဝင်လာပြီ ကျားဖြန့်အမှု စစ်ဗိုလ်ချုပ်တွေ ပါဝင်နေကြောင်း  သတင်းထွက်၊ နေပြည်တော်ကို အမှောင်ချလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေ […]

Continue Reading