Fact Check: လူတယောက် ဖိနပ်တရံထက်ပိုပါက ဧည့်စာရင်းစစ်ဆေးခံရမယ်လို့ စစ်ကောင်စီ အမိန့်ထုတ်ခဲ့သလား- မဟုတ်ပါ

အာဏာသိမ်းအပြီး ရက်အနည်းငယ်ကတည်းက ထုတ်ပြန်ခဲ့တယ်လို့ဆိုထားတဲ့ လူတယောက် ဖိနပ်တရံထက် ပိုရင် ဧည့်စာရင်းစစ်ဆေးခံရမယ်လို့ အမိန့်ထုတ်ခဲ့ တယ်ဆိုတဲ့ အမိန့်စာတခု ယခုရက်ပိုင်း ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု ပြန်လည် အားကောင်းနေတယ်။ သတင်းမှား တခုသာဖြစ်တယ်။  ၂၀၂၁ ခုနှစ် မတ် ၁၀ ရက်စွဲနဲ့ ဒီအမိန့်ကြေညာမှာ ဧည့်စာရင်းရှောင်တခင် စစ်ဆေးမိန့်အရ အိမ် တစ်အိမ်မှာ လူတဦး ဖိနပ်တရံသာရှိရမည်ဖြစ်ပြီး လူဦးရေထက် ဖိနပ်အရံရေပို နေသည်ကို စစ်ဆေးတွေ့ရှိပါက အိမ်ထဲသို့ ဝင်ရောက်ရှာဖွေခံရမည်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပြန်ထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉၊ […]

Continue Reading

Fact Check: လေထုညစ်ညမ်းမှုလျော့ချရေး နှာခေါင်းတပေါက်သာ အသက်ရှူဖို့ NUG အမိန့်ထုတ်တဲ့ သတင်းတု

ကမ္ဘာ့လေထုကို ပိုမိုသန့်စေဖို့အတွက် “အောက်စီဂျင်ချွေတာရေး” အစီအစဉ်အရ နှာခေါင်း တပေါက်ဖြင့်သာ အသက်ရှုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမိန့်ထုတ်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “၁။ အကြမ်းဖက်စစ်ကောင်စီသည် စက်သုံးဆီချွေတာရန်အတွက် မော်တော်ယာဉ်များကို “စုံ/မ” စနစ်ဖြင့် မောင်းနှင်ခိုင်းနေကြောင်း သိရှိရပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီ၏ စီမံကိန်းထက် သာလွနှန် ကောင်းမွန်သော၊ ကမ္ဘာ့လေထုကို ပိုမိုသန့်စစေမည့် “အောက်စီဂျင်ချွေတာရေးနှင့် လေထုညစ်ရေး” အစီအစဉ်ကို ယနေ့မှစ၍ အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။ (က) စုံရက်များတွင် – ပြည်သူများအားလုံး မိမိတို့၏ “ညာဘက်” နှာခေါင်းပေါက် တစ်ဖက်တည်းဖြင့်သာ အသက်ရှုရမည်။ ဘယ်ဘက်နှာခေါင်းပေါက်ကို ဂွမ်း (သို့မဟုတ်) […]

Continue Reading

Fact Check: စစ်တပ်ခန့် ဝန်ကြီးချုပ် မော်လမြိုင်ခရီးစဉ်မှ လေယာဉ်ပစ်ချခံရပြီး လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးနေတဲ့သတင်းတု

စစ်တပ်ခန့် ဝန်ကြီးချုပ် ညိုစော မော်လမြိုင်ခရီးစဉ် လေယာဉ်ပစ်ချခံရ၊ လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးနေတယ် လို့ ဆိုထားတဲ့    ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ မတ် ၆ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်း ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ဝန်ကြီးချုပ် ညိုစော မော်လမြိုင်ခရီးစဉ် လေယာဉ်ပစ်ချခံရ၊ လေယာဉ်မှူးနဲ့တူ အလောင်းပါ ပျောက်ဆုံးပျောက်”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ပြောကြားချက်မှာ စစ်ကောင်စီအဖွဲ့ဝင် […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ ဖျက်သိမ်းကြောင်း စစ်ခေါင်းဆောင် ကြေညာတဲ့ သတင်းတု

အစိုးရသစ်မတက်ခင် စစ်မှုထမ်းဥပဒေ ဖျက်သိမ်းကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်ပြီလို့ ဆိုထားတဲ့    ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ မတ် ၅ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၇၀၀၀၀ ကျော်ရရှိထားတယ်။ “စစ်မှူထမ်း ဥပဒေ ရုတ်သိမ်းလိုက်ပြီ အစိုးရသစ်မစခင် ပြည်သူ့ စစ်မှုထမ်း ဥပဒေ ရုတ်ဖို့ မင်းအောင်လှိုင် ကြေညာ ၊ အကွက်ရွေ့နေပြီ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ပြောကြားချက်မှာ ၄င်းပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင် […]

Continue Reading

Fact Check: အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန် လေယာဉ်တင်သင်္ဘော‌ ပျက်စီးသွားတဲ့ မြင်ကွင်းလား-မဟုတ်ပါ

အမေရိကန် လေယာဉ်တင် သင်္ဘော‌ကို အီရန်က တိုက်ခိုက်ပြီးနောက် မီးလောင်နေတယ်လို့ ဆိုထားတဲ့ စခရင်ရှော့ ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တာတွေ့ရပြီး မြင်ကွင်းတွေဟာ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ မြင်ကွင်းတွေ ရယူထားခြင်းဖြစ်တာတွေ့ရတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေရိကန်လေယာဥ်တင် သင်္ဘောတစ်စီးရဲ့ဖြစ်ပျက်နေတဲ့ အခြေအနေ” Original link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက်  ပထမဆုံးဓာတ်ပုံဟာ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ မီဒီယာနဲ့ လူမှုကွန်ယက်တွေမှာ အဓိကအားဖြင့် ပျံ့နှံ့ခဲ့တာတွေ့ရတယ်။  အထူးသဖြင့် အီရန်က အမေရိကန်လေယာဉ်တင်သင်္ဘော ‌အေဗရာဟမ်လင်ကွန်း (Abraham Lincoln ) ကို ဒုံးကျဉ် ၄ […]

Continue Reading

Fact Check:အီရန်တိုက်လေယာဉ်ကို အမေရိကန်လေယာဉ်တင်သင်္ဘောက ပစ်ချနေတဲ့ ဗွီဒီယိုလား -မဟုတ်ပါ

အမေရိကန် လေယာဉ်တင် သင်္ဘော‌က အီရန်တိုက်လေယာဉ်တစီးကို ပစ်ချနေတဲ့ ဗွီဒီယိုလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တာတွေ့ရပြီး ဗွီဒီယိုဟာ တိုက်ခိုက်ရေးသရုပ်ပြဂိမ်း တခုဖြစ်တယ်။ အမေရိကန်နဲ့ အစ္စရေးဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို လေကြောင်းက ရုတ်တရက်ဝင်ရောက်ခိုက်ခဲ့ပြီး အီရန်ခေါင်းဆောင် ခါမေနီအပါအဝင် အီရန်ခေါင်းဆောင်တချို့ကို သုတ်သင်ရှင်းလင်းခဲ့သလို စစ်ရေးအရ အရေးပါတဲ့နေရာတွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “အမေရိကန် Air carriers Group မှ အီရန် Jet fighter ပစ်ချ ဗီဒီယို” Original link | […]

Continue Reading

Fact Check: ဘူးလက်လှဆွေ ပစ်ခတ်ခံရပြီး သေဆုံးတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ဗဟိုကော်မတီဝင် ဦးလှဆွေ(ဘူးလက်လှဆွေ) ပစ်ခတ် သတ်ဖြတ်ခံရတယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်းမှာ ကြည့်ရှု့မှုပေါင်း ၂၃၀၀၀ ကျော်ရရှိခဲ့တယ်။ “ဘူးလတ်လှဆွေ ပစ်ခတ်ရှင်းလင်း ခံရပြီဟေ့ – အာချောင်ချင်တာ ခုတော့ သေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “GZ သတင်းစုံ”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ နေရာဖြစ်တယ်။  အခုလည်း ဗွီဒီယိုအစနဲ့ ဗွီဒီယိုထဲမှာ စာသားနဲ့ ဘူးလက်လှဆွေ ပစ်ခတ်ခံရပြီး […]

Continue Reading

Fact Check: မင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းချက် ဒေါ်အောင်ဆန်းစုကြည်ပယ်ချတဲ့ သတင်းတု 

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “အမေစု ပြတ်သားပြီ မင်းအောင်လှိုင်ရဲ့ အာဏာခွဲဝေဖို့ ညှိနှိုင်းမှု အမေစု ပယ်ချ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလိုအာဏာခွဲဝေဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးညှိနှိုင်း လာတယ် ဆိုတဲ့အကြောင်း အခု သတင်းခေါင်းစဉ်တုတပ်  ဗွီဒီယိုမှာလည်း မပါဝင်သလို တခြား ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ‌ဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ […]

Continue Reading

Fact Check: မြစ်ကြီးနားလေဆိပ် KIA တိုက်ခိုက်မှု ထိပ်ပိုင်း စစ်ဗိုလ်ချုပ် ၃ ဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့ သတင်းတု

မြစ်ကြီးနားလေဆိပ်ကို တိုက်ခိုက်မှုအတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ် ၃ ဦး အပါအဝင် ၁၂ ဦး သေဆုံးတယ် လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ ဒီတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မ‌တော်(KIA)က လုပ်ခဲ့တာလို့လည်း ဆိုထားတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “မြစ်ကြီးနားလေဆိပ် KIA ဆော်ပြီ  ထိပ်ပိုင်း စစ်ဗိုလ်ချုပ်(၃)ဦးပါဝင်(၁၂) သေဆုံး   မြစ်ကြီးနား လူကြီးခရီးစဉ် လေဆိပ်ရောက်ရောက်ချင်း KIA  တိုက်ခိုက်၊ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်(၃)ဦးပါဝင်(၁၂)ဦး သေဆုံး” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် မြစ်ကြီးနားလေဆိပ်မှာ MNA လေကြောင်းလိုင်းလေယာဉ်တစီး ဒရုန်းထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းကို […]

Continue Reading

Fact Check: အမေရိကန် သမ္မတနဲ့ ဒေါ်ဇင်မာအောင်တို့တွေ့ဆုံခဲ့ပြီး လေယာဉ် အစီး ၂၀ အကူအညီရတဲ့ သတင်းတု 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့ပြီး လေယာဉ် အစီး ၂၀ အကူအညီရခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “ယနေ့ တစ်ကမ္ဘာလုံး အံ့သြကုန်တဲ့ သတင်းကြီး  အမေရိကန် သမ္မ နဲ့ ဒေါ်ဇင်မာအောင်  တွေ့ခွင့်ရပြီး လေယာဉ်အစီး ၂ဝ ရပြီဟေ့” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်မှုတွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီချန်နယ်ဟာ လုံးဝလုပ်ကြံပြောဆိုတာတွေ၊ သတင်းမီဒီယာတွေမှာ […]

Continue Reading