Fact Check: အကယ်ဒမီ ဆုပေးပွဲ ဗုံးကြဲခံရတဲ့ သတင်းတု 

နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့  ၂၀၂၄ ခုနှစ် အကယ်ဒမီဆုပေးပွဲအခမ်းအနား ဗုံးကြဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအား‌ကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ စာသား ကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “Breaking News အကယ်ဒမီ ဆုပေးပွဲ ဗုံးကြဲခံရပြီ ဘောမ အနုပညာရှင်တွေ အော်ငိုနေကြပြီ မင်းအောင်လှိုင်နဲ့ သူ့မိန်းမ တက်ရောက်နေလို့ ဗုံးကြဲတာဟု သိရ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် […]

Continue Reading

Fact Check: သောင်ရင်းတောင်းဆိုချက် ၁၀ ချက်ကို စစ်ကောင်စီသဘောတူပြီး နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်ခေါ်တဲ့ သတင်းတု

စစ်ကောင်စီက တော်လှန်ရေးအင်းအားစုတွေရဲ့ တောင်းဆိုချက် ၁၀ ချက်ကို သဘောတူလက်မှတ်ရေး ထိုးလိုက်ပြီးနောက် နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်နေပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “အချက် ၁၀ ချက် သဘောတူလိုက်ပြီ နိုင်ငံတစ်ဝန်းတပ်များအားလုံး နေပြည်တော်ပြန်နေပြီ စစ်ကောင်စီ လက်မှတ်ထိုးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီက သောင်ရင်းသဘောတူညီချက်နဲ့ ပတ်သက်ပြီး သဘောတူလက်မှတ်ထိုး တယ်ဆိုတာ  ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ‌ဖော်ပြချက်မရှိပါဘူး။  ဒီလိုပဲ နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ကို ပြန်လာနေပြီဆိုတာလည်း သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay […]

Continue Reading

Fact Check: ရန်ကုန်မှာရှိတဲ့ ရခိုင်လူမျိုးအကုန်လုံး သတ်ဖြတ်ဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ အကုန်ပစ်သတ်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  “အရေးပေါ်သတင်းထူးကြီး လူမျိုးရေကြေငြာပြီ     (၁၃)ရက်နေ့ ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ  အကုန်ပစ်သတ်မည်ဟု မအလ အမိန့်ထုတ်ပြန်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit thit channel”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နေတဲ့နေရာကို PDF ဝင်စီးပြီး ကယ်ထုတ်တဲ့ သတင်းတု

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ထားတဲ့ နေရာကို သိရှိပြီးနောက် PDF တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၈ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “မနေ့ညက ဖရဲသီး သတင်းပေးလို့ စစ်ကောင်စီ အမေစုကို ဖွက်ထားတဲ့နေရာ PDF တွေ  အင်အားအလုံးရင်းနဲ့ ဝင်စီးပြီး ကယ်တင်နိုင်ခဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ “MCM”အမည်နဲ့ […]

Continue Reading

Fact Check: စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို AA သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ချုပ် သူရိန်ထွန်းကို အာရက္ခတပ်တော်(AA)က သေဒဏ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၁၇ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်ချုပ် သူရိန်ထွန်း AA သေဒဏ်ပေး အသက်သွေးကြွေး ပြန်ဆပ်တာလို့ AA ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ချန်နယ်ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေ အထူးသဖြင့် စာသားနဲ့ သတင်းတင်ဆက်မှုတွေကို ဗွီဒီယိုပုံစံပြောင်းလဲပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ […]

Continue Reading

Fact Check: ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်း တိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှား

ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်းတိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှားပို့စ်တခု နိုဝင်ဘာ ၁၈ ရက်က ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဆိုက်ကလုန်းမုန်တိုင်းထက်(၃)ဆပိုပြင်းမည် လူပေါင်း(၉)သန်းသေနိုင်တယ်တဲ့ အခုကြေညာတဲ့မြို့ (၉၃)ခု ချက်ချင်းရှောင်ကြပါ ၁၈/၁၉(၂)ရက်အတွင်းဝင်မည် ပညာရှင် ဦးဝင်းနိုင် အထူးသတိပေးကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: တရုတ်က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို သေဒဏ်ပေးတဲ့ သတင်းတု

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က သေဒဏ်ပေးလိုက် တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃၀၀၀ ကျော်ရရှိထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မအလနဲ့တရုတ်က MNDAA ခေါင်းဆောင်ကြီး  သေဒဏ် ဖုန်တာရွှင်ကို ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီ နားထောင်ရင်း မျက်ရည််တောင်ကျတယ်ဗျာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ သတင်းတု

စစ်ခေါင်းဆောင် တရုတ်ရောက်နေချိန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။  နိုဝင်ဘာ ၇ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်း ကျော်ရရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မင်းအောင်လှိုင် တရုတ်ပြည်ရောက်နေချိန် အာဏာရှင်ဟောင်းဦးသန်းရွှေနဲ့ အမေစု တွေ့ပြီ အာမခံချက်နဲ့ လွှတ်ပေးလိုက်ပြီ/ထူးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံတဲ့ သတင်းဖြစ်စေ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်၊ အာဏာပြန်လွှဲမယ်ဆိုတဲ့ သတင်းတု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နုတ်ထွက်မယ်လို့ ကြေညာလိုက်၊ အာဏာပြန်လွဲလိုက် ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ “Local celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့  ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။NLD ကို လွှတ်တော်ခေါ်ခွင့်ပေးလိုက်ပြီ၊ ၃၈ နာရီအတွင်း အာဏာပြန်လွှဲမယ်၊ ဒေါ်သက်သက်ခိုင်ကို သမ္မတအဖြစ်ခန့်အပ်ပြီး မင်းအောင်လှိုင် နုတ်တွက်တော့မယ်ဆိုတဲ အလားတူဖြန့်ဝေမှုတွေကို ့ ဒီနေရာနဲ့ ဒီနေရာမှာ ဒီချန်နယ်က ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေ(MOI, […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သား အသတ်ခံရတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည့်စုံ အောက်တိုဘာ ၂၈ ရက်မှာ အသတ်ခံလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “မအလ အချစ်ဆုံးသား ယနေ့(၂၈)နေ့မှာ အသတ်ခံလိုက်ရပြီ သူ့သားအလောင်းကို နေ ပြည်တော် ပြန်ပို့ပီ “စသည်ဖြင့် ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး […]

Continue Reading