Fact Check: စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ရွေးကောက်ပွဲအတွက် ဇာတ်ကားရိုက်ကူးခိုင်းတဲ့ ညွှန်ကြားစာလား -မဟုတ်ပါ

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုတဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဗွီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေနဲ့ ပတ်သက်ပြီး လူထုအကြားဝေဖန်မှု မြင့်တက်ခဲ့ပြီး‌နောက်မှာ စစ်တပ်က ဝေဖန်သူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဒီမင်းသားမင်းသမီးတွေဟာ စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက နာမည်နဲ့တကွ သရုပ်ဆောင်ဖို့ အမိန့်ပေးလို့ လုပ်ရတယ်လို့ ဆိုပြီး အမိန့်စာတခု ပျံ့နှံ့လာခဲ့ပါတယ်။တကယ်တော့ အတုပြုလုပ်ချက်ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်တို့ ဗမာတိုင်းရင်သားတစု နေတိုးခြူးလေးတိုကိုပြောချင်ရင် ဒီစာကိုဖတ်ပြီးမှပြောပါ”ဆိုပြီး စစ်တပ်ပြန်ကြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဆိုတဲ့ စာကို “Aung Thein”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Original link | Archive link တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် “ခေတ်သမိုင်းကို […]

Continue Reading

Fact Check: မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှု သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

မင်္ဂလာဒုံလေဆိပ် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရမှုဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ လတ်တလော အဖြစ်အပျက်မဟုတ်ဘဲ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “မင်္ဂလာဒုံလေဆိပ် အမှောင်ကျပြီ မင်္ဂလာဒုံလေဆိပ် ၁၀၇မမနဲ့ တိုက်ခိုက်ခံရပြီး စစ်ခွေး အသေအပျောက်များနေ၊ လေဆိပ်ကို အမှောင်ချထား” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Tht Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့က ဖော်ပြချက် သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။  အခုလည်း  အမှန်တကယ်မှာ ၂၀၁၃ ခုနှစ်က သတင်းဟောင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေထားသလို ချဲ့ကား ရေးသားထားခြင်းဖြစ်တာလည်းတွေ့ရတယ်။ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း သေဆုံးမှု သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်ခေါင်းဆောင်ကို အာဏာဖိဆန်လို့ လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “အမေစု ကို ခိုး လွှတ်ပေးဖို့ လုပ်တဲ့ ဒုတပ်ချုပ် စိုးဝင်း ရာထူးကနေဖြုတ်ချခံရပြီး သေဆုံးခဲ့ရလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြချက် သတင်းတွေကို ပုံဖျက်ပြောဆိုပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ […]

Continue Reading

Fact Check: အာဆီယံအထူးသံတမန်နဲ့ တွေ့အပြီး ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းတု

အာဆီယံအထူးသံတမန် နေပြည်တော်လာအပြီးမှာ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီးတော့ ယူကျူ့မှာ ပြောဆိုမျှဝေနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အာဆီယံအထူးသံနဲ့တွေ့ဆုံဆွေးနွေးပြီး  ဒေါ်စု ကိုဒီနေ့ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီလို့ မအလ ဒဲ့ကြေညာပြီ” Original link | Archive link ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပဲ လွတ်လာပြီဆိုပြီး ဒီချန်နယ်ကပဲ ထပ်မံ ဖြန့်ချိထားသေးတယ်။ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် “Local Celegram”ဟာ မီဒီယာတချို့မှာ‌‌ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားပြောဆိုတာတွေလည်း ပြုလုပ်ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး မကြာခဏ Fact Crescendo Myanmar က အချက်အလက်စိစစ်‌ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ […]

Continue Reading

Fact Check: မိတ္ထီလာလေတပ်တိုက်ခိုက်ခံရမှုဆိုတဲ့ နားလည်မှုလွှဲစေတဲ့ သတင်းတု 

မိတ္ထီလာလေတပ်တိုက်ခိုက်ခံရပြီး လေတပ်ဦးစီးမှုအပါ ၁၉ ဦးသေဆုံးခဲ့တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထးရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “မိန္တိလာလေတပ် တိုက်ခိုက်ခံရပြီး လေတပ်ဦးစီမှုးပါဝင်(၁၉)ဦး သေဆုံး”(မူရင်းပို့စ်ပါအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေပြုလုပ်တာတွေ့ရတယ်။   အခုလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ က သတင်းကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ မြန်မာနောင်းသတင်းဌာနရဲ့ မူလသတင်း‌ဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ မိတ္ထီလာမြို့ တိုက်ခိုက်မှုမှာ ရှော့တိုက်ဒုံး ၊ ကာမီကာဇေ ခေါ် […]

Continue Reading

Fact Check: ပြင်ဦးလွင်ကို TNLA နဲ့ PDF တို့စတင်တိုက်ခိုက်နေပြီ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင် ဆိုတဲ့ သတင်းတု

ပြင်ဦးလွင်ကို TNLA နဲ့ PDF တို့စတင်တိုက်ခိုက်နေပြီ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ရတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “ပြင်ဦးလွင် TNLA စတင်တိုက်နေပြီ ပြင်ဦးလွင် TNLAနဲ့ PDF တို့ စတိုက်နေပြီ၊ မြို့ပေါ်ရှိ ပြည်သူတွေ ညတွင်းချင်း တိမ်းရှောင်နေရ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်ဆိုတဲ့ သတင်းတု

အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အိုးဘိုထောင် တိုက်ခိုက်ခံရ အကျဉ်းသား ၄၀၀ ခန့် ကယ်ထုတ်ပြီး သမ္မတကြီး ပါဝင် မန္တလေး နာမည်ကြီး အိုးဘိုထောင် ဖောက်ထွင်းခံရ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ကျဉ်း အများအပြား ကယ်ထုတ်” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: အမေရိကန်လေယာဉ် တော်လှန်ရေးအဖွဲ့တွေဆီ‌ရောက်လာလို့  စစ်ခေါင်းဆောင် လေတပ်ချုပ်ကို ဖြုတ်ချဆိုတဲ့ သတင်းတု

တော်လှန်ရေးအဖွဲ့တွေဆီကို အမေရိကန် လေယာဉ်တွေ ဝင်ရောက်လာလို့  မြန်မာ စစ်ခေါင်းဆောင်က လေတပ်ချုပ်ကို ဖြုတ်ချခံတယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “တပ်ချုပ်က လေတပ်ချုပ်ကို ဖြုတ်ချ နေပြည်တော်မှာ အမေရိကန်လေယာဉ်တွေ ဝင်ရောက် အမေရိကန် လေယာဉ်တွေ ဝင်လာလို့ ပြေးနေရပြီ တော်လှန်ရေးတပ်တွေဆီ အမေရိကန် လေယာဉ်တွေ ရောက်နေပြီ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ဟင်း သွေးတိုးရောဂါကို အမြတ်ပြတ် စေသလား- အထောက်အထားမရှိပါ

ငါးနုသန်းနဲ့ ဒန့်သလွန်ရွက်ကို ၁၀ ရက်ဆက်တိုက် ချက်စားရင် သွေးတိုးရောဂါအမြစ်ပြတ် ပျောက်ကင်းတယ် ဆိုပြီး ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှု တွေသာဖြစ်တယ်။ တကယ်တော့ သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ငါးနုသန်းဟာ မြန်မာအခေါ်အဝေါ် ကြောင်ငါးလို့ လူသိများတဲ့ နှုတ်ခမ်းမွေးပါတဲ့ ငါးအုပ်စုဝင်ဖြစ်တယ်။  ငါးတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အိုမီဂါ-၃ ပါဝင်သလို ဒန့်သလွန်ရွက်ဟာလည်း သွေးတိုးကျစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဖလာဗိုနွိုက်(flavonoids)၊ ဖိနောလစ်(phenolics)နဲ့ အက်စထွာဂလင်း(astragalin)တို့ပါဝင်တယ်။ ဒါပေမဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရင် နေပြည်တော်ကို တိုက်မယ်လို့ AA ပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် နေပြည်တော်ကို တိုက်ခိုက်မယ်လို့ အာရက္ခတပ်တော်(AA)က ပြောတယ်ဆိုပြီး အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “AA က အပြတ်ပြောနေပြီ  ဒေါ်စု မလွတ်ရင် နေပြည်တော် တိုက်မည် မြန်မာပြည်ရဲ့ လူထုခေါင်း‌ဆောင်ကို မလွှတ်ရင် နေပြည်တော် အထိ တက်မည်ဟု  ဗိုလ်ချုပ် ထွန်းမြတ်နိုင်အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။ ဒီချန်နယ်နဲ့ […]

Continue Reading