Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရင် နေပြည်တော်ကို တိုက်မယ်လို့ AA ပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် နေပြည်တော်ကို တိုက်ခိုက်မယ်လို့ အာရက္ခတပ်တော်(AA)က ပြောတယ်ဆိုပြီး အကြားမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “AA က အပြတ်ပြောနေပြီ  ဒေါ်စု မလွတ်ရင် နေပြည်တော် တိုက်မည် မြန်မာပြည်ရဲ့ လူထုခေါင်း‌ဆောင်ကို မလွှတ်ရင် နေပြည်တော် အထိ တက်မည်ဟု  ဗိုလ်ချုပ် ထွန်းမြတ်နိုင်အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုတဲ့ သတင်းတု 

ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုပြီး ‌ပြောဆိုချက်နဲ့ ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ “Celebrity Online News”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေထားတဲ့ ပို့စ်ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်နဂါး လက်နက်ချ အညံ့ခံ အဖမ်းခံတော့မယ်တဲ့” Original link | Archive link အလားတူတဲ့ပြောဆိုမှုနဲ့ ဗွီဒီယိုကို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေခဲ့ရာမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းဝန်းကျင်ရရှိခဲ့တယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယို ဖြန့်ဝေထားတဲ့ “Local ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသား‌ပြောဆိုချက်တွေကို ဖြန့်ချိတာ လုပ်တဲ့ […]

Continue Reading

Fact Check: ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုတဲ့ သတင်းတု 

ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချ အဖမ်းခံတော့မယ်ဆိုပြီး ‌ပြောဆိုချက်နဲ့ ဗွီဒီယိုတွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ “Celebrity Online News”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေထားတဲ့ ပို့စ်ကို အောက်မှာ ကြည့်ပါ။  “ဗိုလ်နဂါး လက်နက်ချ အညံ့ခံ အဖမ်းခံတော့မယ်တဲ့” Original link | Archive link အလားတူတဲ့ပြောဆိုမှုနဲ့ ဗွီဒီယိုကို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေခဲ့ရာမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းဝန်းကျင်ရရှိခဲ့တယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယို ဖြန့်ဝေထားတဲ့ “Local ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသား‌ပြောဆိုချက်တွေကို ဖြန့်ချိတာ လုပ်တဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် လက်နက်ကြီးထိမှန်ပြီး အသက်လုနေရဆိုတဲ့ သတင်းတု 

စစ်ခေါင်းဆောင် လက်နက်ကြီးထိမှန်ပြီး အသက်လုနေရတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှုမှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “မင်းအောင်လှိုင် လက်နက်ကြီး ထိမှန် အသက်လုထွက်ပြေးလာပြီး၊ ဆေးကုသမှုခံယူနေ အသက်အာမခံချက်မရှိဟုဆရာဝန်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကို ဆင်တုယိုးမှား တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို အခုလို သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတုတွေ ဖြစ်တယ်

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတက်ရောက်တယ်ဆိုတာက အစ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီအလယ်၊ သူနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုအဆုံး ဗွီဒီယိုတွေ  ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။  ဒေါ်အောင်ဆန်းစုကြည် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၉ ရက်က ဖြန့်‌ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း  ၁ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။  “တပ်ချုပ်နဲ့ လူထုခေါင်းဆောင် တွေ့ဆုံ အာဇာနည်နေ့မှာ နာရီ ၄ချက်အထိ တွေ့ဆုံဆွေးနွေး ပြည်သူ့မိခင်ကြီး ပြတ်ပြတ်သားသား အပြတ်ပြော” Original link | Archive link ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ ဗွီဒီယိုကို ဒီနေရာနဲ့ အာဇာနည်နေ့အခမ်းအနား သူတက်တယ်ဆိုတဲ့ […]

Continue Reading

Fact Check: ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတဲ့ သတင်းတု

ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၁ ရက်က ဖြန့်‌ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ၇ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။  “မအလ ထိုးကြွေးနေပြီ အကျဉ်းဦးစီးကို သေဒဏ်ပေးပြီ ရွှေညဝါ ဆရာတော်နှင့် မောင်သာချိုသေဆုံးမှု  ပြဿနာတက်နေပြီ သေဒဏ်ပေးရန် အမိန့်ပေးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး မကြာခဏ အချက်အလက်စိစစ်ချက် ‌ဖော်ပြခဲ့ပြီးဖြစ်တယ်။  ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီချန်နယ်ကို […]

Continue Reading

Fact Check: ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူတွေကို စစ်တပ် ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းတု

လပြည့်ကျော် ၁ ရက်နေ့မှာ စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ရာ ရန်ကုန်က  ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူ တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “လပြည့်ကျော် (၁)ရက်နေ့ ဗုံးကြဲပြန်ပြီ ရွှေတဂုံ အပါဝင် ဘုရားဖူးပြည်သူများကို စစ်တပ်က ဗုံးကြဲ အများပြားသေဆုံးနေပြီဗျာ” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Yangon Khit Thit”အမည်နဲ့ […]

Continue Reading

Fact Check: NUG နဲ့ဆွေးနွေးလိုကြောင်း စစ်တပ်ကြေညာတဲ့ သတင်းတု

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ဆွေးနွေးလိုတယ်လို့ စစ်ကောင်စီက ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “NUGနဲ့ ဆွေးနွေးလိုကြောင်း ကြေညာ CRPHအပါအဝင် NUGနဲ့အလွတ်သဘော တွေ့ဆုံလိုကြောင်း တရားဝင်ကြေညာ၊ NUG ပယ်ချလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။  အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “NUG […]

Continue Reading

Fact Check: လိုင်စင်မဲ့ကားတွေကို လိုင်စင်ပေးမယ်ဆိုတဲ့ သတင်းတု

လိုင်စင်မဲ့ကားတွေကို လိုင်စင်လုပ်ပေးမယ်လို့ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနက ကြေညာတဲ့ ပို့စ် ‌ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “#12.6.2025 Update (W)ကားတွေ လိုင်စင်ချပေးဖို့ အမိန့်ထုတ်လိုက်ပြီဗျာ ပိုက်ဘောမိထားတဲ့ ဝယ်ရောင်းပွဲဇိုးလော်ဘီတွေအတွက်တော့ စိတ်တော့မကောင်းပါဘူး😅 ပွဲဇိုးလေးတွေနှလုံးအားဆေးကြိုသောက်ထားကြ” Original link | Archive link အချက်အလက်စိစစ်ချက် လိုင်စင်မဲ့ကားတွေကို လိုင်စင်ထုတ်ပေးမယ်ဆိုတဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ စစ်ကောင်စီလက်အောက်က စီမံကိန်းနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်လို့ ဆိုထားတဲ့ ထုတ်ချက်ကို လေ့လာကြည့်ရာမှာ ရုံးစာအသုံးအနှုန်းမဟုတ်တဲ့ စကားလုံတွေပါဝင်နေသလို မြန်မာစာရေးသား ထုံးဖွဲ့မှုကို […]

Continue Reading

Fact Check: စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတု

စစ်တပ်က ဖမ်းဆီးထားတဲ့ စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံးသွားပြီလို့ဆိုတဲ့ ဗွီဒီယို ယူကျူချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အဖမ်း ခံထားရတဲ့ ဇော်ဘုန်းဟိန်း စစ်ကြောရေးမှာ သေဆုံး သွားလို့ တစ်နိုင်ငံလုံး ဘောမတွေ ဆန္ဒပြနေကြပြီ”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌‌ဖော်ပြတာ၊ လုပ်ကြံဖန်တီးထားတဲ့အကြောင်းအရာတွေ ဖြန့်ဝေတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုထဲမှာ အဖမ်းခံထားရတဲ့ စစ်တပ်လော်ဘီတဦးဖြစ်တဲ့ ဇော်ဘုန်းဟိန်းဟာ […]

Continue Reading