ရှေးဟောင်း ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ဝယ်ယူနေဆိုတဲ့ ခေါင်းစဥ◌်လွှဲတပ်ပြီးလှည့်စားထားတဲ့ဗွီဒီယို
ရှေးဟောင်း ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ဝယ်ယူနေဆိုတဲ့ ဗွီဒီယိုတစ်ခုလူမှုကွန်ရက်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ကျပ် ၁၀၀၀ တန်တွေထွက်လာပြီး လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ရေပန်းစားနေချိန် ဇန်နဝါရီလထဲမှာပဲ ဒီဗွီယိုကစတင်ပြန့်နှံ့လာတာဖြစ်ပါတယ်၊ လူမှုကွန်ယက်မှာ ဗွီဒီယိုမှာ စာတန်းထိုးထားတဲ့ ဒီသတင်းကို ဟုတ်မှန်သယောင် ထပ်ဖြန့်ဝေနေသူ တွေလည်းရှိပါတယ်။ Phoo Mu Barword အမည်နဲ့ အကောင့်ပိုင်ရှင်က မန္တလေး CB bank က ပြန်လည်ဝယ်ယူနေလို့ မှတ်ချက်ပေးပြီ ပြန်လည်မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ၁။ ဗွီဒီယိုမှာ “ရှေးဟောင်း ၁၅ ကျပ်တန် တစ်ရွက်ကို ကျပ် ၁၅ သိန်းနဲ့ အစိုးရက ဝယ်ယူနေ”လို့ စာတန်းထိုးထားပေမဲ့ ဗွီဒီယိုထဲမှာ အသံနဲ့ […]
Continue Reading