ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်းတု
ရခိုင်အရေး AA ဖက်ကနေ မြန်မာတပ်မတော်အား တိုက်ခိုက်ရန် ပါဝင်မည်ဟု “ဝ” တပ်မတော်ပြောဆိုတဲ့ သတင်း လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ Khin Zin Htay အမည်နဲ့အကောင့် myanmarpress.com ကပို့စ်တစ်ခုကိုမျှဝေလာတာလည်းတွေ့ရပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦး ညီရမ်းက ဒီသတင်းမဟုတ်ဘူးလို့ Fact Crescendo ကို အတည်ပြုပါတယ်။ “ကျွန်တော်တို့အတွက် နိုင်ငံရေးအရလည်း မကောင်းပါဘူး။ ဘယ်လိုကိုးကားရေးထားသလဲပေါ်မူတည်တာပေါ့။ အခြေအမြစ်မရှိပါဘူး”လို့ ဦး ညီရမ်းက ပြောပါတယ်။ ၂။ တရားဝင်သတင်းဌာနတွေက ဒီလိုဖော်ပြထားတာမတွေ့ရပါဘူး။ ၃။ myanmarpress.com ကရေးသားတင်ဆက်ထားပုံကြည့်ရင်လည်း ဘယ်သူဘယ်ဝါက ပြောတယ်၊ ဘယ်အချိန်မှာပြောတယ်၊ ဘယ်သူ့ကိုပြောတယ်ဆိုတာကို ကိုးကားရေးသားထားခြင်းမရှိပါဘူး။ သတင်းရေးသားရာမှာ “ဘ” ၆လုံးဆိုတဲ့ ဘယ်သူက၊ […]
Continue Reading