လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ဖေ့စ်ဘွတ် cele အိပန်ဆယ်လိုအကောင့်တုက တင်တဲ့ ဘာသာရေးစော်ကားတဲ့စာကိုမျှဝေမှု

False နိုင်ငံရေး၊ လူမှုရေး

MP Maung Myint အမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အကောင့်ကနေ ဖေ့စ်ဘွတ် cele အိပန်ဆယ်လို အကောင့်တုကနေ တင်ထားတဲ့ “ဗုဒ္ဓမြတ်စွာဘုရား ရှိမရှိ ကမ္ဘာပေါ်မှာ ရွေးကောက်ပွဲ လုပ်ကြည့် မရှိဆိုတဲ့ မဲ များ ရင် ဗုဒ္ဓ ဆိုတာ ရှိဖို့မလိုဘူး” ဆိုပြီးရေးထားတဲ့ စာကို screenshot ရိုက်ပြီးမျှဝေထားပါတယ်။

“ဒီလို မိန်းကလေးကို လော်ဘီလုပ်ခိုင်းတဲ့ အဖွဲ့ကို မိဘ ပြည်သူများ ကျောခိုင်းသင့်ပါပြီ။ ငါရေးတာက ပူးတွဲပါ  အိပန်ဆယ်လိုကိုပြောနေတာ။ အတုတွေ အစစ်တွေ ငါသိစရာ မလိုဘူး”လို့ မျှဝေရာမှာ ရေးသားထားပါတယ်။

FB linkArchive link

အချက်အလက်စိစစ်ချက်

၁။ ဒီကောင့်မှာ အတုဖြစ်တယ်လို့ အိပန်ဆယ်လို အကောင့်အစစ်က ပြန်လည်ဖြေရှင်းထားပါတယ်။ ဘာသာရေးစော်ကားသော အရေးအသားများကို SS ရိုက်ယူပြီး ကျွန်မနှင့် NLD ပါတီကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေပါတယ်လို့လည်း သူက ရေးသားထားပါတယ်။ 

၂။အိပန်ဆယ်လို အကောင့်အစစ်မှာ Followers တစ်သန်းကျော် ရှိပြီး personal profile တစ်ခုဖြစ်တာတွေ့ရပါတယ်။

၃။ အိပန်ဆယ်လို အကောင့်အတုမှာ Follower ၆ သောင်းကျော်ပဲရှိပြီး page တစ်ခုဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ  “ဗုဒ္ဓမြတ်စွာဘုရား ရှိမရှိ ကမ္ဘာပေါ်မှာ ရွေးကောက်ပွဲ လုပ်ကြည့် မရှိဆိုတဲ့ မဲ များ ရင် ဗုဒ္ဓ ဆိုတာ ရှိဖို့မလိုဘူး”လို့ ရေးသားချက်ဟာ နာမည်တူအကောင့်တုကနေ ရေးသားမှုသာဖြစ်ပါတယ်။

Avatar

Title:လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ဖေ့စ်ဘွတ် cele အိပန်ဆယ်လိုအကောင့်တုက တင်တဲ့ ဘာသာရေးစော်ကားတဲ့စာကိုမျှဝေမှု

Fact Check By: Zaw Wai 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *