Fact Check: စစ်ဘေးရှောင်တွေကို ပလောင်စကားမတတ်လို့TNLA က ပစ်သတ်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ
ကျောက်မဲမြို့ ကျောင်ကြီးဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်နေတဲ့ ရှမ်းတိုင်းရင်းသား တ ဦးနဲ့ ဗမာ ၂ ဦးကို ပလောင်စကားမတတ်လို့ TNLA က ပစ်သတ်ခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ဗွီဒီယိုဟာ CNA ရဲဘော် ၃ ဦးက စစ်ကောင်စီ တပ်သား ၃ ဦးကို ပစ်သတ်မှု ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ် တယ်။ ၂ မိနစ် ၄၆ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင်ထားသူတချို့က အဆောက်အဦးထဲမှာ စောင်ခြုံပြီး အိပ်နေတဲ့ သူ ၃ ယောက်ကို စကားအနည်းငယ်ပြောပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ပစ်ခတ်ခဲ့တာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ တယ်လီဂရမ်ရဲ့ […]
Continue Reading