Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ပြန်လည်ပယ်ဖျက်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခုယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာတွေကဖော်ပြချက်တွေကို ပြန်လည်ကူးယူ ဖော်ပြပြီး နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီဗွီဒီယိုကို တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိတယ်။ “စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ပယ်ချခံရ စစ်ကောင်စီဖျက်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြားအမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) […]

Continue Reading

Fact Check: သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မလွှတ်ရင် UN စစ်ကြေညာမယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်‌ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမိန့်ချလိုက်ပြီး လွှတ်မပေးရင် ကုလသမဂ္ဂက စစ်ကြေညာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုက ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေစုနဲ့သမ္မတကြီးကို ၄၈ နာရီအတွင်းချက်ချင်းလွှတ်ရမည် လုံခြုံရေးကောင်စီ(R2P) တစ်ပြိုင်နက်ဆုံဖြတ်လိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အလားတူပို့စ်ကို ယူကျူ့ဗွီဒီယိုရဲ့ ဒီနေရာမှာလည်းတွေ့နိုင်ပါတယ်။  အချက်အလက်စိစစ်ချက် အခုလိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  ဖေဖော်ဝါရီ ၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ တခါးပိတ်ဆွေးနွေး […]

Continue Reading

Fact Check: AA က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ရခိုင့်တပ်(AA)က စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်ပစ်ချမှုမှာ ဗိုလ်မှူးကြီး ၁၈ ဦးသေဆုံးခဲ့ပြီး ရဟတ်ယာဉ်မှုး တဦးပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၄ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၁ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂သိန်း‌ကျော်ရရှိထားပါတယ်။ “FN-6 ရခိုင့်တပ်(AA)ထုတ်သုံးပြီ MI-17 ရုရှားထုတ် ရခိုင့်တပ် AA ပစ်ချလိုက်ပြီ ဗိုလ်မှူးကြီး(၁၈)ဦးသေဆုံး၊ ရဟတ်ယာဉ်မှူး အစဖျောက်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ […]

Continue Reading

Fact Check: ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီးတဲ့ သတင်းတုသတင်းမှား

ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီးတဲ့ သတင်းတုသတင်းမှားဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ thumbnail ဓာတ်ပုံထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၇၀၀၀၀ ‌ကျော်ရရှိထားပါတယ်။ “ရန်ကုန်၊ ကြည့်မြင်တိုင်ကို PDF များစီးနင်းကုန်ပြီဗျို့ အာဏာရူးအုပ်စုအသေဆိုးနဲ့သေကုန်ပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနအမည်ကို တုပထားတဲ့ ချန်နယ်တခုဖြစ်တယ်။ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှု သတင်းတု သတင်းမှားတွေပျံ့နှံ့

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှုလို့ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “တရုတ်နဲ့ သန်းရွှေကပါ မလိုချင်တော့တဲ့ မင်းအောင်လှိုင် နှုတ်ထွက်မဲ့ သတင်း တစ်နိုင်ငံလုံးပြည်သူများ နားထောင်ပေးပါ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်စာတင်တယ်လို့ ရေးသားမျှဝေထားပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ အတွေးအမြင် ဆောင်းပါတပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်တယ်။ မူလဆောင်းပါးကို ဒီလင့်ခ်မှာကြည့်ပါ။ ဧရာဝတီသတင်းဌာနရဲ့ မူလဖော်ချက်မှာလည်း စာဖတ်သူတွေကို ဆွဲဆောင်တဲ့အနေနဲ့ “အားလုံးက မမြင်လိုတော့သည့် မင်းအောင်လှိုင် နုတ်ထွက်မလား”လို့ […]

Continue Reading

Fact Check: မိတ္ထီလာလေတပ်စခန်းအသိမ်းခံရပြီး လက်နက်ဂိုဒေါင်ပြာကျသွားတဲ့ သတင်းတု 

မိတ္ထီလာလေတပ်စခန်းအသိမ်းခံလိုက်ရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြန့်ဝေမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၈ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၆သောင်း ဝန်းကျင်ရှိတယ်။ “လုံခြုံ‌ရေးအင်အားနဲနေတဲ့ မိတ္ထီလာလေတပ်စခန်းသိမ်းပိုက်လိုက်ပြီ တပ်ခွဲမှူးခေါင်းပွင့်သေ၊ လက်နက်ဂိုဒေါင်ပြာကျ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မိတ္ထီလာလေတပ်စခန်း တိုက်ခိုက်ခံရမှု သတင်းမတွေ့ရပါဘူး။ Real News Channel အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး မသက်ဆိုင်တဲ့ခေါင်းစဉ်လွဲ သို့မဟုတ် ခေါင်းစဉ်တုနဲ့ ထင်ယောင်ထင်မှား ဖြစ်ဖွယ်ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ […]

Continue Reading

Fact Check: ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းတု

ကချင်ပြည်နယ်မှာမီးတောင်ပေါက်ကွဲမှုကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေနေတာဟာ သတင်းမှားတခုဖြစ်တာတွေ့ရပါတယ်။ ရေတွင်းတူးရာမှ ရွံ့နွံတွေ ပန်းထွက်တဲ့ သတင်းကို ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နေ့လည် ၁ နာရီခွဲ ဇန် ၂၆ ကချင်ပြည်နယ်မှာ မီးတောင်ပေါက်ကွဲလို့ ပြည်သူတွေထွက်ပြေးနေရတဲ့ နောက်ဆုံးအခြေနေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ကချင်ပြည်နယ်၊ အင်းတော်ကြီး အရှေ့ဘက်ကမ်းဆီက ဟဲပါးကျေးရွာမှာ ရေတွင်းတူးတာကနေ ရွှံ့ရေတွေ ထူးထူးဆန်းဆန်း ပန်းထွက်လာခဲ့သလို ပေါက်ကွဲသံတွေလည်း အကျယ်ကြီး ထွက်ပေါ်လာခဲ့လို့ ဒေသခံတွေ ထိတ်လန့်ခဲ့ရတယ်ဆိုတဲ့ သတင်းတပုဒ်ကို ပြန်လည်ဖြတ်ကြား နေတာဖြစ်တယ်။ မူရင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။  သုံးသပ်ချက် […]

Continue Reading

Fact Check: ဧပြီလမှာ စစ်ခေါင်းဆောင်အနားယူမယ်ဆိုတဲ့ သတင်းတု

ဧပြီလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မယ်လို့ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၅ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃ သိန်းခွဲရှိထားပါတယ်။ “ကမ္ဘာကပါ လန့်သွားရတဲ့ မင်းအောင်လှိုင်ရဲ့ ကြေငြာချက်ကြီး ၄လပိုင်းမှာ ပင်စင်ယူတော့မယ်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီလိုရေးသားဖော်ပြချက်မတွေ့ရပါဘူး။  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့  Naypudaw Khit Thit Radio ကိုလေ့လာကြည့်ရာမှာ လူမှုကွန်ယက်မှာ အထူးသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ […]

Continue Reading

Fact Check: နားလည်မှုလွဲစေနိုင်တဲ့ နေပြည်တော် အာဏာသိမ်းမှု သတင်းတု

နေပြည်တော်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချကာ  ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ကာကွယ်‌ရေးဦးစီးချုပ်ရာထူးပေးလိုက်တယ်၊ နေပြည်တော်မှာ အာဏာသိမ်းမှု ဖြစ်ပွားတယ်လို့ ဆိုပြီးယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအချို့က ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၁၈)ရက်နေ့အထူးသတင်းကောင်း မင်းအောင်လှိုင်ဖြုတ်ချခံလိုက်ရ စိုးဝင်းကိုကာချုပ်ရာထူးပေးပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုမျိုး အာဏာသိမ်းလိုက်ပြီဆိုတဲ့အကြောင်းအရာ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုခေါင်း‌ဆောင်ပိုင်းအပြောင်းအလဲသတင်းကို စစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဌာနဲ့ မီဒီယာတွေမှာလည်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုထဲပါတဲ့ သတင်းကတော့ မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ရာထူးမှ ဆင်းရန် မဘသဘုန်းကြီးများနှင့် တပ်ထောက်ခံသူများတောင်းဆို”ဆိုတဲ့ […]

Continue Reading

Fact Check: ပြင်ဦးလွင်မှာ စစ်အင်အားတသိန်းကျော်စုပြီး ရှမ်းမြောက်ကို ၄၈ နာရီ အတွင်း စစ်တပ်က ပြန်သိမ်းမယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု

တရုတ်ရဲ့ကြားဝင်မှုနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ၄၈ နာရီအတွင်းပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်ဦးလွင်မှာ စစ်သည်အင်အားတသိန်းကျော်စုထားတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း တသိန်းသုံးသောင်းကျော်ရရှိထားပါတယ်။ “ရှမ်းမြောက်အထူးသတိဟေ့ ပြင်ဦးလွင်မှာ စစ်တပ်(၁)သိန်းကျော်လူစုကုန်ပြီဗျို့ ရှမ်းမြောက်ကို ၄၈ နာရီအတွင်းပြန်သိမ်းပိုက်မည်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ Khit Thit Television အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်း လုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပါ တယ်။ ဒီယူကျူ့ချန်နယ်ဟာ […]

Continue Reading