Fact Check: မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး လူတွေအပြင်မထွက်ကြဖို့ တိုက်တွန်းတဲ့ သတင်းခေါင်းစဉ်တု
မန္တလေးမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်နေပြီး ဗုံးမိုးရွာနေလို့ အပြင်မထွက်ကြဖို့ PDF-mdy ကတိုက်တွန်းလိုက် တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခုဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ “Breaking News မအလ ရှုံးပြီဝန်ခံလိုက်ပြီ မန္တလေးမြို့ကိုချကုန်ပြီဟေ့ လုံးဝ အပြင်မထွက်ရ PDF-mdy ကြေညာလိုက်ပြီ၊ ဗုံးမိုးရွာပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့(အထူးသဖြင့် ရန်ကုန်ခေတ်သစ် မီဒီယာက) သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပြီး ရန်ကုန်ခေတ်သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ အခုလည်း မန္တလေးမြို့မှာ တိုက်ပွဲတွေဖြစ်ပြီး […]
Continue Reading