Fact Check: တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင်က အာဏာပြန်လွှဲပေးတဲ့ သတင်းမှား
တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာပြန်လွှဲပေးတယ်ဆိုတဲ့ ပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာဟာ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်ခွေးစစ်သုံပန့်(၁၅၀)ဦး KIA/PDF တပ်ဖမ်းမိ မအလ အရှုံးပေးပြီဟေ့၊ အာဏာပြန်အပ်ရပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရှုံးပေးပြီး အာဏာပြန်အပ်ပြီလို့ရေးထားပေမဲ့ တကယ်တမ်း ဒီအကြောင်းအရာ ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ တကယ်တမ်း ဗွီဒီယိုပါသတင်းတွေဟာ သတင်းမီဒီယာတွေမှာ မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်မျှဝေ နေခြင်းဖြစ်တယ်။ “ဖမ်းမိသည့် […]
Continue Reading