Fact Check: ဒီပုံက ရဲတပ်ဖွဲ့ဝင် ၂ ဦး ၂၀၂၀ ခုနှစ်အတွင်း TNLA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံဖြစ်တယ်

အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးဓာတ်ပုံနဲ့အတူ ပိုက်ဆံယူ၊သတင်းပေးလုပ်လို့ ယင်းမာပင်မြို့နယ် မြိုင်ဂဲ ရဲစခန်းက စစ်ခုံရုံးအတင်ခံတဲ့ရဲတပ်ဖွဲ့ဝင်တွေအဖြစ်ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်းကပျံ့နှံ့လျက်ရှိတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရ ပါတယ်။ “23-6-22 ယင်းမာပင်..မြိုင်.ဂဲစခမ်း.. သတင်းပေး..ပိုက်ဆံယူ…အကျင့်ပျက်..ဖရဲသီးတွေ.. စစ်ခုံရုံးတင်…. Sittway Thitsar .@.ကရင်ပြည်နယ်”စသည်ဖြင့် ရေးသားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဒီရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ၂၀၂၀ ခုနှစ်အတွင်းက တအာင်းလွှတ်မြောက်ရေးတပ်ဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးဖြစ်တာတွေ့ရပါတယ်။  ပြီးခဲ့တဲ့နှစ်မှာ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်စုကြည်မွေးနေ့ဆုတောင်း သာဖြစ်တယ်

ဇူလိုင် ၁၉ ရက်မှာကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာသွားရောက်တွေ့ဆုံမှုလို့ဆိုထား ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဟောင်းတစ်ခု သာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက် ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၂၀ ရက်က နေပြည်တော်အထူးတရားရုံးမှာ သူ့ရဲ့ရှေ့နေတွေနဲ့အတူ ကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး RFA Burmese သတင်းဌာနကဖော်ပြပါတယ်။ “ခနလေး တွေ့ ခွင့်ရတောင် သူ့ ပြည်သူတွေကို စိတ်ပူနေတာတဲ့ ချစ်လိုက်တာ အမေရယ်”ရေးသားထားပြီး “Cele Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၁၀၀၀ ရှိပါတယ်။ ဗွီဒီယိုထဲမှာတော့ လူတွေရဲအမြင်ကလည်းအရေးကြီးကြောင်း၊ လစ်လျူရှု့သင့်တာကို လစ်လျူရှုရမှာဖြစ်ပေမဲ့ […]

Continue Reading

Fact Check: အမေရိကန်စင်တာ ချိတ်ပိတ်ခံရမှုဆိုတဲ့သတင်းတုသတင်းမှား

ရန်ကုန်မြို့က အမေရိကန်စင်တာကို စစ်တပ်က ချိတ်ပိတ်လိုက်တယ်ဆိုပြီး ဓာတ်ပုံ ၂ ပုံနဲ့အတူ မျှဝေထားတဲ့ ပို့စ်တစ်ခုအသုံးပြု သူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပြီး ဓာတ်ပုံဟာလည်း ပြုပြင်ဖန်တီးထားတဲ့ဓာတ်ပုံတွေသာဖြစ်ပါတယ်။ “တက္ကသိုလ်ရိပ်သာလမ်းနှဲ့အင်းလျားလမ်းမှာရှိတဲ့ အမေရိကန် ထောက်လှမ်းရေးနှင့်ထောက်ပံ့ရေးဂိုထောင်၊ အမေရိကန်စာသင်ကျောင်းစာကြည့်တိုက်အားချိပ်ပိတ်လိုက်ကြောင်းသိရသည်။”လို့ ရေးသားထားပြီး “Aye Nan Da”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပထမဆုံးဓာတ်ပုံတွေကို Google မှာရှာကြည့်ရာမှာ ဓာတ်ပုံတွေဟာ အရင်ကတည်းက ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။  “Aung Myo Mon” Google အသုံးပြုသူက ၂၀၂၁ ခုနှစ် မတ်လထဲမှာ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။  […]

Continue Reading

Fact Check: မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံမှာ စတွေ့ပြီလား-မဟုတ်ပါ

မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ဇွန် ၁ရက်စပြီးပျံ့နှံ့ခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တာ ရောဂါက”လို့ ရေးသားပြီး “Ei pone pone tik tok”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုကိုမျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည် မျှဝေမှုပေါင်း ၄၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ ဖေ့စ်ဘွတ်ပို့စ်ပါမျှဝေထားတဲ့ လင့်ခ်တွေနှိပ်ပြီး ဝင်ရောက်ဖတ်ရှု့ရာမှာ “မျောက်ကျောက်နဲ့ ကိုယ်တွေ့ကြုံ အပြင်ထွက်ရင် ယခင်ကလိုပဲနှာခေါင်းစည်းတပ်ကြပါ လက်ကိုမကြာခဏဆေးပါ။ Bus ကားစီးပြီး လက်ကိုင်ကွင်း တန်းတွေလေဖျခါလက်ရန်းတွေ နဲ့လူအများထိတွေ့ကိုင်တွယ်ထားတဲ့ အရာတွေကိုမဖြစ်မနေ ထိတွေပြီးရင် လက်ကိုသေချာ ဆေးကြောပါ။ဘာပဲဖြစ်ဖြစ် မပေါ့ဆကြပါနဲ့။ကျနော့သားကြီးမှာ ယခုလို လက္ခဏာတွေ့ရတာ ၂ ရက်ရှိပါပြီ။လက်ရှိချိန်ထိ လူကတော့ […]

Continue Reading

Fact Check: ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်စပြီး လျှပ်စစ်မီတာခတိုးကောက်မယ်ဆိုတဲ့ သတင်းမှား

ဇူလိုင် ၁ ရက်ကစပြီးတော့ လျှပ်စစ်မီတာခတွေ ၂ ဆခွဲတိုးကောက်တော့မယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းဟောင်းတစ်ခုသာဖြစ်ပါတယ်။ “မြန်မာတွင် ဇူလိုင် ၁ ရက်နေ့ကစပြီး မီတာခတိုးမြှင့်ကောက်ခံမည် မြန်မာနိုင်ငံတွင် လာမည့် ဇူလိုင် ၁ ရက် (၂၀၂၂) မှစ၍ မီတာခကို ၂ ဆခွဲတိုးမြှင့်ကောက်ခံမည်ဟု သိရ သည်”လို့ ရေးသားပြီး “Mingalarpar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၂၄၀၀ ကျော်ရှိပါတယ်။ ဈေးတက်မယ့်သတင်းမှာ “Kyaw Htay Win” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က ဖော်ပြထားဖြစ်တယ်လို့လည်း ဒီစာမျက်နှာကရေးသားထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   “Kyaw Htay Win”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာလည်းဒီအကြောင်းအရာကိုမျှဝေထားတာတွေ့ရပြီး ၁၄ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း […]

Continue Reading

Fact Check: ဆရာမတွေ ABCD သီချင်းဆိုနေတဲ့ဒီဗွီဒီယိုက ၂၀၁၇ ခုနှစ်ကဖြစ်တယ်

စစ်တပ်ရဲ့ ပညာရေးအစီအစဉ်ထဲက ကမောက်ကမနိုင်တဲ့လုပ်ရပ်အဖြစ် ဆရာမအများအပြားက အင်္ဂလိပ်စာ သင်ကြားရေးနဲ့ပတ်သက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနေတဲ့ ဗွီဒီယိုဟာ ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ “မဆရာမတွေအလွတ်ကျက်နေရပီ စကစသင်ရိုးမှာ ကလေးငယ်ငယ်လေးတွေကို သင်မယ့် ABCD ကဗျာတဲ့” လို့ရေးသားပြီး “Myanmar Breaking News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက်  Google မှာပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပါ အကြောင်းအရာကိုရှာကြည့်ရာမှာ ABCD သင်ကြားရေးကဗျာစာသား ဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  အဲဒီအချိန်က အွန်လိုင်းက […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ရခိုင်ပြည်နယ်မြောက်ဦးမြို့က ရှေးခေတ်အားကစားကွင်း ဓာတ်ပုံလား- မဟုတ်ပါ

မြောက်ဦး လေးခင်းပြင်မှာရှေးခေတ်က အားကစားကွင်းဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ဂရိနိုင်ငံကဓာတ်ပုံတစ်ပုံသာဖြစ်ပါတယ်။ “မြောက်ဦး/လေးခင်းပြင်(ရတနမာန်အောင်စေတီအရှိဖက်) ရှေ့ခေတ်က  အားကစားကွင်း ပျက်စီနေပုံ ဟုတ်လား မဟုတ်လိုတော့ တူးဖော်ကြည့်မ အဖြေပေါ်ဖို့”လို့ ရေးသားထားပြီး “Ashin Sovita”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ရခိုင်လို့ရေးသားထားတဲ့တူညီတဲ့မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကိုအောက်ပါအတိုင်းတွေ့ရပါတယ်။  “အံ့သြဖွယ်ကောင်းသည့် ရှေးဂရိအားကစားကွင်း တူးဖော်မှုမပြီးမီနှင့် တူးဖော်မှုအပြီး”လို့ခေါင်းစဉ်တပ် ရေးသားထားတဲ့ Art to Fit အမည်နဲ့ ဝက်ဘ်ဆိုဒ်ကသတင်းတစ်ပုဒ်မှာ […]

Continue Reading

Fact Check: သီရိလင်္ကာနိုင်ငံက ဓာတ်ပုံကိုအသုံးပြုပြီး မန္တလေးကဆီဖြည့်နေတဲ့ မြင်ကွင်းအဖြစ်မျှဝေ

မေ ၂၅ ရက်က မန္တလေးမှာ စက်သုံးဆီထည့်နေတဲ့မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ မျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ဆီဆိုင်မှာ တန်းစီနေတဲ့ လူတွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ယနေ့ မန်း စက်သုံးဆီအခြေအနေ နိုင်ငံရေးကိုယ်နဲ့မဆိုင်သူတေကြည့်ထားကြ မေ၂၅”လို့ ရေးသားပြီး “Myo Gyi Myo Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ လောင်စာဆီဈေးအဆမတန်မြင့်တက်လာတဲ့အပြင် လောင်စာဆီကို အကန့်အသတ်နဲ့ ရောင်းချမှုနေရသလို အရောင်းဆိုင်အချို့ပိတ်ထားရပါတယ်။ သို့သော်လည်း ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ သီရိလင်္ကာနိုင်မှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာအပါအဝင် အခြေခံကျတဲ့ ပစ္စည်းတွေ […]

Continue Reading

Fact Check: Zamioculcas Zamiifolia က ကင်ဆာဖြစ်စေတယ်ဆိုပြီး သတင်းမှားပျံ့နှံ့

အိမ်မှာအလှစိုက်တဲ့ အပင်တစ်မျိုးဟာ ကင်ဆာဖြစ်စေနိုင်တဲ့အထောက်အထားတွေ့ရှိထားတာကြောင့် သတိထား ကြဖို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  “#ကင်ဆာဖြစ်စေသည်အထိအန္တရာယ်ကြီးတဲ့ဒီအိမ်တွင်းအလှစိုက်ပင်ကို အားလုံး သတိထားကြပါ”လို့ ရေးသားပြီး “Thukhita”အမည်နဲ့စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိပါတယ်။ စာထဲမှာ ဓာတ်ပုံထဲမှာပါတဲ့ အိမ်တွေမှာအလှစိုက်တဲ့အပင်ဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့မလေးရှားနိုင်ငံမှဆရာဝန်တစ်ယောက်က တွေ့ရှိခဲ့တယ်လို့ရေးသားထားပြီး ကလေးတွေလက်လှမ်းမမှီတဲ့နေရာမှာ ထားကြဖို့ တရုတ်သတင်းစာကြီးတစ်စောင်မှလည်းသတိပေး ဖော်ပြခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ အပင်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီအပင်ဟာ သိပ္ပံအမည် zamioculcas zamiifolia လို့ခေါ်တဲ့ အပင်ဖြစ်တာတွေ့ရပါတယ်။ အတိုခေါက်အားဖြင့် ZZ plant သို့မဟုတ် Zanzibar Gem […]

Continue Reading

Fact Check: ဖားပြုတ်ကိုက်လို့သေဆုံးဆိုတဲ့သတင်းဟောင်း ပျံ့နှံ့မှုအားကောင်းနေ

၂၀၁၈ ခုနှစ်အတွင်းပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖားပြုတ်ကိုက်လို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်က အမျိုးသမီးတစ်ယောက်အကြောင်းဟာ လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်ဖြန့်ဝေမှုတွေရှိလာပြီးနောက် ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ “ထမီအောက်၀င်နေသော ဖားပြုပ် အကိုက်ခံရ၍ အမျိုးသမီးတစ်ဦးtay ဆုံးမှု ဖျာပုံမြို့နယ်၌ ဖြစ်ပွား”လို့ခေါင်းစဉ်တပ်ရေးသားထားပြီး “ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ၊ချောင်းတွင်း ကျေးရွာအုပ်စု၊ ရွာမ(၁)တွင် ဧပြီလ (၁၇)ရက် မွန်လွဲ ၃ နာရီခွဲ အချိန်ခန့်က အသက် (၂၆)နှစ်အရွယ် မစုစုဝင်း ဟာ ထမီအောက်မှာဝင်နေတဲ့ ဖားပြုပ်အကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီသတင်းဟာ ၂၀၁၈ ဧပြီ ၁၈ ရက်က […]

Continue Reading