Fact Check: မန္တလေးမှာ အောက်စီဂျင်လာယူတဲ့သူတွေကို NLD ပါတီဝင်တွေက တားဆီးပုံလား- မဟုတ်ပါ

မန္တလေးမှာ အောက်စီဂျင်လာယူတဲ့သူတွေကို NLD ပါတီဝင်တွေက တားဆီးပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  “ဒီည မန္တလေး ၅၁ လမ်းမှာ အစိုးရကပေးနေတဲ့ အောက်စီဂျင်ကို အသက်ရှင်ဖို့သေရေးရှင်ရေးအတွက် အရေး တကြီးလိုနေတဲ့ ပြည်သူတွေမရအောင် တာနီဘန် NLD တွေက အောက်စီဂျင်သပိတ်ဆိုပြီး အောက်စီဂျင် လာယူ တဲ့ ပြည်သူတွေကို မယူဖို့ တားဆီးတာတွေပြုလုပ်ကြတယ်။ သွေးပျက်အောင် အံသြမိတယ်။”လို့ ရေးသားပြီး “Ye Htoo Yt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇူလိုင် ၁၈ ရက်အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်ပုံလား-မဟုတ်ပါ

ပြည်တွင်းမှာသေဆုံးသူတွေကို မြှုပ်နှံသဂြိုဟ်နေရမှုအခြေအနေအဖြစ် သေဆုံးသူတွေကို သဂြိုဟ်နေဟန်ရှိတဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  ပြည်တွင်းမှာ ကိုဗစ်ကြောင့် သေဆုံးမှု အဆမတန်မြင့်တက်လာနေပြီး ရန်ကုန်က သုဿန်တွေမှာ ရုပ်အလောင်း တွေကို ဖြစ်က တတ်ဆန်းကထားရှိတာ၊ မနိုင်မနင်း သဂြိုဟ်နေရတာတွေကို ပြည်တွင်းသတင်းမီဒီယာတွေ မှာဖော်ပြထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံတစ်ချို့မှာ မြန်မာနိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးရသူတွေကို နေရာတစ်ခုမှာ စနစ်တကျ စုစည်းသဂြိုဟ်နေပုံတွေဖြစ်ပါတယ်။ “ပြည်ပမဟုတ်ဖူးနော် ပြည်တွင်း”လို့ ရေးသားပြီး “Aung Than”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ၂ ရက်အတွင်း ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၁ သောင်း ၂ ထောင်ရှိ ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ သတင်းတုသတင်းမှား

အင်းစိန်ထောင်မီးလောင်ပြီး အကျဉ်းသားတွေ ထွက်ပြေးတယ်လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့(youtube)စာမျက်နှာနဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ အခြားလွတ်လပ်သော သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရပါဘူး။  “ပညာ ပန်း ခင်း”ဖေ့စ်ဘွတ်အသုံးပြုသူက အထက်ပါဆိုလိုရင်းပါတဲ့ ဘလော့ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၁၁၂ ကြိမ်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  “Myanmar Life Channel” အမည်နဲ့ youtube စာမျက်နှာမှာလည်း “အင်းစိန်ထောင် လောင်ပြီ ထောင်သားတွေ ထွက်ပြေး”လို့ ရေးသားပြီး ဇူလိုင် ၂၃ ရက်က ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီဗွီဒီယိုကို […]

Continue Reading

Fact Check: တမူးမှာပစ်သတ်ခံရတဲ့ လူငယ် ၄ ဦးကို သေဒဏ်ကျခံရတဲ့ ညီအကို ၄ ဦးအဖြစ်ဖော်ပြ

သေဒဏ်ကျခံထားရတဲ့ ညီအစ်ကို လေးယောက်ကို သတ်ပစ်လိုက်ပြီလို့ ရေးသားပြီး လူငယ် ၄ ယောက်ရဲ့ နာရေး အခမ်းအနားတစ်ခုဓာတ်ပုံနဲ့အတူ မျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က စစ်တပ်ရဲ့ သေဒဏ်ပေးခံရတဲ့ ညီအကို ၄ ယောက် အကြောင်းဟာ လူအများအကြားရေပန်းစားခဲ့တဲ့ သတင်းတစ်ပုဒ်ပါ။  သို့သော်လည်း  အခု သေဒဏ်ကျခံရတဲ့ ညီအကို ၄ ယောက်ကို သတ်လိုက်ပြီးဆိုတဲ့ ဒီဓာတ်ပုံဟာ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ စစ်တပ်ကပစ်သတ်ခြင်းခံရတဲ့ လူငယ် ၄ ယောက်ရဲ့ နာရေးအခမ်းအနားဖြစ်ပါတယ်။ “Rip. ပါအကိုတို့ရာ😭😭😭😭 ကောင်းရာဘုံဘဝရောက်ပါစေ🙏🙏 Crd”လို့ရေးသားပြီး “The Note News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဖေ့စ်ဘွတ်ပို့စ် screenshot တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: လောက်သေရွက်က ကိုဗစ်ကို ကုသနိုင်သလား- လုံလောက်တဲ့ အထောက်အထားမရှိပါ

လောက်သေရွက်ကြိုသောက်ရင် ကိုဗစ်-၁၉ ပျောက်တယ်လို့ရေးသားထားတဲ့ ပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူအမြောက်အများက မျှဝေလျှက်ရှိပါတယ်။  “ရေဆေးပြီး လောက်သေရွက်ကို ၁၀ သားချိန်ရွယ်ပြီး တစ်နေ့၃ကြိမ် ၃ခွက်၁ခွက်တင်ကြိုပြီသောက်ပါ။ တစ်ရက်အတွင်း ကိုဗစ် ပိုးတွေအကုန်သေပြီး ရောဂါလုံးဝကိုသက်သာပါတယ်လို့ … ကိုဗစ်ဖြစ်ပြီးလို့ လောက်သေရွက်ကြိုသောက်တဲ့ သူတွေပြောပြလို့သိရသလို ဘုန်းဘုန်းလည်း ကိုယ်တိုင် ကိုဗစ်ထိ၍ ကိုယ်တိုင်သောက်၍ ကိုယ်တိုင်ပျောက်ခဲ့ပါတယ်။’’လို့စသည်ဖြင့် ရေးသားပြီး “အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဖေ့စ်ဘွတ်ပို့စ်ကို တစ်ရက်အတွင်း ပြန်လည်မျှဝေမှု ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဒီလိုတွေ့ရှိတဲ့သူအဖြစ် အရှင်သုဇန(မဟာမြိုင်-မန္တလေး)09440055117 ဆိုပြီတော့ လည်းရေးသားထားပါတယ်။  ဒီပို့စ်ကို “Phyo Wai Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည် မျှဝေမှုပေါင်း ၁ သောင်း ၂ ထောင်ရှိပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ […]

Continue Reading

Fact Check: ကွမ်းရွက်၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားရောနှောစားရင် ကိုဗစ်ပျောက် သလား-အထောက်အထားမရှိပါ

ကွမ်းရွက်ကို နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားရောပြီး စားရင် ကိုဗစ်-၁၉ ရောဂါပျောက်စေတယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ သို့သော်လည်း ဒီပါဝင်ပစ္စည်းတွေဟာ ကိုဗစ်-၁၉ ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ အထောက်အထား Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။  “သတင်းကောင်းပါ…နောက်တမျိုးဆေး ကိုဗစ်ဖြစ်နေသူရော…ကိုဗစ်ကာကွယ်သူရော အထူးဆေးရ ပါပြီ. …အခုနည်းပြထားတဲ့…အတိုင်းပြုလုပ်ပါ……ဆား…စနွန်းမှုန့်….ကြက်သွန်ဖြူ…..အဲဒိသုံးမျိုးကိုထဲ့ပြီး….စားပါ….အရည်ကို…..မျိုချပါ…..မနက်…တစ်….နေလယ်…တစ်…ညတစ်ခါ…တစ်နေ့…..သုံးချိန်မီဝဲသုံးဆွဲပါ ကြာကြာ ငုံပြီး….အရည်ကိုမျိုချပေးရင်…ပို၍ ထိယောက်ပါတယ်…….. ယုံယုံကြည်ကြည်နဲ့……ပြုလုပ်ပါ…. ကိုဗစ်ရောဂါ………၃…ရက်ဆို….ပြောက်ကင်းပါသည်……၃..ရက်ဆို….ပိုးသေသွားပြီ တကယ်သေခါပေါက်… ပိုသေတယ်ဗျ…”စသည်ဖြင့် ရေးသားထားတဲ့ပို့စ်ကို “Kyaw Htet Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ ပျံ့နှံ့မှူအားကောင်းတဲ့ တူညီတဲ့ အရေးအသားနဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization- […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သားတွေရှိရာ ပြန်လိုတယ်လို့ တောင်းဆိုခဲ့ကြောင်းတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေ လျှက်ရှိပါတယ်။ ဒီလိုမျှဝေရာမှာ 7day သတင်းဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်ကမျက်နှာဖုံးအဖြစ် ပုံနှိပ်ဖော်ပြထားတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒေါ်အောင်ဆန်း စုကြည်က အင်္ဂလန်သို့ အပြီးပြန်လိုတယ်လို့လည်း ပြောကြောင်း ရေးသားထားပါတယ်။ “ဆိုလိုတာက စစ်တပ်ကိုအာဏာရအောင်လုပ်ပေးခဲ့ပေးပြီ၊ (၅)နှစ်တာကာလ ရသမျှလည်းစုဆောင်းခဲ့ပြီးပီ ဆိုတော့ အပြီးပြန်တော့မယ်ပေါ့ ပြည်သူတွေကတော့ ခံကြပေဦးပေါ့”လို့ ရေးသားပြီး “ေစာ ေဒ ဝီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီဗွီဒီယိုက စစ်တပ်ကဆောက်လုပ်ထားတဲ့ Quarantine စင်တာမှာ တုတ်နဲ့ ရိုက်နှက်နေတဲ့ဗွီဒီယိုမဟုတ်ပါ

မြန်မာနိုင်ငံက စစ်တပ်ဆောက်လုပ်ပေးထားတဲ့ Quarantine စင်တာမှာ စောင့်ကြည့်ခံနေရသူတွေကို တုတ်နဲ့ ရိုက်ပြီး အဖြစ်ပေးနေတဲ့ ဗွီဒီယိုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေ လျှက်ရှိပါတယ်။ စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “လာ နောက်တစ်ယောက်လာ။ မင်းတို့ငါ ကောင်းကောင်း မွန်မွန်ထားတာ သိလား”စတဲ့ မြန်မာဘာသာနဲ့ စကားပြောသံလည်းကြားရပါတယ်။ ဒီဗွီဒီယိုကို ” စ က စ ဆောက် လုပ် ပေး တဲ့ Q centar  အ ခြေ အ နေ  😳😳😳 DNB “လို့ ရေးသားပြီး “Hugawng Tawba”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၄ သောင်း ၆ ထောင်ရှိပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

Fact Check: ကိုဗစ်ကုသရေးပစ္စည်းတွေ တင်သွင်းခွင့် ပိတ်ပင်တာဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ဆိုတဲ့ သတင်းတု

ကိုဗစ်-၁၉(COVID-19)ကုသရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်မှုဟာ အကြမ်းဖက်စစ်ကောင်စီက လူမျိုးတုန်း သတ်ဖြတ်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တယ်ဆိုပြီးတော့ screenshot ဓာတ်ပုံပို့စ် တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  ဒီသတင်းဟာ မှားယွင်းပါတယ်။ ကုလသမဂ္ဂက ဒီလိုထုတ်ပြန်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရဘဲ မျှဝေနေတဲ့ screenshot ဟာလည်း ကုလသမဂ္ဂရဲ့ တွစ်တာစာမျက်နှာကို တုပထားတဲ့ စာမျက်နှာတစ်ခု သာဖြစ်တာတွေ့ရပါတယ်။ “ကုလသမဂ္ဂမှထုတ်ပြန်ထားပြီ ကိုဗစ်၁၉ နဲ့ပါတ်သတ်ပြီး ဆေးဝါး အထောက်အကူပြုအသုံးအဆောင် တွေကိုတားဆီးပိတ်ပင်ခြင်းဟာ လူမျိုးတုန်းသတ်ဖြတ်ခြင်းနဲ့ အကျုံးဝင်တယ်လို့ထုတ်ပြန်”လို့ ရေးသားပြီး “ဦးအောင် ဇော်” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဇူလိုင် ၁၂ ရက်က ဒီဓာတ်ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁ထောင်ဝန်းကျင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading

Fact Check: ဆိုင်ကယ်ပေါ်မှာ အောက်စီဂျင်ပေးပြီးခေါ်သွားတဲ့ ဒီကလေးပုံက မြန်မာ နိုင်ငံက မဟုတ်ပါ

ဆိုင်ကယ်တစ်စီးပေါ်မှာ အောက်စီဂျင်အိုးတင်ကာ ကလေးငယ်ကို အောက်စီဂျင်းပေးပြီး အမျိုးသမီး တစ်ယောက် က ပွေ့ချီလျှက် ဆိုင်ကယ်စီးသွားတာတဲ့ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်သဖွယ်မျှဝေထားရာမှာ ဖေ့စ်ဘွတ် အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့လည်းသက်ဆိုင်ခြင်းမရှိသလို လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်ဆိုင်ခြင်းမရှိပဲပါဘူး။ “မင်းအောင်လှိုင်ရယ် မင်းမြေးလေးတွေ ကျမ္မာပါစေကွာ”လို့ ရေးသားပြီး “Khin Maung Htay” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်  ၁ သောင်း ၁ထောင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီပို့စ်ရဲ့အောက်က မှတ်ချက်တွေကို […]

Continue Reading