Fact Check: ဖိလစ်ပိုင်နိုင်ငံကပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံများကို NUG က PDF တွေကို သင်တန်း ပေးပုံအဖြစ်မျှဝေ
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ အထူးလေ့ကျင့်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ (PDF)ဝင်တွေလို့ ရေးသားလျက် စစ်ရေးလေ့ကျင့်နေတဲ့ စစ်သားဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံပြုသူ အများ အပြား ပြန်လည် မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံက စစ်ရေးလေ့ကျင်မှု ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “NUG မှ အထူးလေ့ကျင့်ပေးထားတဲ့ PDF တော်ဝင်တပ်ဖွဲ့များ။”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသမီးတွေ သေနတ်ပစ်လေ့ကျင့်နေတဲ့ ဓာတ်ပုံမှာ Hugot […]
Continue Reading
