Fact Check: လောက်သေရွက်က ကိုဗစ်ကို ကုသနိုင်သလား- လုံလောက်တဲ့ အထောက်အထားမရှိပါ

လောက်သေရွက်ကြိုသောက်ရင် ကိုဗစ်-၁၉ ပျောက်တယ်လို့ရေးသားထားတဲ့ ပို့စ်ကို လူမှုကွန်ယက် အသုံးပြုသူအမြောက်အများက မျှဝေလျှက်ရှိပါတယ်။  “ရေဆေးပြီး လောက်သေရွက်ကို ၁၀ သားချိန်ရွယ်ပြီး တစ်နေ့၃ကြိမ် ၃ခွက်၁ခွက်တင်ကြိုပြီသောက်ပါ။ တစ်ရက်အတွင်း ကိုဗစ် ပိုးတွေအကုန်သေပြီး ရောဂါလုံးဝကိုသက်သာပါတယ်လို့ … ကိုဗစ်ဖြစ်ပြီးလို့ လောက်သေရွက်ကြိုသောက်တဲ့ သူတွေပြောပြလို့သိရသလို ဘုန်းဘုန်းလည်း ကိုယ်တိုင် ကိုဗစ်ထိ၍ ကိုယ်တိုင်သောက်၍ ကိုယ်တိုင်ပျောက်ခဲ့ပါတယ်။’’လို့စသည်ဖြင့် ရေးသားပြီး “အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဖေ့စ်ဘွတ်ပို့စ်ကို တစ်ရက်အတွင်း ပြန်လည်မျှဝေမှု ၁ သောင်းဝန်းကျင်ရှိပါတယ်။ ဒီလိုတွေ့ရှိတဲ့သူအဖြစ် အရှင်သုဇန(မဟာမြိုင်-မန္တလေး)09440055117 ဆိုပြီတော့ လည်းရေးသားထားပါတယ်။  ဒီပို့စ်ကို “Phyo Wai Aung Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည် မျှဝေမှုပေါင်း ၁ သောင်း ၂ ထောင်ရှိပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ […]

Continue Reading

Fact Check: ကွမ်းရွက်၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားရောနှောစားရင် ကိုဗစ်ပျောက် သလား-အထောက်အထားမရှိပါ

ကွမ်းရွက်ကို နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ဆားရောပြီး စားရင် ကိုဗစ်-၁၉ ရောဂါပျောက်စေတယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေလျှက်ရှိပါတယ်။ သို့သော်လည်း ဒီပါဝင်ပစ္စည်းတွေဟာ ကိုဗစ်-၁၉ ပျောက်ကင်းစေနိုင်တယ်ဆိုတဲ့ အထောက်အထား Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။  “သတင်းကောင်းပါ…နောက်တမျိုးဆေး ကိုဗစ်ဖြစ်နေသူရော…ကိုဗစ်ကာကွယ်သူရော အထူးဆေးရ ပါပြီ. …အခုနည်းပြထားတဲ့…အတိုင်းပြုလုပ်ပါ……ဆား…စနွန်းမှုန့်….ကြက်သွန်ဖြူ…..အဲဒိသုံးမျိုးကိုထဲ့ပြီး….စားပါ….အရည်ကို…..မျိုချပါ…..မနက်…တစ်….နေလယ်…တစ်…ညတစ်ခါ…တစ်နေ့…..သုံးချိန်မီဝဲသုံးဆွဲပါ ကြာကြာ ငုံပြီး….အရည်ကိုမျိုချပေးရင်…ပို၍ ထိယောက်ပါတယ်…….. ယုံယုံကြည်ကြည်နဲ့……ပြုလုပ်ပါ…. ကိုဗစ်ရောဂါ………၃…ရက်ဆို….ပြောက်ကင်းပါသည်……၃..ရက်ဆို….ပိုးသေသွားပြီ တကယ်သေခါပေါက်… ပိုသေတယ်ဗျ…”စသည်ဖြင့် ရေးသားထားတဲ့ပို့စ်ကို “Kyaw Htet Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ ပျံ့နှံ့မှူအားကောင်းတဲ့ တူညီတဲ့ အရေးအသားနဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization- […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သားတွေရှိရာ ပြန်လိုတယ်လို့ တောင်းဆိုခဲ့ကြောင်းတယ်ဆိုတဲ့ ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မျှဝေ လျှက်ရှိပါတယ်။ ဒီလိုမျှဝေရာမှာ 7day သတင်းဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်ကမျက်နှာဖုံးအဖြစ် ပုံနှိပ်ဖော်ပြထားတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒေါ်အောင်ဆန်း စုကြည်က အင်္ဂလန်သို့ အပြီးပြန်လိုတယ်လို့လည်း ပြောကြောင်း ရေးသားထားပါတယ်။ “ဆိုလိုတာက စစ်တပ်ကိုအာဏာရအောင်လုပ်ပေးခဲ့ပေးပြီ၊ (၅)နှစ်တာကာလ ရသမျှလည်းစုဆောင်းခဲ့ပြီးပီ ဆိုတော့ အပြီးပြန်တော့မယ်ပေါ့ ပြည်သူတွေကတော့ ခံကြပေဦးပေါ့”လို့ ရေးသားပြီး “ေစာ ေဒ ဝီ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: ဒီဗွီဒီယိုက စစ်တပ်ကဆောက်လုပ်ထားတဲ့ Quarantine စင်တာမှာ တုတ်နဲ့ ရိုက်နှက်နေတဲ့ဗွီဒီယိုမဟုတ်ပါ

မြန်မာနိုင်ငံက စစ်တပ်ဆောက်လုပ်ပေးထားတဲ့ Quarantine စင်တာမှာ စောင့်ကြည့်ခံနေရသူတွေကို တုတ်နဲ့ ရိုက်ပြီး အဖြစ်ပေးနေတဲ့ ဗွီဒီယိုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ပေါင်းများစွာမျှဝေ လျှက်ရှိပါတယ်။ စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “လာ နောက်တစ်ယောက်လာ။ မင်းတို့ငါ ကောင်းကောင်း မွန်မွန်ထားတာ သိလား”စတဲ့ မြန်မာဘာသာနဲ့ စကားပြောသံလည်းကြားရပါတယ်။ ဒီဗွီဒီယိုကို ” စ က စ ဆောက် လုပ် ပေး တဲ့ Q centar  အ ခြေ အ နေ  😳😳😳 DNB “လို့ ရေးသားပြီး “Hugawng Tawba”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ပေါင်း ၄ သောင်း ၆ ထောင်ရှိပါတယ်။ တူညီတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

Fact Check: ကိုဗစ်ကုသရေးပစ္စည်းတွေ တင်သွင်းခွင့် ပိတ်ပင်တာဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ဆိုတဲ့ သတင်းတု

ကိုဗစ်-၁၉(COVID-19)ကုသရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်မှုဟာ အကြမ်းဖက်စစ်ကောင်စီက လူမျိုးတုန်း သတ်ဖြတ်နေတာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တယ်ဆိုပြီးတော့ screenshot ဓာတ်ပုံပို့စ် တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  ဒီသတင်းဟာ မှားယွင်းပါတယ်။ ကုလသမဂ္ဂက ဒီလိုထုတ်ပြန်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရဘဲ မျှဝေနေတဲ့ screenshot ဟာလည်း ကုလသမဂ္ဂရဲ့ တွစ်တာစာမျက်နှာကို တုပထားတဲ့ စာမျက်နှာတစ်ခု သာဖြစ်တာတွေ့ရပါတယ်။ “ကုလသမဂ္ဂမှထုတ်ပြန်ထားပြီ ကိုဗစ်၁၉ နဲ့ပါတ်သတ်ပြီး ဆေးဝါး အထောက်အကူပြုအသုံးအဆောင် တွေကိုတားဆီးပိတ်ပင်ခြင်းဟာ လူမျိုးတုန်းသတ်ဖြတ်ခြင်းနဲ့ အကျုံးဝင်တယ်လို့ထုတ်ပြန်”လို့ ရေးသားပြီး “ဦးအောင် ဇော်” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဇူလိုင် ၁၂ ရက်က ဒီဓာတ်ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁ထောင်ဝန်းကျင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading

Fact Check: ဆိုင်ကယ်ပေါ်မှာ အောက်စီဂျင်ပေးပြီးခေါ်သွားတဲ့ ဒီကလေးပုံက မြန်မာ နိုင်ငံက မဟုတ်ပါ

ဆိုင်ကယ်တစ်စီးပေါ်မှာ အောက်စီဂျင်အိုးတင်ကာ ကလေးငယ်ကို အောက်စီဂျင်းပေးပြီး အမျိုးသမီး တစ်ယောက် က ပွေ့ချီလျှက် ဆိုင်ကယ်စီးသွားတာတဲ့ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်သဖွယ်မျှဝေထားရာမှာ ဖေ့စ်ဘွတ် အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့လည်းသက်ဆိုင်ခြင်းမရှိသလို လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်ဆိုင်ခြင်းမရှိပဲပါဘူး။ “မင်းအောင်လှိုင်ရယ် မင်းမြေးလေးတွေ ကျမ္မာပါစေကွာ”လို့ ရေးသားပြီး “Khin Maung Htay” အမည်နဲ့ ဖေ့စ် ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက်  ၁ သောင်း ၁ထောင်ရှိပါတယ်။ အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီပို့စ်ရဲ့အောက်က မှတ်ချက်တွေကို […]

Continue Reading

Fact Check: မူးယစ်ဆေးဖြစ်စေတာကြောင့် ထန်းသီးတွေကို မီးရှို့နေပုံလား-မဟုတ်ပါ

ထန်းသီးဟာ မူးယစ်ဆေးအမျိုးမျိုးရဲ့ အရင်းအမြစ်အဖြစ် တွေ့ရှိရတဲ့အတွက် ရဲတပ်ဖွဲ့၊မီးသတ်နဲ့ သစ်တော ဦးစီး ဌာနတို့ ပူးပေါင်းပြီး ထန်းပင်နဲ့ ထန်းသီးတွေကို မီးရှို့ဖျက်စီးနေတဲ့ပုံလို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြု ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီလိုမျှဝေထားတဲ့ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာ သာပေါင်းမြို့နယ်မှာ မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်နေခြင်းဖြစ်ပါတယ်။ “မူးယစ်ဆေးအစ ထန်းရည်ကဖြစ်လို့ ထန်းသီးများကို သစ်တောဦးစီးမှမီးရှို့ဖျက်စီး ******************************************** မူးယစ်ဆေးများဖြစ်ကြသော WY၊ ၈၈၊ တစ်ခုလို၊ ရေခဲ၊ အသီး၊ ကြယ်သီး၊ ရာမ၊ ရာဘ၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ ၉၂၊ ၉၄၊ ‌မြင်းဆေး၊ ဆေးခြောက်နှင့်အခြား စိတ်ကြွဆေးအမျိုးမျိုး အစရှိသည်တို့ကို လူငယ်များသုံးစွဲမှုလျော့နည်းလာစေရန်နှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုပိုမိုထိရောက်လာစေရန်အတွက် သစ်တောဦးစီးဌာနမှ မူးယစ်ဆေးအမျိုးမျိုးတို့၏ ဇာတ်မြှစ်ကိုသုသေသနပြုစမ်းသပ်လေ့လာကြည့်ရာ ထန်းသီးမှထွက်သောထန်းရည်ဖြစ်နေကြောင်းကိုသိရှိခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ […]

Continue Reading

Fact Check: မကွေးမှာ ဆန္ဒပြရင်း ပစ်ခတ်ခံရပြီး လက်ဖြတ်ခဲ့ရသူကို မုံရွာက ဗုံးလုပ်လို့ ပေါက်ကွဲပြီး လက်ပြတ်တဲ့လူငယ်အဖြစ်သတင်းမှားဖြန့်ဝေ

လက်တစ်ဖက်ချို့ယွင်းနေပြီး အခြားခြေထောက်တစ်ချောင်းမှာလည်း ပတ်တီးစည်းလျက် လူငယ်တစ်ယောက်ကို ဆေးရုံကုတင်တစ်ခုမှာ အစာခွံကျွေးနေတဲ့ဓာတ်ပုံနဲ့အတူ မုံရွာမှာ ညက လက်လုပ်မိုင်းလုပ်ရင် ပေါက်ကွဲပြီး လက်ပြတ်သွားတဲ့ လူငယ်တစ်ယောက်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံထဲက လူငယ်ဟာ မတ် ၂၇ ရက်က မကွေးမြို့မှာ ဆန္ဒပြရင် စစ်တပ်က ပစ်ခတ်တဲ့ ကျဉ်ဆံထိမှန်ပြီး လက်ဖြတ်လိုက်ရတဲ့ ကိုလျှံဖြိုးအောင်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “မုံရွာ ညက လက်လုပ်မိုင်းစမ်းရင်း ပေါက်ကွဲ၍ လက်ပြတ်သွားသော Gz ယခု တပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပါသည်။ ထို့နောက်…… မုံရွာ ကံကောင်းပါစေ…. ။ crd”လို့ ရေးသားပြီး “Lion Min”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားပါတယ်။အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: စစ်အာဏာသိမ်း ဆန့်ကျင်ခဲ့တဲ့သူတွေက ကာချုပ်ကို ဆုတောင်းပေးခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ

စစ်တပ်အာဏာသိမ်းဆန့်ကျင်ခဲ့တဲ့ လူတွေက ထောင်ကလွတ်လာပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကျန်းမာပါစေလိုဆုတောင်းပေးခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ လည်ကတုံးအင်္ကျီအဖြူဝတ်အမျိုးသားတစ်ယောက်ကို ပွေ့ဖက်နေ တဲ့မြင်ကွင်းများ၊လွတ်မြောက်လာသူတစ်ဦးက အင်တာဗျူးဖြေနေပုံနဲ့ လာရောက်ဝန်းရံသူအချို့က “ကာချုပ်ကြီးကျန်းမာပါစေ”ပါစေလို့လည်း အော်ဟစ်မှုစတာတွေပါဝင်ပါတယ်။ ဒီလိုပြောဆိုချက်ဟာ မှန်ကန်မှုမရှိပါဘူး။ ဒီဗွီဒီယိုဖိုင်ဟာ စစ်တပ်က အာဏာရယူအပြီး ဖေဖော်ဝါရီ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ စစ်တပ်ကို ထောက်ခံသူတစ်ဦးရဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ အကျဉ်းထောင်တွေကနေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့အဖမ်းရသူ အများစု ပါဝင်တဲ့ အကျဉ်းသား ၂၀၀၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်။ ဒီလိုအခြေအနေမှာ “Thar Wa” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “”ကာချုပ်ကြီး ကျန်းမာပါစေ” ဆိုတဲ့စကားသံကို အာဏာထိန်းလို့ တော်လှန်မယ် ဆိုတဲ့သူတွေက ပြိုင်တူအော်နေတာဆိုတော့လဲ စိတ်စေတနာ အမှန်ဆိုရင်ဒီထက်အကျိုးဖြစ်ထွန်းလာတော့မှာအမှန်ပါပဲဗျာ […]

Continue Reading

Fact Check: စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်က သူလျိုမှုနဲ့ ဖမ်းဆီးခံရတယ်လို့ သတင်းတုသတင်းမှားဖြန့်

စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်မှာ သူလျိုလုပ်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားမျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဧရာဝတီသတင်းဌာနက သတင်းဖော်ပြချက် screenshot ပုံလည်းပါဝင်ပါတယ်။ ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပြီး စစ်တပ်ကို ဆန့်ကျင်သူ ဖေ့စ်ဘွတ်နာမည်ကြီး အိပန်ဆယ်လိုဟာ သူရဲ့ နောက်ထပ် ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်တဲ့ “Pencilo on Earth”ကနေ ဒီကနေ့ live လွှင့်ပြီး ဒီသတင်းတွေက မဟုတ်မမှန်ဘူးလို့ ရှင်းလင်းခဲ့ပြီးတာတွေ့ရပါတယ်။ ဧရာဝတီသတင်းဌာနကလည်း သူအဖမ်းခံရတယ်လို့ သတင်းရေးသားခဲ့ခြင်းမရှိတာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ “စာရေးဆရာမ အိပန်ဆယ်လို သူလျိုမှုဖြင့် အမေရိကန် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရ”လို့ ဧရာဝတီသတင်းဌာနက ဖော်ပြတယ်ဆိုတဲ့ screenshots နဲ့အတူ “Myanmar News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားပါတယ်။အလားတူ ရေးသားဖြန့်ဝေမှုတွေကို […]

Continue Reading