Fact Check: အိန္ဒိယမှာ ကိုဗစ်ကြောင့်လဲကျနေတဲ့မြင်ကွင်းမဟုတ်ပါ။ Vizag ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူတွေမူးလဲကျတဲ့မြင်ကွင်းဖြစ်ပါတယ်

Covid 19 ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့အိန္ဒိယနိုင်ငံရဲ့ လက်ရှိအခြေအနေအဖြစ် လမ်းတွေပေါ်မှာ လူအတော်များများလဲကျခဲ့တဲ့အခြေအနေ၊ ကူညီကယ်ဆယ်ရေးကားသံတွေပါဝင်တဲ့ ဗွီဒီယိုဖိုင်နဲ့ အတူ ရေးသားမျှဝေလျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ ၂ မိနစ်နဲ့ ၈ စက္ကန့်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ သွားရင်းလာရင်းနဲ့ လူတွေလမ်းမပေါ်မှာ လဲကျနေပုံကို ရိုက်ပြထားပြီး ကူညီကယ်ဆယ်ရေးကားြသဆွဲသံတွေ လူအများအပြားမြေပြင်မှာလဲကျနေတဲ့ အချို့ပါဝင်ပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ဟာ ကိုဗစ်ကပ်ရောဂါပိုးနဲ့သက်ဆိုင်ခြင်းမရှိဘဲ အိန္ဒိယမှာ ပလက်စတစ်စက်ရုံက ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူအများအပြား မူးဝေလဲကျခဲ့ခြင်းဖြစ်စဉ်ကို ရိုက်ပြထားတဲ့ ဗွီဒီယိုဖိုင် ဖြစ်ပါတယ်။  “Covid 19 ဒုတိယလှိုင်း ရိုက်ခတ်မှုကို အလူးလဲခံစားနေရတဲ့ ယခုလက်ရှိအိန္ဒိယနိုင်ငံရဲ့ အခြေအနေ။ (မူရင်းအရေးအသား)”လို့ “T Media”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာ ဝန်းကျင်ရှိပါတယ်။ […]

Continue Reading

Fact Check: ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ပတ်သက်တဲ့ သတင်းတု

မုံရွာက ဆန္ဒပြပွဲတွေမှာတက်တက်ကြွကြွပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဝေမိုးနိုင်အဖမ်းခံရအပြီးမှာ သူဟာ မူးယစ်ဆေးစွဲနေသူ၊ မူးယစ်ဆေးရောင်းသူအဖြစ် ရေးသားထားတဲ့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလာ တာတွေ့ရပါတယ်။ သို့သော်လည်း ဒီအချက်အလက်တွေဟာ အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။ “မုံရွာဆူပူအုံကြွမှု သပိတ်ခေါင်းဆောင် ဝေမိုးနိုင် အား သွေး၊ဆီး စစ်ဆေးရာ မက်သဖက်သမင်း ခေါ် စိတ်ကြွဆေးများ နှစ်ရှည်သုံးစွဲထားကြောင်း Medical result ရရှိ ကလေး၊တမူး၊စစ်ကိုင်း၊ မန္တလေး မြို့ကြီးများသို့ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့် ရာဇဝတ်မှုပါ စစ်ကြောမေးမြန်းမှုများပြုလုပ်လျက်ရှိ”စသည်ဖြင့်ရေးသားပြီး “Arkar Toe Wai”အမည်နဲ့ ဖေစ့်ဘွတ်စာမျက်နှာ က မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ကိုဝေမိုးနိုင်ကို ဧပြီ ၁၅ […]

Continue Reading

Fact Check: ဂျော့ဖလွိုင့်ရဲ့သားကို အမေရိကန်သမ္မတက ဒူးထောက်တောင်းပန်နေပုံ လား-မဟုတ်ပါ

လူမည်းကလေးတစ်ယောက်ရဲ့ ရှေ့မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ဒူးတောင်နေဟန်ပုံနှင့်တကွ သေဆုံး သွားတဲ့ ဂျော့ဖလွိုင့်(George Floyd)ရဲ့သားငယ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်(Joe Biden)က ဒူးထောက် တောင်းပန်နေပုံလို့ ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ပေါင်းများစွာက  ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ ကာလအတွင်းပုံဖြစ်ပြီး ဂျိုးဘိုင်ဒန်ရှေ့က ကလေးဟာလည်း ဂျော့ဖလွိုင့်ရဲ့ သားမဟုတ်ပါဘူး။ “သေဆုံးသွားတဲ့ ဂျော့ဖလွိုင့် ရဲ့သားငယ် ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒူးထောက် တောင်းပန်တာပါ။ ပြောချင်တာက ဒီမိုကရေစီ စနစ်မှာပြည်သူကို ဘယ်လောက်ထိ လေးစားသလဲ ဆိုတာလေးပါ။  ဒီမိုကရေစီ စနစ် ရှင်သန်ထွန်းကား ပါစေကြောင်းပါ။ U.S president Joe Biden kneels down begging George Floyd’s son […]

Continue Reading

Fact Check: AmCham ဉက္ကဌနဲ့ ပတ်သက်တဲ့ သတင်းမှား

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်အသင်း(The American Chamber of Commerce in Myanmar -AMCHAM) ရဲ့ ဥက္ကဌ Max Talcott ဟာ စစ်တပ်ကခန့်ထားတဲ့ ဟိုတယ်ခရီးဝန်ကြီးနဲ့ မကြာခင်က တွေ့တယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားမျှ ဝေလျက်ရှိပါတယ်။ Max Talcott ဟာ အခြားသောဝန်ကြီးတွေနဲ့လည်း အပြင်မှာတွေ့ဆုံမှုရှိတယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။ “The American Chamber of Commerce in Myanmar (AMCHAM)က လက်ရှိစစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေ မလုပ်ဘူးလို့ပြောထားပေမယ့် လက်ရှိ AMCHAM ဒုဥက္ကဌ Max Talcott ဟာစစ်အုပ်စုရဲ့ ဟိုတယ်ခရီးသွားဝန်ကြီး ဦးမောင်မောင်အုန်း နဲ့ မကြာခင်က တွေ့ဆုံခဲ့ပါတယ် ဒါ့့အပြင် တခြားဝန်ကြီးတွေနဲ့လဲ ပြင်ပမှာတွေ့ဆုံမှု တွေရှိတယ်လို့ သိရပါတယ်။AMCHAM  […]

Continue Reading

Fact Check: ၂၀၁၉ ခုနှစ်အတွင်းက တိုက်ပွဲကျခဲ့တဲ့ အရာရှိတစ်ဉီးကို လက်ရှိကချင်က ဖြစ်စဉ်အဖြစ်မျှဝေ

ကချင်ပြည်နယ်က ကချင်လက်နက်ကိုင်အဖွဲ့(KIA)ရဲ့ အလောဘွမ်စခန်းကို လာရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ မြန်မာစစ်တပ်မှတပ်ရင်းမှူးအဖြစ် အရာရှိတစ်ယောက်ဓာတ်ပုံ၊ လက်နက်ခဲယမ်းပုံများနှင့်အတူရေးသား မျှဝေ ထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ဒီပို့စ်ကို ပြန်လည်မျှဝေလျက်ရှိပါတယ်။  မြန်မာစစ်တပ်ဘက်က ခလရ ၄၃၇ နဲ့ ခလရ ၃၈၇ တပ်ရင်း၂ ရင်းနဲ့ တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်ခဲ့ပေမဲ့ တပ်ရင်းမှူးအပါအဝင် တပ်ရင်း ၂ ရင်းစလုံးကျရှုံးခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ “ခွေးကောင်စီက စေလွှတ်လိုက်တဲ့ ခလရ (၄၃၇) တပ်ရင်းနဲ့ ခလရ ၃၈၇ တပ်ရင်းနှစ်ရင်းလုံးက တပ်ရင်းမှူး နှစ်ဦးလုံး ကာလနာတိုက်ကုန်ကြပြီး ခလရ ၄၃၇ တပ်ရင်းမှူးအလောင်းကိုတော့ နွမ်လျန်ရွာ မှာ ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြပေမယ့် ခလရ ၃၈၇ တပ်ရင်းမှူးကတော့ အလောင်းတောင် ပြန်မသယ်နိုင်ပဲ ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့ကြတယ်။(မူရင်းအရေးအသားအတိုင်း)”စသည်ဖြင့်ရေးသားပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လျှောက်လာတင်တုန်းကပုံကို နေပြည်တော်မှာရုံးထုတ်လာတဲ့ မြင်ကွင်းအဖြစ် မျှဝေနေ

ဧပြီ ၁၂ ရက်က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်လာတဲ့ပုံအဖြစ် ဓာတ်ပုံ ၅ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။  မျှဝေလျက်ရှိတဲ့ပို့စ်တွေမှာ အရပ်ဝတ် လုံခြုံရေးများဝိုင်းရံလျက် မရမ်းရောင်လွှမ်းမိုးတဲ့ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကားအနက်တစ်စီးပေါ်မှာ ထိုင်လျက်ပုံ၊ ကားဆီကနေ လမ်းလျှောက်ထွက် လာပုံတွေပါဝင်ပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်းလျှောက်လွှာသွားရောက်တင်စဉ်က ပုံဖြစ်ပါတယ်။ “၁၂.၄.၂၀၂၁ တနင်္လာ မနေ့က အမေစု နဲ့ သမ္မတ္တကြီးကို ရုံးထုတ်တဲ့ ပုံများ”စသည်ဖြင့်ရေးသားပြီး “Daw Hnin” အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၁၃ ရက်က မျှဝေရာမှာ ၅ နာရီအတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၄ ရာဝန်းကျင်မှ ပြန်လည်မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို […]

Continue Reading

Fact Check: NLD အလုပ်အမှုဆောင် မုံရွာအောင်ရှင်နဲ့ ဗဟိုဘဏ်ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့နဲ့ပတ်သက်တဲ့ သတင်းမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအလုပ်အမှုဆောင် မုံရွာအောင်ရှင်နဲ့ ဗဟိုဘဏ် ဒုတိယဉက္ကဌ ဦးဘိုဘိုငယ်တို့ စစ်တပ်က ဖမ်းဆီးထားစဉ်အတွင်းမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းတွေဟာ မှားယွင်းတာတွေ့ရပါတယ်။ “ 5-4-2021ရက်နေ့ကတော့အတော်ထူးခြားတဲ့ရက်ပါဘဲ။ အောင်တင်ဝမ်းဖုန်းလက်လွှတ်ခါရှိသေးနောက်Callဝင်လာတယ်။ကဗျာဆရာမုံရွာအောင်သျှင်ဆီကဖုန်း။မုံရွာအောင်သျှင် တော့မဟုတ်ဘူး။သူ့သမီးဖြစ်နေတယ်။    “ဆရာကြီးကျမမုံရွာအောင်သျှင်ရဲ့သမီးပါ။ဖေဖေဆုံးသွားပါပီ။”    “သမီးအဖေကနေပြည်တော်မှာထိန်းသိမ်းခံနေရတာမဟုတ်လား။”    “မဟုတ်ဘူး။မုံရွာမှာဆေးကုဖို့ရောက်နေရင်းဆုံးသွားတာ။”     “အော်””အေး  အေး” NLDသတင်းနဲ့ပြန်ကြားရေးအဖွဲ့ကဗျာဆရာမုံရွာအောင်သျှင်ရဲ့”ဈာပနဖိတ်စာ”ဘဲ။   ကဗျာဆရာ စာရေးဆရာကိုယ့်ညီလေးများကောင်းရာသုဂတိဘုံစံမြန်းနိုင်ပါစေသောဝ်”စသည်ဖြင့်“U Than Swe”အမည်နဲ့အကောင့် ဧပြီ ၇ ရက်က ရေးသားမျှဝေခဲ့ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ “ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ် အင်းစိန်ထောင်တွင်သေဆုံးသွားကြောင်း ကနဦးသိရှိရ CJ Credit” လို့ ရေးသားပြီး “Library News”အမည်နဲ့စာမျက်နှာကလည်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံအတွက် လက်သုံးချောင်းထောင်နေခြင်းလား-မဟုတ်ပါ

အနောက်တိုင်းဝတ်စုံဝတ်အသက်ကြီးပိုင်းအမျိုးသားတစ်ယောက် ဓာတ်ပုံနှင့်တကွ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်ဟာ မြန်မာနိုင်ငံသားတွေနဲ့အတူ ရပ်တည်ပြီး လက်သုံးချောင်းထောင်နေပုံ အဖြစ် မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ဖြစ်ပြီး လက်သုံးချောင်းထောင်တာကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်  မြန်မာပြည်သူနဲ့ ရပ်တည် 💗 ဝန်ကြီးချုပ် ကျန်းမာပါစေ 💗”လို့ရေးသားပြီး “ကိုစိုင်း မြတ်သူ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၆ ရက်က မျှဝေရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၆ ရာရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဘောလိဝုဒ် မင်းသားတွေ မြန်မာအရေးလှုပ်ရှားမှုပုံတွေလား-မဟုတ်ပါ

အိန္ဒိယနာမည်ကြီး ဘောလိဝုဒ်(Bollywood)မင်းသားတွေက မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ဖို့ လှုပ်ရှားခဲ့ကြတယ်လို့ ရေးသားပြီး ဓာတ်ပုံတွေနဲ့တကွမျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ အကြောင်းအရာအမျိုးမျိုးနဲ့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံတွေဖြစ်ကာ မြန်မာနိုင်ငံနဲ့ပတ်သက်ခြင်းမရှိတာတွေ့ရပါတယ်။ “ရှက်တတ်ရင်သေလို့ရပြီ မြန်မာ သရုပ်ဆောင်ဘောမများ 🖕🖕 အိန္ဒိယ ဘောလိဝုစ် မင်းသားကြီးများ မြန်မာပြည်သူများဘက်မှ ရပ်တည်ကုန်ကြပြီ #Chtoo”လို့ရေးသားပြီး “ဒိတ်ဒိတ် ကြဲ”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မတ် ၁၆ ရက်မှာ မျှဝေထားရာ ပြန်လည်မျှဝေသူ ၁ သောင်း ၆ ထောင်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံး ဓာတ်ပုံကို tineye မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီပုံဟာ […]

Continue Reading

Fact Check: မုဒုံမှာ ဆန္ဒပြရင်းဖမ်းဆီးခံရသူများကို ထားဝယ်က သေဒဏ်ပေးခံရသူများအဖြစ်မျှဝေ

ကြမ်းပြင်မှာ လူရွယ်အမျိုးသမီး၊အမျိုးသား ၇ ယောက်ကထိုင်လျက် ရှေ့မှာဖုန်းတစ်လုံးစီချထားတဲ့ ဓာတ်ပုံတစ်ပုံနှင့်အတူ ထားဝယ်မြို့က ဖမ်းဆီးခံထားရပြီး သေဒဏ်ပေးရတဲ့ကလေးတွေလို့ရေးသားပြီး မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ မတ် ၂၇ ရက်က မုဒုံမှာ ဆန္ဒပြသူတွေကို ဖြိုခွဲမှုအပြီး ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “၁ရက်ပဲကျန်ပါတော့တယ် 😭😭😭 Death Sentence (သေဒဏ်) တဲ့ …. 🤬🤬🤬 အယူခံဝင်ခွင့်မရှိဘဲ 15 ရက်ဘဲ အချိန်ရတယ် သူတို့အသက်ရှင်ဖို့ ကျေးဇူးပြုပြီး ဝိုင်းတင်ပေးကြပါဦး🙏😥 #ထားဝယ်မြို့ မှဖမ်းဆီးခံ ကလေးများအားလုံးကို သေဒဏ်ပေးခြင်းအား လုံးဝ ကန့်ကွက်ပါသည်။ #ပြည်သူများ #WhatsHappeningInMyanmar #SaveMyammar #crd”လို့ရေးသားပြီး “ဗီလိန်”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၃ ရက်မှာ မျှဝေထားရာမှာ […]

Continue Reading